Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချနေသော နှင်းသီး နှင့် ထောပတ်သီး ဈေးနှုန်း

       ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ နှင်းသီး၊ ဓေါပတ်သီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီး  နှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်း သိရ သည်။

           ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နှင်းသီး ဈေးနှုန်းများမှာ နှင်းသီး  တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅)ကျပ် သားလျှင်(၃၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ထောပတ်သီး ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်ဖြင့် လည်းကောင်း ထောပတ်သီး(1)kg လျှင် (၈၀၀၀)ကျပ်ဈေးဖြင့် လည်းကောင်း၊ ထောပတ်သီး တစ်လုံးလျှင် (၁၀၀၀/၁၂၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ နဂါးမောက်သီး နှင့် လိမ္မော်သီး ဈေးနှုန်း

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်း ကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး  အကြီး တစ်လုံးလျှင်(၁၅၀၀)ကျပ်၊  နဂါးမောက်သီး အသေး တစ်လုံး လျှင်(၅၀၀/၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး လိမ္မော်သီး ဈေးနှုန်းများမှာ လိမ္မော်သီး တစ်ပိဿာလျှင်(၂၄၀၀၀)ကျပ်၊ လိမ္မော်သီး(၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် လိမ္မော်သီး(၂၅)ကျပ် သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီး မျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ တီလားဗီးယားငါး ဈေးနှုန်းများ အနေဖြင့် တီလားဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ တီလားဗီးယားငါးအကြီး (၅၀)ကျပ် သားလျှင်(၈၀၀၀)ကျပ်၊တီလားဗီးယားငါးအသေး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊တီလားဗီးယားငါး အသေး (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းအနေဖြင့် ငါးလေး ဒေါင့် အကြီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ငါးလေးဒေါင့်(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ ဆန်လှော်မရွှေး နှင့် ပေါက်ပေါက်ဆုတ် ဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိုလည်း သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ရွှေဘိုမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀)ကျပ်သားလျှင်(၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပေါက်ပေါက်ဆုတ် ဈေးနှုန်းအနေဖြင့် ပေါက်ပေါက်ဆုတ် တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ပေါက်ပေါက်ဆုတ်(၅၀)ကျပ်သားလျှင်(၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်မျိုးစုံ ရောင်းချ သည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ ငရုတ်သီးစိမ်း နှင့် ပန်းငရုတ်ပွသီး ဈေးနှုန်း

        ကျွန်းလှမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်အနေဖြင့် စိုက်ပျိုးကြရာတွင် စားဖိုဆောင် သီးနှံများဖြစ်သည့် ကန်ဇွန်း၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ခဝဲ၊ ခဆော့သီး၊ ကင်းမုံသီး၊ ပဲတောင့်ရှည်သီး ၊ ရုံးပတီသီး နှင့် သခွားသီး စသည်တို့ကို စိုက်ပျိုးသည့်အနက် ငရုတ်သီးစိမ်းများဖြစ်သည့် မိုးထော်ငရုပ် (ကျောက်စိမ်းမျိုး)နှင့် ကုလားအော် ငရုပ်သီးစိမ်း တို့ကိုပါ စိုက်ပျိုးရောင်းချကြပါသည်။

        ၂၀၂ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်နေသော ငရုပ်သီးစိမ်း ၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုတ်(ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ မိုးထော်ငရုတ် (ကျောက်စိမ်းသီး)(၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ်၊ ကုလားအော်  ငရုတ်သီးစိမ်း တစ်ပြည်လျှင် (၁၀၀၀၀) ကျပ်၊ နို့ဆီတစ်ဘူးလျှင် (၁၃၀၀)ကျပ်နှင့် ကုလားအော် ငရုတ်သီးစိမ်း တစ်ပုံလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ပန်းငရုတ်ပွသီး ဈေးနှုန်းအနေဖြင့် ပန်းငရုတ်ပွသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ပန်းငရုတ်ပွသီး (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လက်ဖက်အစားထိုး ကြက်တက်ရွက်ပြုတ် နှင့် ကြက်မောက်ဖြူရွက်ပြုတ်ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ် ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက် နှင့် ကြက်မောက်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင် ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။

    ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချ နေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် ကြက်တက်ရွက်ပြုတ်(၁၀) ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ကြက် မောက်ဖြူရွက်ပြုတ်(၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူရွက်ပြုတ် (၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်တက်ရွက်သည် ရာသီချိန်ကုန်ပြီး ရှားပါးလာသည့်အတွက် ယခင်အပတ်ထက် ကြက်တက်ရွက်   ဈေးနှုန်း အနည်းငယ်မြင့်တက်လာသော် လည်း လူနဲ့တည့်သည့်အတွက် လူကြိုက်များပြီး အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးရှိ ဟင်းရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကျောက်သခွားမွှေးသီး နှင့် စပျစ်သီး ဈေးနှုန်း

   ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊  ဒညှင်းသီးနှင့် ဖရဲသီးများကို  မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း စပျစ်သီး ဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၆၀၀၀)ကျပ်၊ စပျစ်သီး ထိုင်ဝမ် အလုံးကြီး (၅၀)ကျပ်သားလျှင် (၁၈၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး အလုံးသေး (၅၀)ကျပ်သား လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်‌ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင် အပတ်ထက် စပျစ်သီး အလုံးကြီး ဈေးနှုန်း အနည်းငယ် မြင့်တက်လာကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ကန်ဇွန်းဥ ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင်နှင့် မိမိတို့ပိုင်ယာမြေများတွင် စီးပွားဖြစ် စိုက်ပျိုးရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော  ကန်ဇွန်းဥ ဈေးနှုန်းမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ကန်ဇွန်းဥ ၅၀ကျပ်သားလျှင် (၁၅၀၀) ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ဝယ်လိုအားများပြီး အရောင်းအဝယ်ဖြစ်နေကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးကျဆင်း

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးကို မြို့ပတ်ဝန်းကျင်ရှိ ရွာတော်၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတော၊ မလွန် စသည့်ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှလည်း မှာယူရောင်းချ ကြကြောင်း၊ ဇူလိုင်လ(တတိယပတ်)အတွင်း ခရမ်းချဉ်သီးဈေးနှုန်းစတင်ကျဆင်းပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် (အလုံးအကြီး၊ အသေး) အလိုက် ကျပ်(၂၃၀၀-၂၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် (၁)ပိဿာ လျှင် ကျပ်(၇၀၀-၉၀၀)ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် မင်းလှမြို့နယ်အတွင်း ကျေးရွာများရှိ တနိုင်တပိုင်ခရမ်းချဉ်စိုက်ခင်းများမှ ခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသည့်အတွက် ဇေယျာသီရိဈေးအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်ဈေးမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဟင်းသီးဟင်းရွက် များကို မြို့ပတ်ဝန်ကျင်းရှိ ကျေးရွာများအပြင် သရက်မြို့၊ တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် အင်းလေးဒေသတို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။

  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် (အကြီး၊ အသေး)အလိုက် ကျပ်(၃၀၀၀-၃၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ (တတိယပတ်)တွင် ပန်းဂေါ်ဖီ(၁)ပွင့်လျှင် ကျပ်(၂၅၀၀-၂၈၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀၀) ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပန်းဂေါ်ဖီ ကျပ်(၅၀၀-၇၀၀)၊ ဂေါ်ဖီထုပ် ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ ဇေယျာသီရိဈေး၌ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များကို တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချသည့်အပြင် မိုးတွင်းကာလဖြစ်၍ ရှမ်းပြည်နယ်မှ မှာယူရောင်းချရသည့်အတွက် သယ်ယူစရိတ်အနည်းငယ်မြင့်မားလာသည့်အပြင် ဒေသတွင်းရှိ ပန်း ဂေါ်ဖီနှင့်ဂေါ်ဖီထုပ် စိုက်ခင်းများမှာလည်း  ထွက်ရှိချိန်ကာလမဟုတ်သည့်အတွက် ဈေးနှုန်းမှာမြင့် တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း