Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်ခရိုင် ရုံးဝန်ထမ်းများအား ရုံးလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ကြပ်မတ်ဆောင်ရွက်ခြင်း

   မအူပင်ခရိုင်ဦးစီးမှူး ရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးတို့မှ လစဉ်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ ရုံးလုပ်ငန်းတာဝန်များကို ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ယခုလ ၂၀၂၆ခုနှစ် ဇန်နဝါရီလအတွင်း အပါတ်စဉ် စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

    ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် ဝန်ထမ်းများအစိုးရဌာနဆိုင်ရာဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေးသည် အခြေခံအကျဆုံးဖြစ်၍ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အသိပညာပြန့်ပွားရေးကို အခြေခံ၊ အလယ်အလတ် ၊ အဆင့်မြင့် ၊ ဌာနအကြီးအမှူးများ အဆင့်အထိ အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။

    အပါတ်စဉ် ဌာနခွဲ ၇ခုမှ ဌာနခွဲတာဝန်ခံများ မိမိတို့ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို ကြိုတင်စိစစ်တင်ပြခြင်း၊ ဝန်ထမ်းဆန်းစစ်ချက်၊ မေးခွန်းများဖြေဆိုခြင်း၊ ရုံးဝန် အတွင်း/အပြင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခြင်း၊ စာဝင်/စာထွက်ဖိုင်များ သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်မှုကို စစ်ဆေးခြင်း၊ ဌာနတွင်း ဝန်ထမ်း သက်သာ ချောင်ချီရေးနှင့် ဝန်ထမ်းများ စည်လုံးညီညွှတ်မှုကို ပူးပေါင်းဆောင်ရွက်ခြင်း၊ ဝန်ထမ်းစွမ်း ဆောင်ရည် သင်တန်းများကို အဆင့်အလိုက်သတ်မှတ်ဆွေးနွေးခြင်း၊ ဝန်ထမ်းထု မိတ်ဆုံစားပွဲပြုလုပ်ခြင်း၊ ရုံးစာရေးသားရာတွင် မှန်ကန်စွာ ရေးသားနိုင်ရေး သင်ကြားပို့ချခြင်း၊ သမစဉ် လုပ်ဆောင်ချက်(၁၁)ချက်အား အပတ်စဉ် အလှည့်ကျရက်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါသည်။ ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ ဝန်ထမ်းများအား အထက်ဌာနမှ လမ်းညွှန်ချက် များကို ဝန်ထမ်းများလိုက်နာဆောင်ရွက်နိုင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ များ ပြုလုပ်၍ လုပ်ငန်းခွင်ပျော်ရွင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိစေရေးကို ၂၇-၁-၂၀၂၆ ရက်နေ့တွင် Tuesday Talk အြည်တွင်းဌာနခွဲလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းကို  သင်တန်း နံနက် ၁၁နာရီ မှ ၁၂ နာရီ ခွဲအထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

DOCA(ဧရာဝတီ)

ဒေါ်ရွှေမုန့်ဟင်းခါးဖိုလုပ်ငန်းသို့MSME လုပ်ငန်းဖွံ့ဖြိုးရေးကွင်းဆင်း

    ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံဦးဆောင်၍ ၀န်ထမ်းများနှင့်အတူအမှတ်(၁) ရပ်ကွက်ရှိ ဒေါ်ရွှေမုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် MSME လုပ်ငန်းဖွံ့ဖြိုးရေးအတွက်  ကွင်းဆင်းခြင်းကိုဆောင်ရွက်ခဲ့ ပါသည်။
       ထိုသို့ကွင်းဆင်းရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံက လုပ်ငန်းတာ၀န်ခံ ကိုသန့်ဇင်မျိုးနှင့်တွေဆုံပြီးလုပ်ငန်းနှင့်ပတ်သက်ပြီးဆွေးနွေးမေးမြန်းခဲ့ရာလုပ်ငန်းတာ၀န်ခံမှမိမိတို့မုန့်ဟင်းခါးဖိုလုပ်ငန်းအနေဖြင့်တစ်နေ့လျှင်ပိဿာချိန်၁၅၀/၂၀၀ထုတ်လုပ်နိုင်ပြီး၊တစ်နေ့လျှင်ဆန်၄အိတ်/၅အိတ်ကုန်ကြောင်းနှင့်ဆန်တစ်အိတ်လျှင်ပိဿာချိန်၄၀မှ၅၀ထွက်ရှိကြောင်းနှင့်မုန့်ဟင်းခါးတစ်ပိဿာရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင်၂၅၀၀ကျပ်ဖြင့်ရောင်းချ‌ပြီး လုပ်သားအနေဖြင့် ၆ ဦးနှင့်လည်ပတ်လျက်ရှိကြောင်း၊ လစာနှုန်းထားအနေဖြင့် တစ်လလျှင် စားရိတ်ငြိမ်း၂၀၀၀၀၀ကျပ် အထိပေးကြောင်းပြောကြားခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးမှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။ 

DOCA(ဧရာဝတီ)

“ဆန်စျေးနှုန်းတည်ငြိမ်ရေးကွင်းဆင်းစစ်ဆေး”သတင်းနှင့်လှုပ်ရှားမှုများ

     ဒေးဒရဲမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မစျေးအတွင်းရှိ "ဒေါ်အမာနီ "ဆန်ဆိုင်သို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော အဖွဲ့တို့ဖြင့် ဇန်နဝါရီလ(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
      ထိုသို့ကွင်းဆင်းစစ်‌ဆေးခဲ့ရာ စားသုံးသူရေးရာမြို့နယ်တာ၀န်ခံကဆန်အမျိုးအစား အလိုက် ဆန်များကို‌ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်းများမပြုလုပ်ရန်၊ ဆန်သိုလှောင်ရောင်းချရာတွင်လည်း ဈေးကစားရန်ရည်ရွယ်၍သိုလှောင်ခြင်း မျိုးမရှိစေရေး ဆန်သိုလှောင်ရောင်းချပါက ဆန်စပါး သိုလှောင်ရုံများ မြန်မာ့ဆန်စပါးအွန်လိုင်း (MyRO)တွင် မှတ်ပုံတင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ချိတ်ဆက်ပြီး ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ကွင်းဆင်းစစ်ဆေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အောင်ချမ်းသာဆန်စက်သို့SMEဖွံ့ဖြိုး‌ရေးကွင်းဆင်းခြင်း

   ဧရာ၀တီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူးဦးဆောင်၍ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင်ဒေးဒရဲမြို့ နယ်ဘုရားက‌လေးကွင်းကျေးရွာရှိ‌"အောင်ချမ်းသာ"သို့ SME ဖွံ့ဖြိုးရေးကွင်းဆင်းခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
       ကွင်းဆင်းဆောင်ရွက်မှုတွင်‌ေအာင်ချမ်းသာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ဆန်စက်တွင် ကြိတ်ခွဲခုတ်လုပ်မှုအခြေအနေ၊ဆန်စပါးသိုလှောင်ထားရှိမှုအခြေအနေများ၊ဆန်တင်ပို့ရောင်းချမှုဈေးကွက်အခြေအနေများ၊ Gasifier သုံး စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စက်ရုံအတွင်းတွင် ကြည့်ရှုလေ့လာခဲ့ပြီးဆန်ထွက်ပစ္စည်းများဈေးကွက်အတွင်း ဖြန့်ဖြူး‌ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးခြင်းနှင့်ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက်အသိပညာ ပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ 

DOCA(ဧရာဝတီ)

စားအုန်းဆီဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ကျေးရွာကော်မတီအဖွဲ့ဝင်များအား ဆွေးနွေးပြောကြား

      ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျီးနှစ်ပင်”ကျေးရွာအုပ်စုရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

    အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျီးနှစ်ပင်” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက်   ကျေးရွာ အတွင်းရှိ အိမ်ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံ မှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ကျီးနှစ်ပင်*”ကျေးရွာအုပ်စုရှိကျေးရွာရှိ  စားသုံးဆီကော်မတီအဖွဲ့ဝင် များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့မဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၂၆) ရက်နေ့၊ နေ့လည် (၁ : ၀၀)နာရီအချိန်တွင် ဖျာပုံမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ကြပါသည်။

          အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် ပြည်သူများဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ကုန်ပစ္စည်းများဝယ်ယူသုံးစွဲနိုင်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားသုံးဆီများ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိပါသည်။

DOCA(ဧရာဝတီ)

­

“ဂုဏ်” မုန့်ဟင်းခါးဖတ်လုပ်ငန်း ကွင်းဆင်း

    ဖျာပုံမြို့နယ်အတွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ပိုမိုရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင် ဦးစီးမှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် “ဂုဏ်” မုန့်ဟင်းခါးဖတ်လုပ်ငန်း ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့ နံနက် (၁၀ : ၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့ (၈)ရပ်ကွက်(၁၃)လမ်းရှိ “ဂုဏ်” မုန့်ဟင်းခါးဖတ် လုပ်ငန်းတွင် ဈေးနှုန်းဈေးကွက်အခြေအနေ၊ စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိစေရန် စနစ်တကျစွန့်ပစ်စေရေး၊ လုပ်ငန်းတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊  မိမိတို့ ထုတ်လုပ်သော ကုန်စည်တွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေး၊ ဈေးနှုန်းဈေးကွက် အခြေ အနေများ မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်များသို့ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ “ဣစ္တိတံ” ဆန်စက်သို့ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက် ( ၁၁ : ၀၀ )နာရီအချိန်တွင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက ဆန်စပါး ဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ၊ ဆန်စပါးအရည်အသွေး ထုတ်လုပ်မှု ပြည့်မိစေရေး၊ အချိန်အတွယ်နှင့်ပတ်သက်၍ သတ်မှတ်ထားသည့်နှုန်းအတိုင်း ပြည့်မီစေရေး၊ ဆန်စက်ရှိ မြေပြင်လက်ကျန်စာရင်းများကို အခြေခံ၍ မြေပြင်သိုလှောင်ထားရှိမှု အခြေအနေများနှင့်  ဆန်စက်လုပ်ငန်းရှင်များကို ပူးပေါင်းဆောင်ရွက်ကြရန်၊ လစဉ်မြေပြင် သိုလှောင်မှုအခြေအနေမှန် စာရင်း များကို ဖြည့်သွင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၁၀) ရပ်ကွက်ရှိ “ငွေကြယ်စင်” ဆန်စက်သို့MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း စိစစ်

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ (၂၆) ရက်နေ့၊ နေ့လည် (၁၁:၃၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်ရှိ “ငွေကြယ်စင်” ဆန်စက်သို့ ဆန်/စပါးလက်ကျန်စာရင်းကောက်ယူခြင်းနှင့် MSMEs ဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဆန်စပါး ဈေးနှုန်း ဈေးကွက် အခြေအနေများနှင့် ထုတ်ပိုးမှုစနစ်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ခေတ်မှီစက် ကိရိယာ များ တပ်ဆင်ထားရှိမှုတို့ကို စိစစ်ခဲ့ကြပါသည်။ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကိုလည်း စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ ၊ MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကွင်းဆင်းစိစစ် ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ ဗိုလ်ဗထူးလမ်း (၁) ရပ်ကွက်ရှိ “မိုး” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခြင်း

ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ဗိုလ်ဗထူးလမ်း (၁) ရပ်ကွက်ရှိ “မိုး” သုံးထောင့်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံကဈေးကွက်မရောက်မီ “မိုး” သုံးထောင့် မုန့်လုပ်ငန်းမှ ထုတ်လုပ်နေမှု နည်းစနစ်များ၊ ရင်းနှီးမြှုပ်နှံထားရှိမှု ၊ လုပ်သားအင်အားအသုံးပြုမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေများကိုစိစစ်ခဲ့ပါသည်။သုံးထောင့်မုန့်ပြုလုပ်ရာတွင် ပါဝင်သည့် ပစ္စည်းများမှာ ဂျုံ၊သကြား၊ ဆီ၊ရေသန့်၊ကြက်ဉ၊ဆား၊ထောပတ်တို့ ဖြစ်ပြီးတစ်နေ့ထုတ်လုပ်မှုအနေ ဖြင့် ဘူး(၂၅၀) ခန့်ထုတ်လုပ်ပါသည်။တစ်ဘူးလျှင် မုန့်(၅)ခုပါဝင်ပြီး( ၃၀၀၀ ) ကျပ်ဖြင့်ဖျာပုံ၊ ဘိုကလေး၊မော်ကျွန်း၊စက်စုနှင့် ဒေသအတွင်းရှိ ကျေးရွာများသို့ပါ ဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ လုပ်သား(၄)ဦးရှိပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

          ထို့နောက် မြို့နယ်တာဝန်ခံက ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ ပါကင် ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်တံဆိပ် ပြည့်စုံစွာ ဖော်ပြထားရှိရန်နှင့် စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်နေမှုများအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ