
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၊ နေ့လယ် (၂း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ရေးလမ်းမကြီးရှိ ရွှေလက်ရာ ပေါင်မုန့်လုပ်ငန်းများအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေ ဖြင့် ၎င်းတို့၏ကုန်စည်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်လာ စေရန် ရည်ရွယ်၍ အမှတ်တံဆိပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
