
တောင်ကိုရီးယားရှိအင်ဒိုနီးရှားကုန်သွယ်ရေးတာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံ Goyang မြို့တော်အစိုးရသည် အင်ဒိုနီးရှားကော်ဖီအရောင်းမြှင့်တင်ရန်အတွက် MoU လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ Busan မြို့တော်ရှိ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၏ အကြီးအကဲဖြစ်သူ Husodo Kuncoro Yakti က Goyang မြို့တော်အစိုးရသည် မြို့တော်အား ၂၀၂၈ ခုနှစ်တွင် တောင်ကိုရီးယား၏ ကော်ဖီဖြန့်ဖြူးရာအချက်အချာအဖြစ်တည်ထောင်ရန် စီစဉ် ထားကြောင်းပြောကြားခဲ့ပါသည်။ Yakti ၏အဆိုအရ တောင်ကိုရီးယားတွင် ကော်ဖီသောက်သုံးမှု မြင့်တက်လာခြင်းနှင့်အတူ အင်ဒိုနီးရှားက်ေဖီတင်ပို့သူများသည် ထိုအရှိန်အဟုန်ကို အသုံးချသင့် ကြောင်း သိရပါသည်။ Yakti က တောင်ကိုရီးယားတွင် ကော်ဖီသောက်သုံးမှုတည်ငြိမ်စွာမြင့်တက် လာခြင်းနှင့် Goyang မြို့တွင် ကော်ဖီဖြန့်ဖြူးမည့်စင်တာဖွင့်လှစ်မည့်အစီအစဉ်သည် အင်ဒိုနီးရှား ကော်ဖီအတွက် အကျိုးကျေးဇူးရှိကြောင်းနှင့် ၎င်းတို့သည် ထိုကော်ဖီဖြန့်ဖြူးရေးစင်တာက တောင်ကိုရီးယားတွင် အင်ဒိုနီးရှားကော်ဖီသောက်သုံးမှုကိုအရှိန်မြှင့်တင်ပေးနိုင်မည်ဟု မျှော်လင့် ကြောင်း ပြောကြားခဲ့ပါသည်။ MoU ကို Yakti နှင့် Goyang မြို့တော်ဝန် Lee Dong-hwa တို့က တောင်ကိုရီးယားနိုင်ငံတွင် နိုဝင်ဘာလ ၆ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။ ထိုကနဦးဆောင်ရွက်မှုတွင် အင်ဒိုနီးရှားသည် Goyang မြို့တော်နှင့်ပူးပေါင်းဆောင်ရွက် သည့်ပထမဆုံးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် လတ်တလောတွင် တောင်ကိုရီးယားသို့ ၁၃ ခုမြောက်အကြီးမားဆုံးကော်ဖီရောင်းချသူဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား၏ ရေနံနှင့် ဂတ်စ်မဟုတ်သည့် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၀.၁၃ ဘီလီယံရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ တောင်ကိုရီးယားသို့ ရေနံနှင့်ဂတ်စ်မဟုတ်သည့်ထုတ်ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၉.၁၂ ဘီလီယံတန်ဖိုးရှိပြီး ရေနံနှင့်ဂတ်စ်မဟုတ်သည့်ထုတ်ကုန်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈.၆၂ ဘီလီယံတန်ဖိုးရှိ ကြောင်း သိရပါသည်။ နှစ်နိုင်ငံအကြားရေနံနှင့်ဂတ်စ်မဟုတ်သည့်ထုတ်ကုန်များများကုန်သွယ်မှု မှာ ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း နှစ်စဉ် ပျမ်းမျှ ၈.၈၄ ရာခိုင်နှုန်းမြင့်တက်လျှက်ရှိကြောင်း သိရပါ သည်။
DOCA (ရန်ကုန်)
