Main menu

(Toe Toe) အားလူးကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

Powered by Drupal

           ၉.၂.၂၀၂၆ ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည် ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တောင်ဒဂုံမြို့နယ် (Toe Toe) အားလူးကြော်လုပ်ငန်းအား ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် (Toe Toe) အားလူးကြော်လုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက်စစ်ဆေးရေးအရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့်တိုင်းတွင်သန့်ရှင်းသပ်ရပ်မှုရှိစေရန်၊ စီးပွားရေးလုပ်ငန်းရှင်များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင်စားသုံးသူကာကွယ်ရေးဥပဒေ ပါအခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာပါရှိစေရန်နှင့် စားသုံးသူကာကွယ်‌ရေးဥပဒေပါ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေးများ၊ လိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက် နာရမည့်တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)