Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား    စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၈.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီကိုယ်စားလှယ် ဦးအေးဝင်း၏ ခြံဝင်းအတွင်း၌ စက်မှုလုပ်ငန်းသုံး ဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

            ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စက်မှုလုပ်ငန်းသုံးဆီခွဲတမ်းရရှိသော အသေးစားလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့်စားအုန်းဆီ ထုတ်ယူရရှိရေးပေါင်းစပ်ညှိနိုင်းရေးအဖွဲ့မှ ခွဲဝေပေးသော စားအုန်းဆီများအား လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ် လုပ်ငန်းတွင် အသုံးပြုကြရန်နှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများမပြုလုပ်ကြရန် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း အချိန်မှီငွေပေးသွင်းမှု ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၂၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားသုံးဆီလက်လီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေးခြင်း

              ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ဒုတိယဦးစီးမှူး ဦးဆောင်သောဝန်ထမ်းများသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၃.၆.၂၀၂၆)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ကလောမြို့နယ်၊ အောင်ပန်းမြို့ပေါ်ရှိ စားသုံးဆီ လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ စစ်ဆေးရာတွင် အောင်ပန်းမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့ရရှိသော ခွဲတမ်းများအား စာအုပ်စနစ်ဖြင့် ရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုတွင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်း၊ သက်မှတ်ရည်ညွှန်းဈေနှုန်းများအတိုင်း ရောင်းချပေးခြင်း၊ အခြားမသမာသောနည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင် ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ တစ်နေ့စာတစ်နေ့ ကုန်အောင် ရောင်းချပေးပြီး လက်ကျန်လည်း မထားရှိပါကြောင်း ရက်ကျော်လွန်လျှင်လည်း ပြန်လည်ရောင်းချပေးပါကြောင်း သိရှိရပြီး မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်(၇.၆.၂၀၂၆)ရက်နေ့၊နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ရေသို ညောင်ဝိုင်းကျေးရွာရှိ  လူသုံးကုန်ပစ္စည်းများ ရောင်းချနေသော ဦးသိန်းဇော်၏ Yu Family လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ထိုသို့မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်   အိမ်မဲ မြို့နယ်တာဝန်ခံမှ   Yu  Family  online  sale  ရောင်းချသည့်လုပ်ငန်းအနေဖြင့် online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg. gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅) အရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်အား လိုက်နာရမည့် တာဝန်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၄.၆.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ စားသုံးဆီရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း များတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့ပေါ်ရှိ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှု ရှိ/မရှိအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိ သော အသင့်စားမုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ‌ရေးဥပ‌ဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ပါရှိမှုများ ရှိ/မရှိအား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ် ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့်ဖော်ပြပါရှိရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေတွက်၊ အသားတင်ပမာဏ၊ ထားသို့သိမ်းဆည်းမှုအညွှန်း၊ ဓါတ် မတည့်ကြောင်းဖော်ပြချက်များပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် ဥပဒေ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုများ ရှိ/မရှိနှင့် သက်တမ်းလွန်မုန့်များ ရောင်းချနေမှုများ ရှိ/မရှိ စစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၄.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် ဆန်ကုန်သည်နှင့်ဆန်စက် လုပ်ငန််းရှင်များအားဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ဆန်ဈေးကွက် အတွင်းဈေးနှုန်းကြီးမြင့်မှုအပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသော ပြည်တွင်းဆန် ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချပေးရေးကိစ္စများအား အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန််းရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့၊ နံနက်(၀၉း၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်ကြသော အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဖြင့်ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆေးနှင့်ဆေးပစ္စည်း‌အရောင်းဆိုင် များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ စျေးကွက်စောင့်ကြည့်စစ်‌ဆေးရာတွင် စျေးကွက်အတွင်းရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ၏ စျေးနှုန်းအခြေအနေများ၊ လက်ကျန်အခြေအနေများ၊ ဆေးဝါးများ ပြတ်လပ်မှုများ ရှိ/မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များမပါရှိသော တရားမဝင်ဆေးဝါးများရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီအရောင်းဆိုင်များအား ကွင်းဆင်း

     ၂၀၂၆ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်ကြသော  အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဖြင့် ပူးပေါင်း၍ မြိတ်မြို့၊ နောက်လယ်ရပ်၊ နောက်လယ်(၃)လမ်း နှင့် (၅) လမ်းရှိ ဆန်ဆိုင်များနှင့် စားအုန်းဆီလက်လီရောင်းချနေသော အရောင်းဆိုင်များသို့သွားရောက်၍ ဆန်စျေးနှုန်းအခြေအနေများနှင့် စားအုန်းဆီလက်လီရောင်းချနေမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ဆိုင်များတွင်ရောင်းချနေသော ဆန်အမျိုးအစားအလိုက် ရောင်းချနေသော စျေးနှုန်းများ နှင့် လက်ကျန်အခြေအနေများ မေးမြန်းခြင်းနှင့် ဆန်အိတ်များတွင် အလေးချိန် မှန်ကန်စွာထည့်သွင်း ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကာ ဆက် လက်၍ ပူးပေါင်းအဖွဲ့သည် စားအုန်းဆီလက်လီအ‌‌ရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး သတ် မှတ်စျေးနှုန်းများအတိုင်း ရောင်းချနိုင်‌ရေး စျေးနှုန်းဗီနိုင်းများ ချိတ်ဆွဲထားရှိမှုများ ရှိ/မရှိ၊  အဆိုပါ သတ်မှတ် ရည်ညွှန်းစျေးနှုန်း အတိုင်းရောင်းချနေမှုများ ရှိ/မရှိ၊ အလေးချိန် အချိန်အတွယ် ပြည့်မီ မှန်ကန်စွာ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ငှက်ပျောချောင်းကျေးရွာ၊ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၄.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် ငှက်ပျောချောင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုး ပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ပြည်သူ(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြိတ်မြို့ပေါ်ရှိ အထည်မျိုးစုံ‌‌ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ မြိတ်မြို့၊ Smart အထည်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းများ လုပ် ကိုင်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တစ်ဖက်မှာလည်း မိမိသည် စားသုံးသူဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးများ၊ တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်းနှင့် အွန် လိုင်းမှရောင်းချပါက အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်လျှောက်ထားရယူဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အွန်လိုင်းမှတ်ပုံတင်စနစ်နှင့်ပတ်သက်၍ သိရှိသင့်သည့်အချက်များအား ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ