Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုပမာဏ ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၈၄၀ ဘီလီယံ ရရှိ

           ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်-သွင်းကုန် ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၈၃၉.၇၅ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်အလား တူကာလထက် ၁၇.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းရုံးက ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

          အဆိုပါကာလအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃၀.၁၄ ဘီလီယံ ရှိပြီး ၁၆.၁ ရာခိုင်နှုန်း တိုးလာခဲ့ရာ သွင်းကုန်ပမာဏမှာမူ အမေရိကန်ဒေါ်လာ ၄၀၉.၆၁ ဘီလီယံ သို့ရောက်ရှိခဲ့ပြီး ၁၈.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အရှေ့တောင်အာရှနိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၀.၅၃ ဘီလီယံ ရရှိခဲ့ကြောင်း အချက်အလက်များအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

မွန်ဂိုလီးယားနိုင်ငံ၏ ကုန်သွယ်မှု ၁၁ လ အတွင်း ၄.၈ ရာခိုင်နှုန်း ကျဆင်း

              မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု လည်ပတ်မှုသသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လ အတွင်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄.၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း မွန်ဂိုလီးယား အကောက်ခွန်ဦးစီးဌာနမှ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ်ပြန်သော တရားဝင် သတင်း အချက်အလက်များအရ သိရသည်။

       အဆိုပါ ကာလအတွင်း နိုင်ငံခြားကုန်သွယ်မှု လည်ပတ်မှုသည် အမေရိကန်ဒေါ်လာ၂၃.၉ ဘီလီယံ သို့ရောက်ရှိသွားကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။ ပင်လယ်ထွက်ပေါက်မရှိသော အာရှနိုင်ငံသည် ကုန်သွယ်မှုလက်ကျန် ပိုလျှံမှုကိုပြသခဲ့ပြီး ပို့ကုန်သည် သွင်းကုန်ထက် ဒေါ်လာ ၃.၅ ဘီလီယံ ကျော်ပိုများခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်သည် ၂၀၄၅ ခုနှစ်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန် ၁၀ ခုအထိ ထူထောင်နိုင်ရန် ရည်မှန်းထား

        ဗီယက်နမ်နိုင်ငံသည် နိုင်ငံတိုးတက်မှုအတွက် တွန်းအားအသစ်များ ဖန်တီးရန်နှင့် နိုင်ငံတကာ ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၄၅ ခုနှစ်တွင် တစ်နိုင်ငံလုံး လွတ်လပ်သော ကုန်သွယ်မှုဇုန် ၁၀ ခုအထိ ထူထောင်ရန် စီစဉ်နေကြောင်း အစိုးရ ပေါ်တယ်က ဒီဇင်ဘာလ ၅ ရက်‌နေ့တွင် ဖော်ပြခဲ့သည်။ သောကြာနေ့မနက်က ပြုလုပ်သော အစိုးရအစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တင်ပြခဲ့သော အဆိုပြုချက်အရ ဗီယက်နမ်သည် မြောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော Hai Phong၊ Da Nang နဲ့ တောင်ပိုင်း အချက်အချာကျသော ဟိုချီမင်းမြို့ အပါအဝင် မြို့ကြီးများတွင် လွတ်လပ်သော ကုန်သွယ်ရေး ဇုန်များကို ၂၀၂၆ ခုနှစ်မှာ စမ်းသပ်လုပ်ဆောင်ရန် မျှော်လင့်ထားကြောင်းသိရသည်။ အရှေ့ တောင်အာရှနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် အခွင့်သာသော အခြေအနေများဖြင့် ဒေသများတွင် လွတ်လပ်စွာ ကုန်သွယ်မှုဇုန် ခြောက်ခုမှ ရှစ်ခုအထိ ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းထားကြောင်း အဆိုပြုချက်တွင် ဖော်ပြထားသည်။ ၂၀၄၅ ခုနှစ်တွင် ဇုန်များအားလုံး ပေါင်းစည်းမှုသည် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း အစီရင်ခံစာအရ သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းရှိ သက်တမ်းလွန်ဆေးဝါးများနှင့် စားသောက်ကုန် တန်ချိန် ၅၀ အားဖျက်ဆီး

         အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာပြည်နယ်ရှိ အာဏာပိုင်များသည် သက်တမ်းလွန်ဆေးဝါးများနှင့် အစားအသောက် တန်ချိန် ၅၀ ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဆေးဆိုင်များနှင့် ဆိုင်ရှင်များအား တိုက်တွန်းခဲ့ကြောင်း တရားဝင်  မီဒီယာ Bakhtar သတင်းဌာနက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။

       အစီရင်ခံစာအရ လွန်ခဲ့သော ခြောက်လအတွင်း မူးယစ်ဆေးဆိုင်များနှင့် စျေးဆိုင်များမှ သက်တမ်းလွန်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

      သာလွန်ကောင်းမွန်သော ဆေးဝါးများနှင့် အန္တရာယ်မကင်းသော အစားအစာများ စုဆောင်းဖျက်ဆီးခြင်းသည် အများသူငှာရရှိနိုင်သော ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့် အရည်အသွေးကို သေချာစေရန် အာဖဂန်အာဏာပိုင်များ၏ ဆက်လက်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယား၏ ကြိတ်ခွဲပြီးဆန်တင်ပို့မှု ၃၉ ရာခိုင်နှုန်း မြင့်တက်

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၁ လအတွင်း နိုင်ငံတကာဈေးကွက်များသို့ ကြိတ်ခွဲပြီးဆန် ၈၀၁,၆၄၃ တန် တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်ကာလတူကာလက ၅၇၅,၅၆၂ တန် တင်ပို့ခဲ့ခြင်းမှ ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) ၏ ၄-၁၂-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ကြိတ်ခွဲပြီးဆန် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၂၆.၄၇ သန်း ရရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၂၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကုမ္ပဏီ ၆၅ ခုသည် နိုင်ငံအတွင်းနှင့် ဒေသပေါင်း ၇၂ ခုသို့ ကြိတ်ခွဲပြီးဆန်များ တင်ပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားပြီး တရုတ်နိုင်ငံသည် ဝယ်ယူမှုအများဆုံးနိုင်ငံဖြစ်သည်။ သတင်းထုတ်ပြန်ချက်အရ တင်ပို့သော ဆန်၏ ၆၅.၁၅ ရာခိုင်နှုန်းသည် ဆန်မွှေး၊ ၁၆.၀၇ ရာခိုင်နှုန်းသည် ဆန်ကွဲ၊ ၁၄.၇၉ ရာခိုင်နှုန်းသည် ဆန်ဖြူ၊ ၂.၀၇ ရာခိုင်နှုန်းသည် ပေါင်းဆန်၊ ၁.၄၆ ရာခိုင်နှုန်းသည် အော်ဂဲနစ်ဆန်နှင့် ၀.၄၆ ရာခိုင်နှုန်းသည် အခြားဆန်အမျိုးအစားများဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက် (RCEP) သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်တို့သည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးပို့ကုန်များ တရုတ်နိုင်ငံနှင့် အခြား RCEP နိုင်ငံများသို့ တင်ပို့မှုအတွက် ခိုင်မာသော အုတ်မြစ်ချပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Source: Khmer Times                                                        

DOCA(ရန်ကုန်)

၂၀၂၆ ခုနှစ်အတွက် ကမ္ဘောဒီးယားနှင့် ကမ္ဘာ့ဘဏ်တို့ ဒေါ်လာ ၂၆၀ သန်း ရန်ပုံငွေထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ရေးထိုးမည်

           ကမ္ဘောဒီးယားနိုင်ငံနှင့် ကမ္ဘာ့ဘဏ် (WB) တို့သည် ၂၀၂၆ ခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၂၆၀ သန်းတန် ဘဏ္ဍာရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး နောက်ထပ်အရင်းမြစ်များကို စုစည်းခြင်းဖြင့် နောက်နှစ်များတွင် ရန်ပုံငွေများ ထပ်မံတိုးမြှင့်ရန် အစီအစဉ်ကို စတင်ခဲ့ကြသည်။ ၄.၁၂.၂၀၂၅ ရက်နေ့က စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သော ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ အစည်းအဝေးအတွင်း ကမ္ဘာ့ဘဏ်၏ ညွှန်ကြားရေးမှူးချုပ်  Marian J.Sharman က ယင်းစီမံကိန်းကို ကြေညာခဲ့ခြင်းဖြစ်သည်။ ၄.၁၂.၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်အရ Sharman က ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) နှင့် ကမ္ဘာ့ဘဏ်အကြား ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ လာမည့် ၂၀၂၅-၂၀၂၉ ခုနှစ် Country Partnership Framework (CPF) မှတစ်ဆင့် ကမ္ဘောဒီးယား၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ပံ့ပိုးပေးရန် ဘဏ်၏ ကတိကဝတ်ကို Sharman က ထပ်မံအတည်ပြုခဲ့သည်။ ဒုတိယဝန်ကြီးချုပ် Pornmoniroth က ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ ချိတ်ဆက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ လုပ်ငန်းဆောင်တာမှတစ်ဆင့် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲမှုများကဲ့သို့သော အဓိကကဏ္ဍများတွင် ကမ္ဘာ့ဘဏ်၏ စဉ်ဆက်မပြတ် ပံ့ပိုးမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် ယင်းကဏ္ဍများသည် ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ခံနိုင်ရည်ရှိမှုကို အားကောင်းစေခြင်း၊ စီးပွားရေးကွဲပြားမှုကို မြှင့်တင်ခြင်း၊ ထုတ်လုပ်မှုကွင်းဆက်များကို မြှင့်တင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တိုးချဲ့ခြင်းတို့ကို ကူညီပေးကြောင်း ပြောကြားခဲ့သည်။ အကောက်ခွန် မူဝါဒများနှင့် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်အငြင်းပွားမှုနှင့် ဆက်စပ်သော သက်ရောက်မှုများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး မရေမရာမှုများကြားတွင် ဘဏ္ဍာရေး ကဏ္ဍ၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ စွမ်းအင်ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍပါဝင်မှု၊ အခြေခံအဆောက်အအုံနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် အဓိကနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times                                                        

DOCA(ရန်ကုန်)

CDC မှ ၁၁ လအတွင်း အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို အတည်ပြု

          ကမ္ဘောဒီးယားနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထူးခြားသော တိုးတက်မှုများကို ငြိမ်းချမ်းရေး၊ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှုနှင့်အတူ ရင်းနှီးမြှုပ်နှံမှု လှုံ့ဆော်မှုများနှင့် မူဝါဒများသည် ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန်၊ အလုပ်အကိုင်အသစ်များ ဖန်တီးရန်၊ ပို့ကုန်များ မြှင့်တင်ရန်နှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် အထောက်အကူပြုသည့် အချက်များဖြစ်ကြောင်း Chanthol က ပြောကြားခဲ့သည်။ CDC ၏ အဆိုအရ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် အထည်အလိပ်နှင့် အထည်အလိပ်မဟုတ်သော ထုတ်လုပ်ရေးလုပ်ငန်းများ၊ အခြေခံအဆောက် မြင်တွေ့ခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ပထမ (၁၁) လအတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု မတည်ငွေ အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု ၆၀၉ ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး အလုပ်အကိုင်ပေါင်း ၄၀၀,၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် ၂၀၂၄ ခုနှစ် ကာလတူတွင် စီမံကိန်း ၃၈၉ ခုမှ ၅၆.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး မတည်ငွေ အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံမှ ၄၈.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ဤကိန်းဂဏန်းများကို ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ-၁ Sun Chanthol က ၄-၁၂-၂၀၂၅ ရက်နေ့က ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် ကမ္ဘောဒီးယား ကုန်သွယ်ရေး ပြပွဲတွင် မိန့်ခွန်းပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။  Chanthol က နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) စီးဝင်မှုများသည် နိုင်ငံ၏ငြိမ်းချမ်းရေး၊ ခိုင်မာသော နိုင်ငံရေးတည်ငြိမ်မှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိသော ရင်းနှီးမြှုပ်နှံမှု လှုံ့ဆော်မှုများကြောင့်ဟု ထပ်လောင်းပြောကြားခဲ့ သည်။ အအုံများ၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်များကို အဓိကထားကြောင်း သိရသည်။ ကမ္ဘောဒီးယား ကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌ Lim Heng က ယင်းလှုပ်ရှားမှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များသည် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးပြီး ပို့ကုန်များကိုမြှင့်တင်ပေးကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းများ အမြင့်ဆုံးသို့ရောက်ရှိ

            ထိုင်းနိုင်ငံ၏ ဆန်ဈေးနှုန်းများသည် နိုင်ငံတောင်ပိုင်တွင် ရေကြီးမှုကြောင့် ဒီဇင်ဘာလ ပထမပတ်တွင် လပေါင်းများစွာအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနှင့် ဗီယက်နမ် နှစ်နိုင်ငံလုံး၏ ဈေးနှုန်းများမှာ တစ်လနီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။ ထိုင်းနိုင်ငံ၏ ၅ ရာခိုင်နှုန်း ဆန်ကြမ်းကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၀ မှ ဒီဇင်ဘာလ ပထမပတ်တွင် အမေရိကန်ဒေါ်လာ ၃၇၅ ဖြင့် ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း၊ ယခု ဈေးနှုန်းမြင့်တက်လာခြင်းသည် ရေကြီးမှု ကြောင့် တောင်ပိုင်းရှိ ထိုင်းဆန်များကို သက်ရောက်မှု ရှိသောကြောင့်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် ကုန်သည်တစ်ဦးက ရေကြီးမှုကို ကိုးကား၍ ပြေားကြားခဲ့ပါသည်။ ဝယ်လိုအားလျော့နည်းနေပြီး တောင်သူလယ်သမားများသည် အကျိုးအမြတ် နည်းပါးသောကြောင့် စိုက်ပျိုးခြင်းကို ရပ်နားထားရကြောင်း သိရှိရပါသည်။

Source : Bangkok post                                                                    

DOCA (ရန်ကုန်)

Kazakhstan နိုင်ငံ၏ သီးနှံတင်ပို့မှုများ တန်ချိန် ၃.၁သန်းတန်ခန့်ရောက်ရှိ

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှနိုဝင်ဘာလ ၂၇ ရက်အတွင်း Kazakhstan နိုင်ငံသည် သီးနှံ တန်ချိန် ၃.၁ သန်းတန်ခန့်တင်သွင်းခဲ့ပြီး ၎င်းပမာဏသည် ၂၀၂၄ ခုနှစ် အလားတူကာလ တွင်တင်ပို့ခဲ့သော တန်ချိန် ၂.၇ သန်းတန်ခန့်မြင့်တက်ခဲ့ကြောင်း သိရပါသည်။

          Uzbekistan သို့တင်ပို့မှုများမှာ တန်ချိန် ၁၀၆၆၀၀၀ တန်မှ ၁၄၁၆၀၀၀တန်သို့မြင့်တက်ခဲ့ ကြောင်း၊ Kyrgyzstan သို့တင်ပို့မှုသည်လည်း တန်ချိန် ၄၄၀၀၀ တန်မှ ၉၀၀၀၀တန်သို့ ၂ ဆမြင့် တက်ခဲ့ကြောင်းနှင့် Afghanisttan နိုင်ငံသို့ တင်ပို့မှုမှာလည်း တန်ချိန် ၁၃၉၀၀၀ တန်မှ ၁၇၉၀၀၀ တန် သို့ရောက်ရှိကာ ၂၈.၈ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း သိရပါသည်။

          Kazakhstanနိုင်ငံသည် စက်တင်ဘာလနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့အကြားတွင် သီးနှံ တန်ချိန်ပေါင်း ၂.၆ သန်းတန်အားတင်ပို့ခဲ့ကာ အဆိုပါပမာဏသည် ၂၀၂၄ ခုနှစ်တူညီသောကာလတွင် တင်ပို့ခဲ့သော သီးနှံတန်ချိန် ၂.၂ သန်းတန်ခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

Source: Kazinform International New Agency                              

DOCA (ရန်ကုန်)

ကမ္ဘာ့ဆီဈေးနှုန်းများ မြင့်တက်နေသဖြင့် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ပဲပိစပ်ဆီတင်သွင်းမှုများ ပယ်ဖျက်လိုက်သည့် အိန္ဒိယနိုင်ငံမှ ဆီသန့်စင်သူများ

          အိန္ဒိယနိုင်ငံမှ ဆီသန့်စင်သူများသည် ကမ္ဘာ့ဆီဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ပြည်တွင်း ပဲပိစပ်ဆီ‌များသည် တင်သွင်းလာသည့် ပဲပိစပ်ဆီများထက် ဈေးနှုန်းသက်သာမှုကြောင့် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ပဲပိစပ်ဆီတန်ချိန် ၇၀၀၀၀ မက်ထရစ်တန်ခန့်တင်သွင်းမှုကို ပယ်ဖျက်လိုက်ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံးဟင်းသီးဟင်းရွက်တင်သွင်းသည့် နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံမှ ဆီသန့်စင်သူများသည် ၄လအတွင်းဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် တင်သွင်းမှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းတွင်ထုတ်လုပ်သော သန့်စင်ပြီးသားပဲပိစပ်ဆီတန်ဖိုးသည် တစ်တန်လျှင် ရူပီး ၁၂၄၇၀၀ (အမေရိကန်ဒေါ်လာ ၁၃၈၇.၂၅ ခန့်) သာရှိပြီး ပြည်ပမှတင်သွင်းသော ပဲပိစပ်ဆီတန်ဖိုးသည် တစ်တန်လျှင် ရူပီး ၁၃၂၁၀၀ ခန့်ကျသင့်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံမှ ဝယ်သူများသည် စက်တင်ဘာလတွင် ပဲပိစပ်ဆီများကို တစ်တန်လျှင် အ‌မေရိကန်ဒေါ်လာ ၁၁၀၀ မှ ၁၁၂၀ အတွင်းဝယ်ယူခဲ့သော်လည်း အာဂျင်တီးနားနိုင်ငံမှ ပဲပိစပ်နှင့်အခြားသောအစားအသောက်ကုန်တင်ပို့မှုများမှ အခွန်များကို တိုးမြှင့်ကောက်ခံခြင်းကြောင့် ယခုအပတ်အတွင်း ပဲပိစပ်ဆီတန်ဖိုးသည် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၂၃၀ သို့မြင့်တက်ခဲ့ပြီး ဆက်လက်မြင့်တက်ဖွယ်ရှိသဖြင့် အိန္ဒိယနိုင်ငံမှ သန့်စင်သူများသည် ပဲပိစပ်ဆီတင်သွင်းမှုများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။ သို့ရာတွင် စားအုန်းဆီသည် ပဲပိစပ်ဆီထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ခန့် သက် သာာမှုများရှိသဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူသူများသည် ပဲပိစပ်ဝယ်ယူမည့် စာချုပ်များကို ပယ်ဖျက်မှု များပြုလုပ်ပြီး ဈေးသက်သာသော စားအုန်းဆီတင်သွင်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အဓိကအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံတို့မှ တင်သွင်းပြီး ပဲပိစပ်ဆီနှင့်‌နေကြာဆီများကို အာဂျင်တီးနားနိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။

Source: The Edge Malaysia

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ