Main menu

သာစည်မြို့နယ်အတွင်း ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုအသုံးပြုမှုကို ထိရောက်စွာတာဆီးရေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

                    စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် ထိခိုက် နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များ နှင့်အညီထုတ်လုပ်ရောင်းချမှုရှိစေရေး၊လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက်နေရာစုံ၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုအစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၃)ရက်နေ့တွင် သာစည်မြို့နယ်တာဝန်ခံ၊ ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုန့ယ်စည်ပင် သာယာရေးအဖွဲ့၊ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်းရှိ နိုင်၊ ဗိုလ်ရှယ်၊အောင်တံခွန် ဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ Mevius Original Blue နှင့် Mevius Sky Blue  အမှတ်တံဆိပ်များ ရောင်းချနေပြီး၊  Mevius Original Blue နှင့် Mevius Sky Blue အမှတ် တံဆိပ်ဗူးများပေါ်တွင် ကုန်ပစ္စည်းအမှတ်တံဆိပ်၊ ကျန်းမာရေးရုပ်ပုံဒီဇိုင်းနှင့် ကျန်းမာရေးရုပ်ပုံ စာသား များ၊ စီးကရက်၏ ဖွဲ့စည်းပုံများမှာမှန်ကန်မှုရှိပြီး ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ   ထုတ်ပေးထား သည့် အထူးကုန်စည်ခွန် စစ်ဆေးရာတွင် အခွန်တံဆိပ်ခေါင်းများမှာ မှန်ကန်မှုရှိပြီး အမှတ်စဉ်တူညီမှုများမရှိကြောင်း၊ ထုတ်လုပ်မှုအမှတ်စဉ် ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု များရှိကြောင်း ဆေးလိပ် အတုထုတ်ကုန်များ ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)