
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးများရောင်းချလျက်ရှိကြောင်း သိရသည်။
ပဲတောင့်ရှည်သီးနှင့်ကြောင်လျှာသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည် (၅)တောင့်ပါ(၁)စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်(၅)တောင့်ပါ(၅)စည်းလျှင် (၂၅၀၀)ကျပ်၊ပဲ တောင့်ရှည်(၁၀) စည်းပါ ( ၁ ) ထုံးလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)