Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး

              စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးသည် မိမိတို့ဒေသတွင်းရှိ လုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသော ကုန်စည်အမျိုးအစားများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ  ဖော်ပြနိုင်စေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏  ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်အညီ ထုတ်လုပ်ခြင်း၊ တင်သွင်း ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဈေးကွက်မရောက်မီ စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ နှင့်အတူ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ “ရွှေမြင့်မိုရ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ ဈေးကွက် မရောက်မီ စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            “ရွှေမြင့်မိုရ်” ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်သည့် “ထောပတ်ကိတ်ခြောက်” (၂၀၀)ဂရမ် ကုန်စည်အမျိုးအစားအား စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း  စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့၊ ကွက်သစ်ရပ်၊ D လမ်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပ ပြုလုပ်သော သင်တန်း၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများဟောပြော

    ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် မြိတ်မြို့၊ ကွက်သစ်ရပ်၊ D လမ်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၆/၂၀၂၅-၂၀၂၆)၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          ဟောပြောဆွေးနွေးရာတွင် လူသုံးကုန်များဖြစ်သည့်အတွက် မိမိတို့ထုတ်ကုန်များဘေးအန္တ ရယ်ကင်းစေရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ထုတ်ကုန်တစ်ခုဖြစ်လာသည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရ မည့်အကြောင်း၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးများတွင် အခွင့်အရေး (၈)ရှိကြောင်း၊ နစ်နာမှုဖြစ်ပါကလည်း စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၏ ဇန်နဝါရီလတွင် စားသုံးသူအသိပညာပေး လုပ်ငန်းများဆောင်ရွက်နိုင်မှု

                         စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဉပဒေများ၊ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ  အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရန်စားသုံးသူများရသင့်ရထိုက်သည့်အခွင့်အရေးများ၊စားသုံးသူအကျိုးစီးပွားနစ်နာဆုံးရှုံးများတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် စားသုံးသူရေးရာသင်တန်းသင်တန်းဖွင့်လှစ်ခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ဆည်တော်ဉီကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း၊ ကလေးဝမြို့၊အမှတ်(၃)လွန်ကျောင်းတွင်လည်းကောင်း၊ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့်ကန့်ဘလူမြို့၊ဆိတ်ဖူးမြောင်ကျေးရွာရှိ အ.လ.က (ခွဲ) ကျောင်းတွင်လည်းကောင်း၊ ကျွန်းလှမြို့၊ သံပိုကျေးရွာရှိ အလကကျောင်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ရွာတောင်ရပ်ကွက်ရှိ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအားလည်းကောင်း၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အလက(ခွဲ)ကျောင်းတွင် အသိပညာပေးဟောပြော ခြင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်း စုစုပေါင်း (၇)ကြိမ်နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့်(၅)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၃)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်း မှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ 

  DOCA(စစ်ကိုင်း)

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ၊ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုး နှင့်ဝန်ထမ်းများသည် မော်တော်ယဉ် ကြီးကြပ်မှုကော်မတီတို့နှင့် ပူးပေါင်း၍ (၂၇.၁.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ဓနုဖြူမြို့နယ် ရန်ကုန်-ဟင်္သတ ကားဝန်ကြီးအတွင်း  ခရီးသွား သယ်ပို့ဆောင်ရေး လုပ်ငန်းများအား သယ်ယူပို့ဆောင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး  စာသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေမှုရှိစေ ရေးဆောင်ရွက်ထားမှု အခြေအနေနှင့် နစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက ဖြေရှင်းဆောင်ရွက်ပေးမှု အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိုဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ စစ်ဆေးခဲ့ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်မင်းစိုး ဦးစီးအရာရှိက  ယာဉ်လိုင်းတာဝန်ခံများ အားခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများ ကို စားသုံးသူများ၏လိုအင်ဆန္ဒနှင့်အညီ လုံခြုံချော့မွေစွာဖြင့် ပို့ဆောင်ပေးရန်၊ ဝန်ဆောင်မှုတို့ကိုအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက် များအပေါ် စိတ်ကျေနပ်မှုရရှိစေရေးနှင့် နစ်နာဆုံးရှံးမှုဖြစ်လာပါက စားသုံးသူ စိတိကျေနပ် သည်အထိ ညှိနှိုင်းဆောင်ရွက်ပေးရန် ၊ယာဉ်အန္တရာယ်ကင်းးရှင်းစေရေး ထုတ်ပြန်ထားသော သက်ဆိုင်ရာဌာနများ၏ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှသာ မော်တော်ယာဉ်အားစေ လွှတ်ခြင်းများ ဆောင်ရွက်ရန် ရှင်းလင်းပြောကြားပြီး အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)

ပန်းတနော် မြို့နယ်တွင် သွားတိုက်ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၇ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက် နှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော သွားတိုက်ဆေးအမျိုးမျိုးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးပြု ဆပ်ပြာအမျိုးမျိုး အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက် အတွင်း ရောင်းချနေသည့် သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိနှင့် အတုပပစ္စည်းများရောင်းချခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း၊ ဆပ်ပြာတုံးအမျိုးမျိုးတွင် အလေးချိန်ဖော်ပြချက်များနှင့် အရည်အသွေးပြည့်မီမှု ရှိမရှိ၊ ရေချိုးဆပ်ပြာနှင့် အဝတ်လျော်ဆပ်ပြာအမျိုးမျိုးအား တရားမဝင်တင်သွင်းကုန်စည် များ ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိကို စစ်ဆေး ခဲ့ပြီး ပန်းတနော်မြို့နယ်ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသောကုန်စည်များနှင့် သက်တမ်းလွန် ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး ထိုစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက်ဖြင့် လိုက်ပါဆောင်ရွက်ခဲ့ပြီး ဆိုင်ရှင်များအား စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ 

DOCA(ဧရာဝတီ)

အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးပန်းတနော်မြို့နယ်ဦးစီးမှူးရုံး  အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက် များ ဝယ်ယူနိုင်ရန်အတွက်  အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခြင်းအား ၂၀၂၆ခုနှစ် ဇန်နဝါရီ လ(၂၇) ရက်နေ့တွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ပန်းတနော်မြို့နယ် စားသောက်ဆိုင်များ သို့ ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင် ရောင်းချသူ တာဝန်ခံများနှင့် တွေ့ဆုံ၍ လုပ်ငန်းတွင် အစား အသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူများ၏ ကျန်းမာရေး၊ တစ်ကိုယ်ရည် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် အမှိုက်ပုံးထားရှိ စွန့်ပစ်မှု များကို စစ်ဆေးခြင်း၊ အစားအသောက် ချက်ပြုတ်ရာတွင် ပါဝင်သည့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်များ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ စသည်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသုံးသူများကို ကုန်စည်တန်ဖိုး ကြိုတင်အသိပေး ကြေငြာထားခြင်းရှိမရှိ ၊ အခွန်တံဆိပ်ခေါင်း ပါဝင်မှုကို အသိပေးဆောင်ရွက်ခြင်းရှိ/မရှိ၊ အချိန်နှင့်တပြေးညီ  စားသုံးသူစိတ်ကျေနပ်မှု ရှိစေရန် ဝန်ဆောင်မှု ပေးနိုင်ခြင်း၊ မပေးနိုင်ခြင်းကို ဝယ်ယူအသုံးပြုသူများကို မေးမြန်းဆောင်ရွက်  စစ်ဆေးဆောင်ရွက်ပြီး စားသုံးသူ အခွင့်အရေးများ အပြည့်အဝရ ရှိစေရေး ဆွေးနွေးမှာကြားခြင်းများ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကို ဆိုင်တာဝန်ခံများအား မှာကြား ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဒေါ်တင်မာဝင်း (ကုန်စုံဆိုင်) သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ..၂၀၂6 ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဒေါ်တင်မာဝင်း(ကုန်စုံဆိုင်) သို့ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ LIPOVITAN-D အမှတ်တံဆိပ်ပါ အားဖြည့်အချိုရည်သည် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ညောင်တုန်းမြို့နယ် ဆန်ဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေး

   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စပါးကုန်သည်များသင်း၊ မြို့နယ်အဆင့်ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ (၂၈.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဆန်ဆိုင်များတွင် ဆန်လက်ကျန်အခြေအနေများ၊ ရောင်းချနေသော ဆန်အမျိုးအစားများ၊ ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးထက်ကျော်လွန်ခြင်း ရှိမရှိစစ်ဆေးခြင်း၊ ဆန်ဈေးကွက်အ တွင်း ဈေးနှုန်းတည်ငြိမ်မှန်ကန် စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်အား အသိပညာပေး ဆောင်ရွက်လျက်ရှိ

  စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဦးအောင်လွင်သည် မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ အိမ်ခြံမြေအကျိုး  တော်ဆောင် စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ အွန်းစနစ်အသုံးပြု၍ ရောင်းချနေသော လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     အဆိုပါအသိပညာပေးရာတွင် အွန်လိုင်းစနစ်အသုံးပြု၍ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ်လျောက်ထားဆောင်ရွက်ပြီး ရောင်းခခြင်းနှင့် စပ်လျဉ်း၍ အသိ ပညာပေးခြင်း၊ မှတ်ပုံတင် လျောက်ထာ ပြီး  သက်တမ်းတိုးခြင်းလုပ်ငန်းများအကြောင်း အသိပညာပေးခြင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအကြောင်းကို  ရှင်းလင်းဆွေးနွေး ပြီး တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ တိုင်ကြားမှုကို ဖြေရှင်းနိုင်သည့် နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်းတို့အား အသိပညာပေးဆောင်ရွက် ခဲ့ပါကြောင်း သိရပါ သည်။

DOCA(ဧရာဝတီ)

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online - MyRO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

၁။         ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင်ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice OnlineMy RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။

၂။         မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင် ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံ တင်ထားသည့် ဆန်စပါးသိုလှောင်ရုံ ၅,၆၀၅ လုံး မှတ်ပုံတင်ထားရှိပါသည်။

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ