Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေါ်မြဆန်းလင်း (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၆.၁၁.၂၀၂၅ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး (၁) ရှိ ဒေါ်မြဆန်းလင်း (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြဘုရင် အမှတ်တံဆိပ်ပါ မလိုင်ပြည့်နို့ဆီသည် နို့နှင့်နို့ ထွက်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာ သာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း (ရာဒါကောင်းဘီ)ရပ်ကွက်ရှိသောက်ရေသန့်အမျိူးမျိုးထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သည့်စားသုံးသူကိုခွဲခြားမှုမရှိဘဲဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင်စီးပွားရေးကျင့်ဝတ်၊စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းစသည့်အချက်များ၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊

   ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သောက်ရေသန့်အမျိုးမျိုးတွင် သတ်မှတ်ချက်များနှင့်အညီ  ပြည့်စုံစွာဖော်ပြပါရှိရမည့် အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးအသိပညာပေး

     ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်ပြည်တွင်း၌ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများ/စက်ရုံများ/ကုမ္ပဏီများအားစားသုံးသူများကိုဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော၊ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန်

    ၂၄.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းကာ မြစ်ကြီးနားမြို့၊ တပ်ကုန်း(ရာဒါကောင်းဘီ)ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံသို့ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်းရှင်အားအသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင်သောက်ရေသန့်လုပ်ငန်းအနေဖြင့်စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်ရယူထားပြီး   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များအား လိုက်နာဆောင်ရွက်ထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

     သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူသည် ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများ၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာဆောင်ရွက် သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကလေးနှင့်လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်လှလှဝင်း (ဒု-ဦးစီးမှူး)သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍  ၁၉.၁၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀)နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်ရှိ ကလေးနှင့် လူကြီးအာဟာရဖြည့်စွက်စာအမျိုးမျိုးအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း (၁၈) ပါ ကုန်ပစ္စည်းထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ပါ အချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍ လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့် အခြေအနေများအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၏ ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ် အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှု နည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ် ခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံ၍ အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရသည်။

          ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (တတိယပတ်)ပတ်တွင် ခရမ်းချဉ်သီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ပုပ္ပါးသီး တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသ တွင်းခရမ်းချဉ် စိုက်ပျိုးထားရှိသော စိုက်ခင်းများမှ ခရမ်းချဉ်သီး ထွက်ရှိမှုနည်း၍ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ခရမ်းချဉ်သီး ဈေးကျဆင်းခြင်းမရှိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ပခုက္ကူမြို့ကုန်စိမ်း သီးနှံ ရောင်းဝယ်ရေးဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိသောဆေးနှင့်ဆေးဝါးများကို ဝယ်ယူသုံးစွဲနိုင်ရန် အတွက် ပခုက္ကူ မြို့ပေါ်ရှိ ဆေးဆိုင် များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ် (/၂၀၁၉)နှင့် အညီပြည့်စုံစွာ ဖော်ထားမှုရှိ/မရှိ၊ ဆေးဝါးအတုများ၊ စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများအား ဈေးကွက် အတွင်းရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည်စုံမှုရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်များအား တရားဝင်တင်သွင်းထားသော ဆေးဝါးများ ကိုသာ ဆက်လက်ရောင်းချသွားရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ  ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် မိတ်ဖက်ဌာနများ ဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးန္တ ရာယ်ရှိသော ကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန်အတွက် ပခုက္ကူမြို့ပေါ်ရှိ စတိုး ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင်  ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးတစ် ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ် ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့် အညီပြည့်စုံမှုရှိ/မရှိနှင့် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များကိုလည်း သိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၌ “ဦးထက်ဝေဇော်”၏  ဆန်သိုလှောင်ရုံအား My RO တွင် မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဆန်စပါး သို လှောင်ရုံများကို MyRO Website တွင် မှတ်ပုံတင်ဆောင်ရွက်လျက်ရှိရာ (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်၊ ဧရာဝတီတံတားလမ်းရှိ ဆန် လက်လီ/ လက်ကားရောင်းချသူ  လုပ်ငန်းရှင် ဦးထက်ဝေဇော်၏ သိုလှောင်ရုံအား MyRO တွင် မှတ်ပုံတင်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ဆန်သိုလှောင်ရုံသည် ဝင်ဆံ့နိုင်သည့်ပမာဏမှာ အိတ်ရေ(၂၀၀၀၀)ခန့်ရှိပြီး သိုလှောင်ရုံ အမျိုးအစား အကြီးစားတွင် ပါဝင်ပါသည်။ သိုလှောင်ရုံအဆောက်အဦမှာ ၂၀၁၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး အလျား(၈၀)ပေ၊ အနံ(၂၀၀)ပေ၊ အမြင့်(၂၀)ပေရှိပြီး အမိုး(သွပ်) အကာ (အုတ်) အခင်း(ကွန်ကရစ်) ဖြင့် ဆောက်လုပ်ထားပါသည်။ သိုလှောင်ထားသော ဆန်အမျိုးအစားမှာ ဆန်မျိုးစုံဖြစ်ပြီး (၁၀.၁၁.၂၀၂၅)ရက်နေ့ထိ သိုလှောင်ထားရှိမှုအခြေအနေမှာ အိတ်ရေ(၈၀၀၀)ခန့် ရှိကြောင်း သိရှိရသည်။

          ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် MyRO တွင်မှတ်ပုံတင်ရန် ဆန်လုပ်ငန်းရှင်များအား MyRO Websiteအသုံးပြုနည်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဆန်လက်ကျန်များကို MyRO တွင် လစဉ်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဖြည့်သွင်းရမည်ဖြစ်ကြောင်းဆွေးနွေးပြီး စုစုပေါင်း ပခုက္ကူ ခရိုင်၌  MyRO တွင် မှတ်ပုံတင် ပြီးစီးသော ဆန်သိုလှောင်ရုံ(၄၉)လုံးရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲဖို့ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြစို့

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊  ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းတစ်ဦးသည် (၁၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသောတောင်သူကြီးမြေပဲဆုံဆီလုပ်ငန်းရှင်ထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက ဆွေးနွေးရာတွင် မြေပဲတွင် အာဖလာတောက်ဆင်မှိုဆိပ် ပါနိုင်၍ အထူးသတိပြုစေလိုကြောင်း၊ အစားအသောက်၏ အခြေခံအချက်မှာ သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်နှင့် ဘေးအန္တရာယ်ကင်းသော ကုန်ကြမ်းပစ္စည်းများကိုသာ သတိပြုသုံးစွဲစေလိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်းနှင့် ၎င်းအချက်အလက်များမှ ပုဒ်မခွဲ()ပါ ကုန်စည် ၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ()ပါ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့)ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့အား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေထည့်သွင်း ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကုန်စည် အမျိုးအစား အလိုက် သတ်မှတ်ထားသည့်ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၁၃၄)၊ အခြေခံပညာမူလတန်းကျောင်း၌   Consumer Call Center နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  ငွေစာရင်းဌာနခွဲတာဝန်ခံ ဒေါ်တင်တင်မော် နှင့်ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၂၅)အချိန်တွင် Consumer Call Center နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်း အချက်အလက်များ၊ စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းရန် တိုင်ကြားနိုင်ရန်နှင့် သိရှိလိုသည်များကို Consumer Call Center (1535)သို့ ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း ခေါ်ဆို မေးမြန်းနိုင်ကြောင်း၊ အသိပညာပေးလျက်ရှိသည့်အပေါ် ပခုက္ကူမြို့၊ အမှတ်(၁၃၄)၊ အခြေခံပညာမူလ တန်းကျောင်းရှိ  Grade-5 ကျောင်းသူ မကေသီဌေးမှ  Consumer Call Center (1535) လိုင်းခွဲ()သို့ ဖုန်းခေါ်ဆို၍ စားသုံးသူအခွင့်အရေးနှင့်တာဝန်အကြောင်းများအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ