Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ခရီးသွားဝန်ဆောင်မှုကဏ္ဍအား ကွင်းဆင်းစိစစ်

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဇန်နဝါရီလ (၂၆) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက် ၊(၂) လမ်းရှိ (စိုးရာဇာ) ကျိုက်လတ်-ရန်ကုန် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းသို့ ခရီးသွားဝန်ဆောင်မှုနှင့်ပက်သက်၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၃) ပုဒ်မ (၂၆) ၊ ပုဒ်မခွဲ များအရ ဝန်ဆောင်မှုနှင့် ပက်သက်၍ အချက်အလက်များကို စားသုံးသူသိရှိစေရေန် ကြိုတင်အသိပေးခြင်း၊ မှန်ကန်သော သတင်းအချက်အလက်နှင့် ပြည့်စုံသော ဝန်ဆောင်မှုအဆင့်အတန်းနှင့်အညီ ပြည့်ဝစွာ ပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်းပေးအပ်စေခြင်း၊ စသည်တို့ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ဆောင်မှုပေးရန် ပျက်ကွက်ခဲ့ပါက စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကိုပါ ထပ်ဆင့်ရှင်းလင်းခဲ့သည်ဟု ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC (19/2025-2026) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

              ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC (19/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

            ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်း‌ရေးမှူးမှ အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး MC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လည်(၁၁း၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)

 

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာနမှ တက်‌ရောက်ခြင်း

               ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်း အဝေးအားထားဝယ်မြို့၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် Virtual စနစ်ဖြင့် တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

                                အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးမှ အဖွင့် အမှာစကားပြောကြားခြင်း၊ ကိုဗစ်-၁၉ ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့ဝင်များမှရှင်းလင်းဆွေးနွေးခြင်းနှင့်အထွေထွေဆွေးနွေးခြင်း၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန် ကြီးမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးအား ပြီးမြောက်ကြောင်း သိရှိရပါသည်။   

DOCA(တနင်္သာရီ)

ပင်စင်စားများအား သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေး

    ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၇.၁.၂၀၂၆) ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်လတ်မြို့ မြန်မာစီးပွားရေးဘဏ်ရှိ ပင်စင်စားများအား အခြေခံစားသောက်ကုန်များရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချရာတွင် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန် တစ်ပြည်လျှင် (၂၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၄၀၀) ကျပ်၊ဘူးခွံအပါ ဆီ(၅၀) ကျပ်သား တစ်ဘူးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့ စံပြဈေးရှိ ပါဝါဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၂၆.၁.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ မမှန်မကန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

            စားသုံးသူရေးရာဦးစီးဌာန မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး (ဒု-ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်းများသည် မြင်းခြံမြို့စံပြဈေးရှိ ပါဝါ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများ မရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့် သာဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပုသိမ်ခရိုင်၊ပုသိမ်မြို့ပေါ်တွင် ရောင်းချလျက်ရှိသော အစားအသောက်၊ဆေးဝါးပစ္စည်း ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုအောင်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် FDA တို့ပူပေါင်းပြီး (၂၇.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်မြို့ပေါ်ရှိ အစားအသောက် နှင့် ဆေးဝါး ပစ္စည်းရောင်းချသည့် ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဝါးဈေးနှုန်းအတက်အကျနှင့် ဆေးဝါးပြတ်လပ်မှု့ရှိ/မရှိ၊ သက်တမ်းကျော်လွန်သောဆေးများ၊ ဆေးပစ္စည်းအတုများ ရောင်းချခြင်းရှိ/မရှိ တို့အားစစ်ဆေးခြင်း၊ ဆေးများတွင် FDAထောက်ခံချက်ပါရှိခြင်း ရှိ/မရှိတို့အား စစ်ဆေးခြင်း၊ အစားအသောက်ရောင်းချသောမုန့်ဆိုင်များတွင် မုန့်များအားစစ်ဆေးခြင်း၊ ထိုဆိုင်များတွင်စံချိန်စံညွှန်းနှင့် ကိုက်ညီသော အစားအသောက်နှင့် ဆေးဝါးများကိုသာ ရောင်းချရန်ပြောကြားပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိ ရှိရပါသည်။

DOCA(ဧရာဝတီ)

သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်း

                       စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဦးစီးအရာရှိနှင့်ဝန်ထမ်း များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ မီးသတ်တပ်ဖွဲတို့နှင့်ပူးပေါင်း၍ (၂၉.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် အောင်ပန်းမြို့ပေါ်ရှိ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုယာဉ်လိုင်းများအား သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ထားခြင်းရှိ/မရှိ ခရီးသည်ပို့ဆောင်မှု့နှင့်ကုန်ပစ္စည်းပေးပို့ရေးဝန်ဆောင်မှုတို့ကို အသုံးပြုသည့် စာသုံးသူများအနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေရေးဆောင်ရွက် ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ စစ်ဆေးခဲ့ရာတွင် စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့် ပို့ဆောင်ပေး ရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူစိတ်ကျေနပ်သည် အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာန များ၏ စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေလွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အောင်ပန်းမြို့ရှိ မော်တော်ယာဉ်လိုင်း(၈)ခုအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊   

DOCA(ရှမ်း)

 

ဟဲဟိုးမြို့တွင် အသိပညာပေးဆွေးနွေးဟောပြောခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၈.၁.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလောမြို့နယ်၊ဟဲဟိုးမြို့တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

           အဆိုပါဟောပြောပွဲများ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဟောပြောရာ စားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချရာတွင်ပါရှိရမည့်  ကုန်အညွှန်းအမှတ်အသားများဖော်ပြပါဝင်ရမည့် သတ်မှတ်ချက်(၈)ချက်အကြောင်း၊ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားရှိသော ကုန်စည်များကို ရွေးချယ်တက်စေရန်၊ စတင် ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ကြည်ရှုနိုင်စေရန်၊ မိမိဝယ်ယူသော ကုန်စည် ကြောင်း စားသုံးသူအခွင့်အရေး ထိခိုက်နစ်နာပါက စားသုံးသူသတင်းပြန်ကြားရေး နှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းသိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။     

 DOCA(ရှမ်း)       

ကျောက်ပန်းတောင်းမြို့တွင် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း

         မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ(၂၃.၁.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ သာယာအေးရပ်ကွက်ရှိ ‘‘အောင်’’ ၊ ‘‘ဒေါ်မြင့်မြင့်’’ ၊ ‘‘ရွှေစကား’’  စသည့် ဆန်ရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်း၍ သက်တမ်းတိုးဆောင်ရွက်ခြင်းနှင့် လစဉ်လဆန်း(၁)ရက် နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် ဒေသတွင်းဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချကြရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့တွင် My RO သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        MyRO တွင် မှတ်ပုံတင်ထားသော သိုလှောင်ရုံများ သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mmတွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့ အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန် လက်ကျန်စာရင်းများကို ထည့်သွင်းပေးနိုင်ရေး ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ၂၀.၁.၂၀၂၆ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်တာဝန်ခံနှင့် My RO လုပ်ငန်းရှင်(၁၁)ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ကျောက်ပန်းတောင်းမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံးရေ(၁၇)လုံးရှိပြီး တစ်နှစ်ပြည့်မြောက်ပြီးသည့် ဆန်သိုလှောင်ရုံများအတွက် သက်တမ်း တိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား သက်တမ်းတိုးလျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်း တိုးခြင်းနှင့် ရထုတ်ကုန်စာရင်များရေးသွင်းခြင်းအား ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် လုပ်ငန်းရှင်များလည်း သိရှိနားလည်လာပြီး ရထုတ်ကျန်စာရင်းရေးသွင်းခြင်းလုပ်ငန်းရှင်ဦးရေး တိုးတက်လာပြီဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ