Main menu

လွိုင်ကော်မြို့ပေါ်ရှိအလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသော အရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ အလှကုန် ပစ္စည်းအမျိုးမျိုးရောင်းချနေသော ဒေါ်လှလှသန်း၊ Honey၊ နွေကံ့ကော် အရောင်းဆိုင်(၃)ဆိုင်အား မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(  ၂/၂၀၁၉  )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော ဒေါ်လှလှသန်း၊ Honey၊ နွေကံ့ကော် အရောင်းဆိုင်( ၃ )ဆိုင်၌ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိသော အလှကုန်ပစ္စည်းများကိုသာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အလှ ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသော အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော အလှကုန်ပစ္စည်းများသာ တင်သွင်းရောင်းချကြရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းရှင်များအနေဖြင့်  အွန်လိုင်းစနစ်ဖြင့်ရောင်းချ ခြင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ခြင်း လုပ်မည်ဆိုလျှင် မိမိတို့အနေဖြင့် ချိတ်ဆက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်အလက်များ၊ လျှောက်ထားရာတွင် သတိပြုရမည့်အချက်များ၊ ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များ၊ eComReg System အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း မှတ်ပုံတင် လက်မှတ်လျှောက်ထား၊ ထုတ်ယူပုံအဆင့်ဆင့်အား အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)