Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မကွေးမြို့၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

  မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စက်သုံးဆီရည်ညွှန်းဈေးနှုန်းများအားနေ့စဉ် ထုတ်ပြန်ပေးလျက် ရှိပါ သည်။ မကွေးမြို့တွင် စက်သုံးဆီဆိုင်များအားလုံး ပုံမှန်ဖွင့်လှစ်ရောင်းချပေးနေပြီး ၂၀၂၅ခုနှစ်၊ (တတိယပတ်)တွင်   ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ 92()လီတာလျှင်  ကျပ်(၃၀၅၅) 95(၁) လီတာလျှင် ကျပ်(၃၁၁၀)၊ဒီဇယ်(ရိုးရိုး)()လီတာလျှင် ကျပ်(၂၈၃၀)၊ ဒီဇယ်(ပရီမီယံ)() လီတာလျှင် ကျပ်(၃၄၇၅)ဖြစ်ပြီး (ဒုတိယပတ်)တွင် 92()လီတာလျှင် ကျပ်(၃၀၈၅) 95()လီတာလျှင် ကျပ် (၃၁၄၀)၊ ဒီဇယ်(ရိုးရိုး)()လီတာလျှင် ကျပ်(၂၈၀၅)၊ ဒီဇယ်(ပရီမီယံ)()လီတာလျှင် ကျပ်(၃၄၅၀) ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် 92()လီတာလျှင် ကျပ်(၃၀) 95() လီတာလျှင် ကျပ်(၃၀)ဈေးနှုန်းကျဆင်းခဲ့ပြီး  ဒီဇယ်(ရိုးရိုး)()လီတာလျှင် ကျပ်(၂၅)၊ ဒီဇယ်(ပရီမီယံ) ()လီတာ လျှင် ကျပ်(၂၅)ဈေးနှုန်းအနည်းငယ်တက်လာကြောင်း သိရှိရသည်။

DOCA(မ‌ကွေး)

ကျွန်းလှမြို့နယ်၌ ရောင်းချလျက်ရှိသော မြင်းခွာရွက် ပူစီနံရွက် နှင့် မုံညှင်းရွက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများကို မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးရောင်းချလျက်ရှိရာမှ မြင်းခွာရွက်ကိုလည်း အနည်းငယ်မျှသာ စိုက်ပျိုးထားသော်လည်း သဘာဝအရ မျိုးပွားသည့်အတွက် နေ့စဉ်ခူးဆွတ်ပြီး   ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေး ကွက်အတွင်းသို့ လာရောက် ပို့ဆောင် ရောင်းချရကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက် ရှိသောမြင်းခွာရွက် ဈေးနှုန်းမှာ မြင်းခွာရွက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ ()ကျပ်သားခန့် တစ်ပုံလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊ ပူစီနံနံရွက် လက်တွင်းတစ်ဆုပ်စာ တစ်ပုံလျှင်(၃၀၀)ကျပ်()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊  မုန့်ညှင်းရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ မုန့်ညှင်းရွက်()စီးလျှင်(၅၀၀) ကျပ်နှင့် မုန့်ညှင်းရွက်()စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း၊ သရက်သီးစိမ်း နှင့် သရက်ချဉ် ဈေးနှုန်း

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် သရက်သီးစိမ်းများကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

     ယခု ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချနေသည့်  မန်ကျည်း သီးစိမ်း ဈေးနှုန်းအနေဖြင့် မန်ကျည်းသီးစိမ်း တစ်ပြည်လျှင်(၅၅၀၀)ကျပ်၊ နို့ဆီ()ဘူးလျှင်(၇၀၀) ကျပ်နှင့် မန်ကျည်းသီးစိမ်း()ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ၊သရက်သီးဈေးနှုန်း အနေဖြင့် သရက်သီး အကြီး တစ်လုံးလျှင်(၇၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပြီး အလားတူပင် သရက်ချဉ် ဈေးနှုန်း အနေဖြင့် သရက်ချဉ် တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၁၆၀၀)ကျပ်၊(၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၃၀၀)ကျပ်‌ ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ သရေစာ နှမ်းပျစ်ယို၊ ကြံသကာ၊ သကြားခွေနှင့် ဇီးပြား ဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နှမ်းပျစ်ယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော နှမ်းပျစ်ယို ဈေးနှုန်းများမှာ နှမ်းပျစ်ယို တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ဇီးပြား ဈေးနှုန်းအနေဖြင့် ဇီးပြား တစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ကြံသကာ ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ သကြားခွေ ဈေးနှုန်း အနေဖြင့် သကြားခွေ တစ်ပိဿာလျှင်(၇၈၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျန်းမာရေးအတွက် အရေးပါသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် လည်းကောင်း အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံ များဖြစ်သော ကြက်သွန်၊ ငရုတ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ နနွင်းမှုန့် အစစ်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ စတုတ္ထပတ်တွင် မြင့်တက်လျက်ရှိသော စက်သုံးဆီဈေးနှုန်း

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

      စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်()ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမိဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခု  ဇူလိုင်လ တတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၅၄)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၂၀၁)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၆၄)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၃၅၀၈)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု  ဇူလိုင်လ စတုတ္ထအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၁၆)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၃)ကျပ် ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၅)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၂)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၂၉)ကျပ်၊  95တစ်လီတာလျှင် (၂၈) ကျပ် ကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်(၂၂)ကျပ်၊ ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာ လျှင်(၂၄)ကျပ် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းသီးခြောက် နှင့် ဇီးဖြူသီးခြောက် ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံပင်များ၊ ဆီထွက်သီးနှံပင်များနှင့် စားဖိုဆောင်သီးနှံပင် များကို စိုက်ပျိုးကြပြီး စားသုံးပိုလျှံသည့် အသီးများကို ရှားပါးသောရာသီတွင် ရောင်းချရန်အတွက် အသီးမျိုးစုံကို  အခြောက်လှမ်းထားပြီး  ဈေးကွက်ရှိရာသို့ လာရောက်ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ခရမ်းသီးခြောက်ဈေးနှုန်း အနေဖြင့် ခရမ်းသီးခြောက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းသီးခြောက်(၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ခရမ်းသီးခြောက်(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် နှင့် ဇီးဖြူသီး ခြောက် တစ်ပြည်လျှင်(၈၀၀၀)ကျပ်၊ ဇီးဖြူသီးခြောက် နို့ဆီတစ်ဘူးလျှင်(၁၀၀၀)ကျပ်  ဈေးနှုန်း တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးကုလားပဲစျေးကွက်

   ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လစတုတ္ထပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၆၅၀၀၀ကျပ်၊ကုလားပဲ(V-7)၂၆၅၀၀၀ကျပ်နှင့် ၂၇၀၀၀၀ ကျပ်၊ကုလားပဲ(ထိုင်ဝမ်) ၂၄၅၀၀၀ကျပ်၊ ကုလားပဲ(929) ၂၅၇၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ကုလားပဲ(V-2)၄၆၂၉ကျပ်၊ ကုလားပဲ(V-7) ၄၆၂၉ ကျပ်နှင့် ၄၇၁၆ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၃၅၆ ကျပ်၊ ကုလားပဲ(929) ၄၅၆၉ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ ကုလားပဲ (V-2) ၄၂၉၇ ကျပ်နှင့် ၄၃၁၄ကျပ်၊ကုလားပဲ (V-7)  ၄၄၀၂ကျပ်နှင့်၄၄၅၄ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၁၇၈ကျပ်နှင့် ၄၂၁၃ ကျပ်၊ကုလားပဲ(929)၄၂၆၇ ကျပ်နှင့် ၄၃၀၂ကျပ် စျေး တို့ဖြစ်သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲ စျေးပိုမိုရရှိကြောင်း သိရပါ သည်။    

DOCA(မန္တ‌လေး)     

အရောင်းသွက်သည့်စားတော်ပဲ

  စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်  ၂၀၂၅ခုနှစ်  ဇူလိုင်လ စတုတ္ထပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျင် စားတော်ပဲ (ကနေဒါ)    ၅၂၀၀၀၀ကျပ် နှင့် ၅၃၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၆၀၀၀၀၀ကျပ်၊တစ်ပိဿာလျှင် စားတော်ပဲ (ကနေဒါ) ၈၇၇၆ ကျပ်နှင့် ၈၉၄၅ ကျပ်၊ စားတော်ပဲ (ကျွန်း) ၁၀၁၂၇ ကျပ်တို့ဖြစ်ကြောင်း သိရပါ သည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာစားတော်ပဲ (ကနေဒါ)၆၆၆၇ ကျပ်၊စားတော်ပဲ (ကျွန်း) ၄၅၅၇ ကျပ်နှင့် ၄၇၂၆ ကျပ်ဖြစ်ပြီး၊ယခု နှင့် ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက တစ် ပိဿာလျှင်   စားတော်ပဲ (ကနေဒါ) ၂၂၇၈ ကျပ်နှင့် စားတော်ပဲ (ကျွန်း)၅၄၀၁ ကျပ်တို့စျေးပိုမိုရရှိ ကြောင်း သိရပါသည်။

DOCA(မန္တ‌လေး)

ကျွန်းလှမြို့၌ ရောင်းချနေသော ခရမ်းချဉ်သီး၊ အာလူးနှင့် ဂျင်း(ချင်း) ဈေးနှုန်း

   ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူး နှင့် ဂျင်း(ချင်း) တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အာလူးသီးဈေးနှုန်းများမှာ အားလူးသီးအလုံးကြီး()ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး()ပိဿာလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ ဂျင်း(ချင်း)တက်()ပိဿာလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ ကြောင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင်  ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ/နီ /အာလူး /ဂျင်း(ချင်း) အရောင်း အဝယ် လုပ်နေသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း