Main menu

သာစည်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ သာစည်မြို့နယ် တာဝန်ခံ၊ ဒေါ်ဖြူဖြူထွန်း(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သာစည်မြို့နယ်အတွင်း  ရေသန့်လုပ်ငန်းများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂)   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ရေသည် လူတို့၏နေ့စဉ်ဘဝတွင်မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာ ဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ်အသားထည့်သွင်း လိုကြောင်းတင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)