Main menu

အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်သောဆန်တန်ချိန်ပေါင်း ၅၀၀၀၀ တန်ခန့်တင်သွင်း‌တော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ

Powered by Drupal

   ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် ပြည်သူလူထုစားနပ်ရိက္ခာများဖူလုံရန်အတွက် အိန္ဒိယနိုင်ငံ မှ ဘာစမာတီမဟုတ်သောဆန်တန်ချိန်ပေါင်း ၅၀၀၀၀ တန်ခန့်တင်သွင်းတော့မည်ဖြစ်ကြောင်း နိုင်ငံတော်အကြံပေးကော်မတီ၏ ဆုံးဖြတ်ချက်အရ သိရပါသည်။

MS Gurudeo Exports Corporation Pvt Ltd သည် ဆန်တန်ချိန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၆.၇၈ နှုန်းဖြင့် ထောက်ပံ့မည်ဖြစ်ကြောင်း သိရပါသည်။ စုစုပေါင်းဝယ်ယူမှု ကုန်ကျစရိတ်သည် Tk ၂၁၇.၆၈ ကုဍေ ခန့်ကုန်ကျမည်ဖြစ်ကြောင်း အစားအသောက်စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရပါသည်။ အဆိုဝန်ကြီးဌာန သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်ပေါင်း ၅၀၀၀၀ တန် ခန့်တင်သွင်းခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်ပေါင်း ၈၃၅၀၀၀ တန်ခန့် တင်သွင်းခဲ့ ကြောင်း သိရပါသည်။

ဝယ်ယူမှုကော်မတီသည် စက်မှုလုပ်ငန်းဝန်ကြီးဌာနမှ တစ်နှစ်စာဆန် တန်ချိန် ၁၀၀၀၀၀ ခန့်တင်သွင်းရန်တောင်းဆိုထားသည့် တောင်းဆိုလွှာအား ခွင့်ပြုလိုက်ကြောင်း သိရပါသည်။ ၎င်းကော်မတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေး ရှင်းမှ Triple Super Phosphate (TSP) တန်ချိန်ပေါင်း ၆၀၀၀၀ ခန့်ဝယ်ယူရန်လျှောက်ထားသည့် တင်ဒါကိုလည်းခွင့်ပြုခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)