Main menu

ဥရောပသမဂ္ဂ၏ သစ်‌တောဥပဒေထုတ်ပြန်မှုအပြီးတွင် အင်ဒိုနီးရှားနိုင်ငံသည် မြောက်အာဖရိကနိုင်ငံအား စိုက်ပျိုးရေးထွက်ကုန်များတင်ပို့ရန် စိတ်ဝင်စားနေ

Powered by Drupal

    ဥရောပသမဂ္ဂ၏ သစ်တောဥပဒေထုတ်ပြန်မှုအပြီး၊ မြောက်အာဖရိကနိုင်ငံရှိ အသေးစား လုပ်ငန်းလုပ်ကိုင်သည့် ကော်ဖီနှင့် ကိုကိုးလယ်သမားသည် EU သို့ဝင်ရောက်နိုင်မှု အန္တရာယ်များ နှင့်ရင်ဆိုင်ရနိုင်ဖွယ်ရှိသဖြင့် အင်ဒိုနီးရှားနိုင်ငံသည် မြောက်အာဖရိကနိုင်ငံစျေးကွက်အတွင်း ဝင်ရောက်ရန်အတွက် လေ့လာစောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရပါသည်။ အရာရှိများ သည် အင်ဒိုနီးရှားနိုင်ငံလူသုံးကုန်ပစ္စည်းများတင်ပို့မှု တိုးမြှင့်နိုင်ရန်အတွက် အီဂျစ်နိုင်ငံနှင့် အလုပ် လုပ်နေကြောင်းနှင့် Libya နှင့် Syria တို့အား ဖြစ်နိုင်ချေရှိသော စျေးကွက်များအဖြစ် စူးစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးရာအကြံပေးဝန်ကြီး ဆိုသူ Arif Havas Oegroseno က ပြောကြားခဲ့ပါသည်။ EU ၏ သစ်တောထိန်းသိမ်းရေးဥပဒေ သည် စားအုန်းဆီ၊ ကော်ဖီ၊ ကိုကိုးနှင့် ပဲပိစပ်များထုတ်လုပ်ရန်အတွက် သစ်ပင်များ ခုတ်လှဲမှုကို လျော့ချရန် ရည်ရွယ်ကြောင်း သိရပါသည်။ အရှေ့တောင်အာရှနိုင်ငံများသည် ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီတင်ပို့ခြင်းနှင့် ကိုကိုးနှင့်ကော်ဖီစိုက်ပျိုးသည့်နိုင်ငံများဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအစိုးရသည် လက်ရှိတွင် ရေရှည်သုံးနိုင်သော လေယာဥ်ဆီနှင့် ဇီဝဒီဇယ်များ အသုံးပြုမှုတိုးမြှင့်ခြင်းဖြင့် စာအုန်းဆီအတွက် ပြည်တွင်းစျေးကွက်ကိုအဆင့်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။

DOCA (ရန်ကုန်)