
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ ကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာ ဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသော ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သော်လည်းကောင်း စုံစမ်းစစ်ဆေး မှုများ ပြုလုပ် ၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်ဦးဆောင်သော ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် ဝမ်းတွင်းမြို့ပေါ်ရှိ မိဘမေတ္တာဆေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါ ရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဆရာဝန်ညွှန်မကြားချက်မလိုသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ /မရှိစသည့် တို့ကို စစ်ဆေးခဲ့ပြီး၊ စပ်ဆေးအသုံးပြုမှုလျော့ပါးစေရေး၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီ၏ ထောက်ခံချက်မရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းစစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသောတရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်း နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဆေးမျိုးစုံအရောင်းဆိုင် (၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
