
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကုလားပဲချောင်းနှင့် စလေဘီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ရောင်းချလျက်ရှိသောကုလား ပဲချောင်းနှင့်စလေဘီ ဈေးနှုန်းများမှာ စလေဘီ(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေဘီ(၅၀)ကျပ် သားလျှင်(၆၀၀၀)ကျပ်နှင့် စလေဘီ (၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ကုလားပဲချောင်း(၁) ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ ကုလားပဲချောင်း (၅၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ ကုလားပဲချောင်း (၂၅)ကျပ်သားလျှင် (၃၅၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲချောင်းနှင့် စလေဘီများကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်လည်းကောင်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)