
မလေးရှားနိုင်ငံ၏ စားအုန်းဆီသိုလှောင်မှုများသည် အောက်တိုဘာလအကုန်တွင် ၆ နှစ်ခွဲ ကာလအတွင်းအမြင့်ဆုံးအထိရောက်ရှိခဲ့ပြီး ယခင်လများထက် ၄.၄ ရာခိုင်နှုန်း၊ တန်ချိန် ၂.၄၆ သန်းခန့် မြင့်တက်ခဲ့ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော လုပ်ငန်းကြီးကြပ် သူများ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။
စားအုန်းဆီထုတ်လုပ်မှုနှုန်းသည် စက်တင်ဘာလမှ အောက်တိုဘာလအတွင်းတွင် ၁၁.၀၂ ရာခိုင်နှုန်း၊ တန်ချိန် ၂.၀၄ သန်းခန့်မြင့်တက်စွာထုတ်လုပ်နိုင်ခဲ့ကြောင်းနှင့်၎င်းသည် စတင်ထုတ် လုပ်ခဲ့သည့် ၂၀၁၅ ခုနှစ် သြဂုတ်လကတည်းက မြင့်တက်မှုများရှိခဲ့ပြီး စားအုန်းဆီတင်ပို့မှုသည် လည်း ၁၈.၅၈ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၁.၆၉ သန်းခန့်မြင့်တက်ခဲ့ပြီး ယခုနှစ်အတွက်အမြင့်ဆုံး တင်ပို့မှုဖြစ်ကြောင်း မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့၏ ပြောကြားချက်များအရ သိရပါသည်။
Reuters သတင်းဌာန၏ ခန့်မှန်းချက်များအရ မလေးရှာနိုင်ငံရှိစားအုန်းဆီသိုလှောင်ရုံများ တွင် ထုတ်လုပ်အသုံးပြုမည့်စားအုန်းဆီတန်ချိန် ၁.၉၄ သန်းနှင့် တင်ပို့မည့်စားအုန်းဆီတန်ချိန် ၁.၄၈သန်းဖြင့် စုစုပေါင်းတန်ချိန် ၂.၄၄ သန်းခန့်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
