Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့ နယ် ဆန်စက်များမှ ကြီး၊ လတ်၊ ငယ် စာရင်းနှင့် MyRo မှတ်ပုံတင်ခြင်း စပါးဆန် လက်ကျန်အခြေအနေကွင်းဆင်း စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စက်နှင့် သိုလှောင်ရုံများ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီး မြို့နယ်တွင်း ဆန်စက်နှင့် သိုလှောင်ရုံများတွင် စပါးသိုလှောင်ထားရှိမှုမြေပြင်အမှန်တကယ်အခြေ အနေများ၊ စပါးဆန်ကြိတ်ခွဲမှု အခြေအနေများ၊ ဆန်စက် ကြီး၊ လတ်၊ ငယ်စာရင်း  ကို တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် (၂၈.၁.၂၀၂၆) ရက်နေ့က ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ကြသည်။

      ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြုမြို့နယ် ဆန်စက်နှင့် စပါးသိုလှောင်ရုံ (၉၃)လုံး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ပြီး မြို့နယ်တွင် မှတ်ပုံတင်ပြီးဆန်စက်နှင့် စပါးသိုလှောင်ရုံများ မြေပြင်အမှန်တကယ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုရာ မြေပြင်တွင် အမှတ်အကယ် သိုလှောင်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး၊ ဆန်စက်၊ ကြီး၊ လတ်၊ ငယ် စာရင်း များကို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရန် ကွင်းဆင်းပြီး  ဆန်/စပါး သိုလှောင်ရုံဆန်စက် ဇန်နဝါရီလ ရ၊ ထုတ်ကျန် မြေပြင် လက်ကျန်အခြေအနေများကို စာရင်းကောက်ယူခဲ့ကြပြီး ဆန်စပါး ၊ သိုလှောင်ရုံ များမှ သတ်မှတ်ချက်များနှင့်အညီ  လုပ် ဆောင်ထားရှိကြောင်း၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုကဲ့သို့ ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံပညာ‌ကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေး

     အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့်များကို ကျောင်းသား လူငယ်များ  ကျောင်းဖွင့်ရာသီတွင် ဝယ်ယူစားသုံးကြသဖြင့် ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန်အတွက် အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့် များကို စစ်ဆေးဆောင်ရွက်ရန်လိုအပ်သဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအသိပညာပေးခြင်း၊ မုန့်ဈေးတန်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မအူပင်မြို့နယ် အမှတ်၁ ရပ်ကွက် စာရေးကုန်း စည်ပင်လမ်း အ-မ-က ကျောင်းတွင် နံနက်(၀၈၁၅)နာရီအချိန်တွင် စစ်ဆေးခဲကြရာ မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်း အမှတ်အသားများပြည့်စုံ မှန်ကန်စွာဖော်ပြပါရှိမှုရှိ၊ မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုရှိ၊မရှိ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန် ပစ္စည်းများဖြစ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူတွေအနေနဲ့ အစားအသောက်မှာ သုံးစွဲရန်ခွင့်မပြုတဲ့ ဆိုးဆေးတွေကို လုံးဝ အသုံးမပြုရန်နဲ့ မုန့်ဈေးတန်း ဆိုင်ရှင်များကို အသိပေးပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန် တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

အမှတ် ၁၇ ရပ်ကွက် အ.မ.က ကျောင်း အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် တာဝန်ခံ ရုံးမှ ဦးခိုင်လွမ်းမိုးသည်  (၂၇.၁.၂၀၂၆)ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီက ဓနုဖြူမြို့နယ် (၁၇)ရပ်ကွက်ရှိ  အမက ကျောင်းတွင်   ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား အကြောင်းကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောပြီး၊ စားသုံးသူအခွင့်အရေး အမှန်တကယ် နစ်နာဆုံးရှုံးမှုများရှိလာပါက consumer call center 1535 အား ဆက်သွယ်တိုင်ကြား နိုင်ကြောင်း နှင့် စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောက်မြို့၌ ဆန်၊ ဆီများကို သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီများကို သတ်မှတ်ညွှန်ကြားချက်များ နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၂၄.၁.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးလွင် ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့များ သည် ဆန်ဆိုင်များနှင့် ဆီဆိုင်များအား ကွင်းဆင်းကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ ဆန်စပါးသိုလှောင်ရုံများ၊ ဆန်ဆိုင်များနှင့် ဆီဆိုင်များ၏ စျေးနှုန်းစျေးကွက်နှင့် စီးဝင်/ စီးထွက်စာရင်းများ၊ MyRO တွင် မှတ်ပုံတင်ထားသည့် ဆန်စပါး သို လှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ် လက်ကျန်စာရင်းများ ရေးသွင်းထားခြင်းရှိ/မရှိ၊ အပတ်စဉ် ရည်ညွှန်း စျေးအတိုင်း ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး Update စာရင်းရေးသွင်း နိုင်ရေး၊ ဆန်များနှင့်ဆီများအား အခြားအမျိုး အစားမတူများနှင့် ရောနှော၍ ရောင်းချခြင်းမရှိစေရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်မှန်ကန်မှုရှိစေရေး၊ သတ်မှတ်အရည် အသွေးပြည့် မီသော ကုန်စည်များကိုသာ ရောင်းချရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဘီးလင်းမြို့တွင် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

    ၃၀.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ မော်တော်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့နယ်အတွင်းရှိ မော်တော်ယာဉ်လက်မှတ်အရောင်းဂိတ်နှင့် မော်တော်ယာဉ်ရပ်နားရာဂိတ်များသို့ သွားရောက်၍ ခရီးသည်နှင့်ကုန်စည်များ သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးရမည့်အချက်များအား စစ်ဆေးခဲ့ ပါသည်။

    ထိုသို့ စစ်ဆေးခဲ့ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ကှ တာဝန်ရှိသူက ယာဉ် အန္တရာယ်ကင်းရှင်းရေး ဥပဒေအရ စစ်ဆေးအသိပေးပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်နှင့် ခရီးသည်များအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအရ လိုက်နာ ရမည့်အချက်များကို စစ်ဆေးအသိပေးပြီးနောက် ခရီးသွားပြည်သူများအား စားသုံးသူအခွင့် အရေး နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်အကြောင်းနှင့် နည်းလမ်းများ ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

     ၃၀.၁.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာရှိ တောင်ကလေး မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်ပူးပေါင်းပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့် အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းအား လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအချက်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ခိုင်စိုးနှင့် ဆရာ/ဆရာမ(၆) ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့၊ အ.ထ.က (၈) နှင့် (အ.လ.က-၈) ထခွဲကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

     ၂.၂.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ်၊ အ.ထ.က (၈) နှင့် (အ.လ.က-၈) ထခွဲကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကြီးတန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်မှ စားသုံးသူကာကွယ်ရေး၏ ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ သိလိုသည် များမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မော်လမြိုင်မြို့နယ်၊ အ.ထ.က (၈) ကျောင်းမှ ဆရာ/ဆရာမ (၁၀) ဦး၊ ကျောင်းသား/ကျောင်းသူ (၁၉) ဦးနှင့် (အ.လ.က-၈) ထခွဲ ကျောင်းမှ ဆရာ/ဆရာမ (၁၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၁) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ ဆန်ချောဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်းခြင်းး

            မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂၄-၁-၂၀၂၆) ရက်နေ့ (၁၃:၃၀) နာရီအချိန်တွင် မြင်းခြံမြို့အတွင်းရှိ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ကွင်းဆင်းရာတွင် မြင်းခြံဈေးကွက်၌ ရွှေဘိုပေါ်ဆန်း(ဟောင်း) ၂၄ ပြည်တစ်အိတ် လျှင်(၁၈၅၀၀၀-၂၀၀၀၀၀)ကျပ် ခန့်ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်း(အသစ်)၂၄ပြည် တစ်အိတ်လျှင် (၁၇၅၀၀၀) ကျပ်ခန့် ရှိကြောင်း၊ ဒေသတွင်း ဝင်ရောက်မှုအနေဖြင့်ရွှေဘိုပေါ်ဆန်း ဆန်များကို ရွှေဘိုမြို့မှတိုက်ရိုက်ဝယ်ယူသလို၊ မန္တလေးမြို့မှလည်း ဝယ်ယူရောင်းချကြောင်း၊ ရွှေဘို-မြင်းခြံသို့ တိုက်ရိုက်တင်ပို့သည့် ယာဉ်များမရှိကြောင်း၊   မြင်းခြံမြို့နယ်မှ ပေါ်ဆန်းမွှေး (ရွှေဘို)ဆန်များဝယ်ယူရာတွင် ဆန်များကို ရွှေဘိုမြို့မှ မန္တလေးမြို့သို့လည်းကောင်း၊ မန္တလေးမှတဆင့် မြင်းခြံမြို့သို့လည်းကောင်း သယ်ယူရကြောင်း၊ ကားသယ်ယူခနှုန်းထားများအနေဖြင့် ရွှေဘိုမြို့မှ မန္တလေးမြို့သို့  ဆန်(၂၄) ပြည် တစ်အိတ်လျှင် (၆၀၀၀) ကျပ်ခန့်ရှိကြောင်း၊ မန္တလေးမြို့မှ  မြင်းခြံမြို့ သို့အရောက်တင်ပို့လျှင် ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၅၀၀၀-၅၅၀၀) ကျပ်ခန့်ရှိကြောင်း၊ ရွှေဘိုပေါ်ဆန်း ပင်ရင်းဒေသဝယ်ရင်းဈေးနှုန်းများကို မေးမြန်းရာတွင် ပေါ်ဆန်း (ရွှေဘို)အသစ်တစ် အိတ်လျှင်(၁၆၅၀၀၀-၁၉၀၀၀၀)ကျပ်ဈေးဖြင့် ဝယ်ယူရောင်းချရကြောင်း သိရှိရပါသည်။

       ဆန်လက်လီလက်ကားရောင်းချသူများအား ဆန်များကိုသင့်တင့်မျှတသော နှုန်းထားများဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းများမပြုလုပ်ရန် ဆန်ချောဈေးနှုန်းဈေးကွက်နှင့် လက်ကျန်အိတ်အခြေအနေများ ကွင်းဆင်းမေးမြန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးခြင်း

    ၃၀.၁.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် တာဝန်ခံသည် ကျိုက်ထိုမြို့နယ် အတွင်းရှိ အွန်လိုင်းဖြင့် အလှကုန်၊ အဝတ်အထည်နှင့် လက်ဝတ်ရတနာ ရောင်းချသည့် လုပ်ငန်းရှင် (၃) ဦးတို့အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ အသိပညာပေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင် (၃) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ပါဝင်သောအချက်များ၊ အွန်လိုင်းရောင်းချခြင်းအတွက် အွန်လိုင်းမှတ်ပုံတင်ပြုလုပ် ကြရန်နှင့် အွန်လိုင်းမှတ်ပုံတင်မပြုလုပ်ရသေးသူများကိုလည်း အွန်လိုင်းမှတ်ပုံတင် ပြုလုပ် ပေးနိုင်ရေး စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း စသည့်အချက်များကို အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်း အတွက် အင်တာနက်ရရှိသည့် မည့်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထား ထုတ်ယူနိုင်သော Ecom Reg စနစ်ကို ၂၀၂၃ခုနစ် အောက်တိုဘာလ (၂) ရက်နေ့တွင် စတင်အသုံးပြုနိုင်ပြီး မှတ်ပုံတင်ပြုလုပ်သည့်သူများသည် မှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ လိုအပ်သော စည်းကမ်းများအကြောင်း ထပ်လောင်း ရှင်းပြခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကလေးအဟာရဖြည်စွပ်စာ အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၇-၁-၂၀၂၆ နေ့နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက် ကုန်စုံဆိုင်ကြီးများနှင့် ဆေးဆိုင်ကြီးများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ ဈေးကွက်အတွင်းနှင့် ကုန်စုံဆိုင်ကြီး များတွင် ရောင်းချနေသည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြ ထားခြင်း ရှိ/ မရှိ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ များ ဆောင်ရွက်ခဲ့ကြ သည်။  ညောင်တုန်းမြို့နယ်အတွင်းရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ အမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက် များပါဝင်သော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက် ဖော်ပြခြင်းတို့ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရသည်။ ဆိုင်တာ ဝန်ံခံများကို ကလေးအဟာရဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန်ကို လမ်းညွှန်မှာကြား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ