
ဖန်ခါးပင်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ သဘာဝအလျောက် ပေါက်ရောက်တဲ့ အပင်အမျိုးအစားဖြစ်ပါသည်။အပူပိုင်း အရိပ်ရ အပင်ကြီးမျိုးဖြစ်ပြီး ပင်စည်ဖြောင့်မတ်ပြီးအ ခေါက်ထူပါသည်။ ဖန်ခါးသီးသည် အစိမ်းရင့်ရောင် သို့မဟုတ် စိမ်းဝါရောင်ရှိပါသည်။ ဖန်ခါးသီး များကိုကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ဖန်ခါးသီးသည် နာမည်နှင့်လိုက်အောင် ဖန်လည်းဖန်၊ ခါးလည်းခါးပေမယ့် အနံ့ကတော့ မွှေးပါသည်။ တကြွပ်ကြွပ် ဝါးစားလို့ရတဲ့ ဖန်ခါးသီးကို ငပိရည်နှင့် အတို့အမြှုပ်အ ဖြစ်စားကြသလို ကြက်သွန်ဖြူ၊ ဆား ၊ မီးဖုတ်လေးနဲ့ ထောင်းပြီးတော့လည်း စားကြပြီး အခြားနည်းတွေနဲ့လည်း ဆေးဖြစ်ဝါးဖြစ်စားကြကြောင်း၊ ဖန်ခါးပင်ရဲ့ အသီး၊ အမြစ်နဲ့ အခေါက် တို့ကို အသုံးပြုခြင်းအားဖြင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုနိုင်ပါသည်။ ဖန်ခါး သီးသည် အစာခြေစနစ် ကောင်းမွန်စေခြင်း ၊ ဆီချိုရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ သွားနှင့်ခံ တွင်းကိုကျန်းမာစေခြင်း၊ သွေးတွင်းကိုယ်လက်စထရောကို ထိန်းညှိနိုင်ပြီး ကိုယ်လက်နာကျင် ကိုက်ခဲခြင်းများကို သက်သာစေနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ယခုအခါ ကန့်ဘလူမြို့ ဈေးကွက်အတွင်း ဖန်ခါးသီး(၁)ပြည်လျှင်(၃၈၀၀)ကျပ်၊ နို့ဆီဘူး(၁)ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)