Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“လားရှိုးမြို့ရှိ Shwe Lucky မုန့်လုပ်ငန်း သို့ ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေး”

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံး၊ လားရှိုးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင်ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိရာ လားရှိုးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများဖြစ်သော စည်ပင် သာယာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ Shwe Lucky ပေါင်မုန့်နှင့် ကိတ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက် မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

           ထိုသို့ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ Shwe Lucky ပေါင်မုန့်၊ ကိတ်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင် ကုန်အညွန်း အမှတ်အသားများပြည့်စုံစွာဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊  Online Sale မှတ်ပုံတင်ခြင်းအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

doca(ရှမ်း)

 

မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေး‌ရောင်းပွဲတော် ကျင်းပ

     ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေး‌ရောင်းပွဲတော်အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်း မဂျွယ်ခန်းမ၌ ၂၀၂၆ခုနှစ်၊ ဇွန်လ၅ရက်နေ့မှ၇ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပြီး ၂၀၂၆ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အဆိုပါ အခမ်းအနား၌  ကချင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက Focal ဌာန အဖြစ် ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနတို့က ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပြီး MSME လုပ်ငန်းရှင်လူဦးရေ(၇၀)ခန့် တက်ရောက်ခဲ့ ကြသည်။   

          အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက   ၎င်းတို့ ဌာန ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူရေးရာဦးစီးဌာနက MSME ကဏ္ဍနှင့် ကုန်အညွှန်း အမှတ်အသား အကြောင်း သိကောင်းစရာအကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာနက အစား အသောက် လုပ်ငန်း ဘေးမကင်းခြင်းနှင့် ဘေးကင်းရေးအကြောင်းတို့ကို ဆွေးနွေးခဲ့ကြသည်။

          စားသုံးသူရေးရာဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်လင်းသည် စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လိုက်နာရမည့်အချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ MSME ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ချက်များနှင့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME  လုပ်ငန်းရှင် များက ဆောင်ရွက်သင့်သည့် အကြံပြုချက်များအား ဆွေးနွေးခဲ့ပြီး ကချင်ပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနရှိ ဝန်ထမ်းများကလည်း  MSME  လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်ရောက် ဆေးဝါးနှင့် အလှကုန်များအား ဈေးကွက်စစ်ဆေးခြင်း

       မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ဆေးဝါးဌာနခွဲ)သည် ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ (၄.၆.၂၀၂၆)ရက်နေ့တွင် ညောင်တုန်းမြို့ပေါ်ရှိ ဆေးဆိုင် (၁၀)ဆိုင်နှင့် အလှကုန်ဆိုင် (၇) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးဆိုင်များတွင်လည်း တရားမ၀င်ဆေးဝါး၊စံမညီဆေးဝါး၊ သက်တမ်းလွန်ဆေးဝါး၊ဆေးဝါး အတုများနှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဥ်(GPP)နှင့် အညီရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်FDA၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဆေးဆိုင်များ အလှကုန်ဆိုင်များနှင့်စျေးကွက် နမူနာ ကောက်ယူစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း ဆေးဝါးရောင်းချခွင့်စစ်ဆေးခြင်း၊ FDA ထောက်ခံချက် သို့မဟုတ် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ် (Myanmar Registration Number) မပါဝင်သော ဆေးဝါးများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်နေသော ဆေးဝါးများနှင့် ဆေးပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးအတုများ၊ စပ်ဆေးများနှင့် အလွဲသုံးစွဲနိုင်သည့် ကန့်သတ်ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးများ အာနိသင်မပျက်ပြယ်စေရန် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (Good Pharmacy Practice)နှင့် အညီ သန့်ရှင်းရေး၊ လေဝင်လေထွက်နှင့် အပူချိန်စနစ်တကျ သိုလှောင်ထားရန်စစ်ဆေးခြင်း၊ အလှကုန်များနှင့် စစ်ဆေးဆောင်ရွက်ရာ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော (သို့မဟုတ်) ပြဒါး (Mercury) နှင့် Hydroquinone ကဲ့သို့ ဘေးဥပါဒ်ဖြစ်စေသည့် တားမြစ်ဓာတုပစ္စည်းပါဝင်သော အလှကုန်များ ရှိ/မရှိ စစ်ဆေးခြင်း၊ အလှကုန်ပစ္စည်းများတွင် အခြေခံအသိအမှတ်ပြု အကြောင်းကြားစာ (Notification) သို့မဟုတ် FDA ထောက်ခံချက် ပါ/မပါ စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း ရက်လွန်ပစ္စည်းများနှင့် အရည်အသွေးပျက်စီးနေသော အလှကုန်များ ရှိ/မရှိ စစ်ခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်တွင် ရောင်းချနေသော ကုန်ပစ္စည်းများကို စနစ်တကျ စိစစ်ဝယ်ယူရန်လိုအပ်ပြီး စားသုံးသူများအနေဖြင့်လည်း FDA ထောက်ခံချက်နှင့် သက်တမ်းကို သေချာစွာ စစ်ဆေးပြီးမှ ဝယ်ယူရောင်းချသင့်ကြောင်း ဆိုင်ရှင်များက သတ်မှတ်ချက်များကို လိုက်နာရောင်းချကြောင်းတွေ့ရှိရပြီး၊ လုပ်ငန်းရှင်လိုက်နာရမည်တာဝန်နှင့် တားမြစ်ချက်ကို အသိပေးပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်း၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

အခြေခံစက်ချုပ်သင်တန်းသားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

        မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ငါးဘတ်အိုင်ကျေးရွာရှိ ရွှေအိုင်မြေ ဘက်စုံသုံးခန်းမတွင် အခြေခံစက်ချုပ်သင်တန်းသားများနှင့်‌ ဒေသခံပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မိတ်ဖက်ဌာနများနှင့် ပူးပေါင်း ၂.၆.၂၀၂၆ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် သင်တန်းသူ(၅၀)ဦး အသိပညာပေးခဲ့ကြောင်း သိရသည်။

      အသိပညာပေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ ဟောပြောရာ အခြေခံစက်ချုပ်သင်တန်းသားများအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းသည် မိမိကိုယ်တိုင် စားသုံးသူအဖြစ် အခွင့်အရေးရရှိစေရန်နှင့် နောင်တွင် လုပ်ငန်းရှင်ဖြစ်လာပါက ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်ရန် အလွန်အရေးကြီးကြောင်း၊ စက်ချုပ်သမများအနေဖြင့် စားသုံးသူ (သို့မဟုတ်) ဝန်ဆောင်မှုရယူသူအဖြစ် သိထားရမည့် အခွင့်အရေးများရှိကြောင်း၊ မိမိဝယ်ယူသည့် အထည်အလိပ်၊ အပ်ချည်နှင့် စက်ပစ္စည်းများသည် အရည်အသွေး ပြည့်မီရပါမည်ဖြစ်သည်။ စက်ပစ္စည်းများ၏ အာမခံသက်တမ်းနှင့် အသုံးပြုပုံကို ရှင်းလင်းစွာ သိရှိခွင့်ရှိရပါမည်။ မည်သည့်ပစ္စည်းကိုမဆို မိမိစိတ်ကြိုက် နှိုင်းယှဉ်ရွေးချယ် ဝယ်ယူနိုင်ရပါမည်။ ဝယ်ယူထားသော ပစ္စည်းများချို့ယွင်းပါက ပြန်လဲခြင်း သို့မဟုတ် လျော်ကြေးတောင်းခွင့် ရှိရပါမည်ကြောင်း ရှင်းလင်းခြင်း၊ ဆက်လက်၍ နောင်တွင် စက်ချုပ်လုပ်ငန်းရှင် (ဝန်ဆောင်မှုပေးသူ) ဖြစ်လာပါက လိုက်နာရမည့် တာဝန်များလည်းရှိကြောင်း၊ အထည်အပ်နှံသူကို ချုပ်ခ၊ ပိတ်စပမာဏနှင့် အထည်ရမည့်ရက် အတိအကျ ပြောရပါမည်။ စားသုံးသူ စိတ်တိုင်းကျဖြစ်စေရန် ချုပ်ရိုးချုပ်သားနှင့် ဒီဇိုင်းကို စေတနာပါပါ ဖန်တီးပေးရပါမည်။ မိမိကိုယ်ပိုင်အထည် ထုတ်လုပ်ပါက စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ကုန်အညွှန်းအမှတ်အသားများ ဆိုဒ်၊ အထည်အမျိုးအစားကို မြန်မာဘာသာဖြင့် ထည့်သွင်းရပါမည်။ နစ်နာမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများရှိကြောင်း ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကြောင့် နစ်နာပါက စားသုံးသူ ရေးရာဦးစီးဌာန (DOCA) သို့ ဆက်သွယ်တိုင်ကြားနိုင်ပါသည်။ အရေးပေါ်အကူအညီနှင့် သတင်းအချက် အလက်များအတွက် 1535 သို့ ရုံးချိန်အတွင်း ခေါ်ဆိုမေးမြန်းနိုင်ပါကြောင်း တက်ရောက်သူ သင်တန်သားများကို ရှင်းလင်းပြီး တက်ရောက်သူများမှလည်း သိလိုသည်များမေးမြန်းမှုကို ရှင်းလင်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၁၂-၆-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ် (၈/၂၇)၊ ရွာလယ်လမ်း၊ အောင်သုခရပ်ကွပ်၊ ပုဗ္ဗသီရိမြို့ရှိ “ လင်းလက် " လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

ကုန်မျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကြီးများအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂.၆.၂၀၂၆)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
         ထိုသို့ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ရောင်းချသောဆိုင်ရှင်များအား ကုန်မျိုးစုံရောင်းချရာတွင် စာသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုရောင်းချရန်ကိုလည်းကောင်း၊ ရောင်းချနေသော ကုန်စည်အမျိုးမျိုးတွင်  စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်ထုတ်လုပ်သူလုပ်ငန်းရှင်များကိုလည်း ဦးစီးဌာနအနေဖြင့် ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းများ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ဈေးကွက်‌ရောက်ကုန်စည်များနှင့် စပ်လျဉ်း၍ ရောင်းချသူလုပ်ငန်းရှင်များ သိရှိလိုက်နာရန် ကွင်းဆင်းဆောင်ရွက်ပြီး အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်များပါရှိသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူများအား စိတ်ကျေနပ်မှုရှိစေရန်စသည်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များကို လုပ်ငန်းရှင်တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်းဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လ/ထညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းတို့သည် (၁၁.၆.၂၀၂၆)ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ဥတ္တရသီရိမြို့နယ်၊  တောင်ညိုအခြေခံပညာအထက်တန်းကျောင်းတွင်  စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲများပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြပါသည်။

            စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ဆေးဝါးများဝယ်ယူရာတွင် စပ်ဆေးများမသုံး စွဲရန်နှင့် ဆရာဝန်ညွှန် ကြားသောဆေးဝါးများအား ဝယ်ယူသောက်သုံးစေရန်၊ အလှကုန်များသုံးစွဲရာ တွင်လည်း တစ်ခြားသူများသုံးစွဲသောအလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ် ရည်သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ကျောင်းသူ များအား အသိပညာပေးဆွေးနွေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

လောကနတ် ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်ဇော်ဦးသည် ၃.၆.၂၀၂၆ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့၊ မြို့ရှောင်လမ်းရှိ လောကနတ်(ရေသန့်စက်ရုံ) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာန (DOCA) နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် လောကနတ်ရေသန့်စက်ရုံမှ ထုတ်လုပ်သောလုပ်ငန်းခွင်ကို ကြယ်ရှုလေ့လာကြပြီး  ရေသန့်စက်ရုံတွင်းနှင့် အပြင်ဘက်တွင် ညစ်ညမ်းမှု၊ ဖုန်မှုန့်နှင့် အနံ့ဆိုးများကင်းစင်ရေး၊ ရေထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပါဝင်သော ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးအခြေအနေတို့ကို စစ်ဆေးခြင်း၊ မြန်မာနိုင်ငံ FDA ၏ ထုတ်ပြန်ချက်အရ ရေသန့်လုပ်ငန်းများအတွက် သတ်မှတ်ထားသော အခြေခံစစ်ဆေးရမည့်အချက် ၆၆ ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ဖြန့်ချိမည့် ရေသန့်ဗူးများပေါ်တွင် ထုတ်လုပ်ခွင့်လိုင်စင်၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲနှင့် ထားသိုပုံအညွှန်းများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည် ဖြစ်ကြောင်း စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၏ လုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၉-၆-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ် ၁/၄၆၊ နတ်စင်လမ်း၊ အောင်ဇမ္ဗူရပ်ကွပ်၊ ဇမ္ဗူသီရိမြို့ရှိ “ Stylab " ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၈-၆-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပ-၃၀၅၀၇၊ ယုဇနလမ်း၊ ဇဝနဒီပရပ်ကွက်၊  ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိခရိုင်ရှိ “ ရွှေလမင်း ” အဝတ်အထည်၊ အထည်အလိပ်နှင့်ဆက်စပ် ပစ္စည်းများ လုပ်ငန်းသို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ