Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်ခရိုင် ၄မြို့နယ်နှင့် အခြားမြို့နယ်များမှ ဇွန်လ ဆန်တင်ပို့မှု အခြေအနေများ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။ ယခုလ ၂၀၂၅ ခုနှစ် ဇွန်လ ၁လအတွင်း မအူပင် ဆန်တင်ပို့မှု အိတ် ၂၆၆၀၊ ပန်းတနော် ဆန်တင်ပို့မှု ၁၅၄၈၀၊ ညောင်တုန်းဆန်တင်ပို့မှု ၁၉၈၅၂၉၊ ဓနုဖြူမြို့ဆန်တင်ပို့မှု ၂၄၃၂၈ အိတ်နှင့် စုစုပေါင်း (၂၀၄၀၉၉၇) တင်ပို့ပြီး တန်အားဖြင့် ၁၂၀၅၀ တန်တင်ပို့နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များမှ တင်ပို့မှုနိုင်မှု အနေဖြင့် ၂၀၇၉၂၂ အိတ် နှင့် တန်အားဖြင့် ၁၀၃၉၆ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက မေလက မအူပင်ခရိုင် ၄မြို့နယ်မှ ဆန်မြို့နယ်တင်ပို့မှု (၂၃၀၆၃၈) တင်ပို့ပြီး ယခုလ (၁၈၅၀၃၄၉)အိတ် ပိုမိုတင်ပို့ကြောင်း ၊ အခြားမြို့နယ်တင်ပို့မှုမှာ ဆန် ၂၇၈၀၁၀ အိတ် တင်ပို့သောကြောင့် ယခုလ (၇၀၀၈၈) အိတ် လျော့နည်း ပိုနိုင်ကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်များကို သီလဝါဆိပ်ကမ်း၊သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း ပန်းပဲတန်းမြို့၊ Asiaworld ဆိပ်ကမ်းအလုံမြို့၊ ဇုန်-၂ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့၊ ယုဇန ၂လမ်း၊ ဘုရင့်နောင်မြို့၊ ၁ရပ်ကွက်မရမ်းကုန်းမြို့၊ ကျိုက်ဝိုင်းဈေး၊ မရမ်းကုန်းမြို့၊ ပဲခူးဈေးကြီး၊ ပဲခူးမြို့၊ သုဇနလမ်း၊ ထောက့်မြို့၊ ရွှေလင်ပန်းစက်မှုဇုန်လှိုင်သာယာမြို့၊ ပိတောက်လမ်း ဘုရင့်နောင်၊ AWPT ဆိတ်ကမ်းအလုံမြို့ တို့သို့ တင့်လျက်ရှိကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

မအူပင်မြို့နယ်၏ စပါး၊ ဆန် ဈေးကွက် အခြေအနေ

မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး၊ စပါးစိုက်ဧက ၁၄၁၁၉၂ ဧကရှိသည့် အနက် ၂၀၂၅-၂၀၂၆ ခုနှစ် ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးထွန်ယက်ပြီးစီးသည့် ဧကမှာ ၈၇၅၉ ဧက စိုက်ပျိုး ပြီးစီးကြောင်း သက်ဆိုင်ရာမြို့နယ် စာရင်းများအရသိရှိရပါသည်။ မအူပင်မြို့နယ်တွင် ဧည့်မထဆန်များမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တင်ပို့လျက်ရှိကြောင်း မအူပင်မြို့နယ်ရှိ ဆန်စက်ပိုင်ရှင်များထံမှ သိရပါသည်။ မအူပင်မြို့နယ်၏ စပါးဈေးကွက်မှာ မိုးစပါး ပေါ်ဆန်း ၅၀ပေါင် ကွင်းဈေး ၂၆၈၀၀ကျပ်၊ ဆန်(၁၀၈)ပေါင် ဈေးမှာ ၁၂၀၀၀၀ကျပ်၊ မိုးဆင်းသုခ (၅၀)ပေါင် စက်အရောက်စပါးဈေး ၁၇၅၀၀၊ ဆန်(၁၀၈)ပေါင် ထိပ်စ ၇၅၀၀၀ကျပ်၊ ဖွဲနုဈေး ၂၄၀၀၀ကျပ်၊ နွေ GW-11 (၅၀)ပေါင် စက်အရောက်ဈေး ၁၅၀၀၀ ကျပ်၊ ဆန်(၁၀၈)ပေါင်ဈေး ၆၂၀၀၀ကျပ်၊ ဆန်ကွဲ ၄၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စပါးဆန် ရောင်းဝယ်သူများထံမှ သိရသည်။ DOCA(ဧရာဝတီ)

ချောက်မြို့နယ်၌ မိုးမြေပဲစိုက်ပျိုးပြီးစီးမှုအခြေအနေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်ပျိုးစွမ်းအားများ တိုးမြှင့်စိုက် ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဇွန်လတွင် မိုးမြေပဲ(၅၂၇၈၉)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ချောက်မြို့နယ်အတွင်းစိုက်ပျိုးသည့် မြေပဲအမျိုးအစားများမှာ မကွေး ၁၁၊ မကွေး ၁၆၊ ဆင်းပဒေသာ ၁၁၊ စွန်တာနီ၊ ကျောင်းကုန်းပင်ပြန့်အမျိုးအစားများဖြစ်ပြီး ယခု၂၀၂၅ခုနှစ်တွင်မိုးမြေပဲ (၁၀၂၄၃၄)ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်က မိုးမြေပဲတစ်ဧကလျှင် (၅၇.၅၀)တင်းနှုန်းဖြင့် စုစုပေါင်း(၅၈၈၉၉၅၅)တင်းထွက်ရှိခဲ့ကြောင်း သိရသည်။ ချောက်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ဇူလိုင်လအတွင်းဖြစ်ပေါ်နေသော မြေပဲဆံ စျေးနှုန်းများမှာ မြေပဲလုံးဆံဖြူတစ်ပိဿာလျှင် ကျပ်(၈၅၀၀)ရှိနေပြီး ယခင်လနှင့်နှိုင်းယှဉ်ပါက မြေပဲ လုံးဆံဖြူတစ်ပိဿာလျှင် ကျပ်(၅၀၀)လျော့နည်းကျဆင်းခဲ့ကြောင်း သိရသည်။ DOCA (မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ချဉ်ပေါင်ရွက်ဈေးနှုန်းများကျဆင်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ရွာတော်၊ ပန်းတော်ပြင်၊ ညောင်ပင်သာ၊ မယ်ဇလီတော၊ ဥယျာဉ်နှင့် မြို့အရှေ့ ဘက်ကမ်းရှိ ကျွန်းရွာ၊ မြင်ကွန်းစသည့်ကျေးရွာများမှ ဟင်းသီးဟင်းရွက်များအပြင် သရက်မြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှစ၍ ချဉ်ပေါင်ရွက်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် ချဉ်ပေါင်ရွက်(၁)ပိဿာလျှင် ကျပ်(၃၀၀-၄၀၀)ဈေးနှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၂၀၀-၃၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် မိုးတွင်းကာလဖြစ်၍ ဒေသတွင်းကျေးရွာများ၌ ချဉ်ပေါင် ရွက်များ လှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ ဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။ DOCA (မကွေး)

မင်းလှမြို့နယ်တွင်အခြေခံစားသောက်ကုန်ဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်များဖြစ်သော ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀/ကျပ်၊ ကြက်သွန် နီ (အကြီး) တစ်ပိဿာလျှင် ၂၀၀၀ကျပ်၊(အလတ်) ၁၅၀၀/ကျပ်၊(အသေး) ၁၂၀၀/ကျပ်၊ ကြက်သွန် ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၁၀၀၀/ကျပ်၊မြန်မာတစ်ပိဿာလျှင် ၇၀၀၀/ကျပ်၊ ဂျင်းတစ် ပိဿာ လျှင် ၅၅၀၀/ ကျပ်၊သကြားတစ်ပိဿာလျှင် ၅၅၀၀/ကျပ်၊ ကုလားပဲ တစ်ပိဿာ လျှင် ၆၆၀၀/ကျပ်၊ မြေပဲဆံတစ် ပိဿာလျှင် ၁၂၀၀၀/ကျပ်၊ငရုတ်သီး ခြောက်တစ်ပိဿာ လျှင် ၁၀၀၀၀/ ကျပ်၊အာလူး တစ်ပိဿာလျှင် ၄၀၀၀/ကျပ်၊ဆားတစ်ပိဿာလျှင် ၁၈၀၀/ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျှက် ရှိပါသည်။ DOCA(ပဲခူး)

မင်းလှမြို့နယ်ရှိကြက်ဥ/ဘဲဥဈေးနှုန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော မြို့မဈေးအတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥ အရောင်း ဈေးနှုန်းများ မှာကြက်ဥ(အကြီး)တစ်လုံးလျှင် ၅၅၀/ကျပ်၊(အလတ်) ၄၄၀/ ကျပ်၊(အသေး) တစ်လုံးလျှင် (၄၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဘဲဥဈေးနှုန်းများမှာ(အကြီး)၇၀၀/ကျပ်၊ (အလတ်) ၆၅၀/ကျပ်၊(အသေး) ၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။မိုးတွင်းကာလတွင် တစ်နေ့ရောင်းအားအခြေအနေမှာ (၂၇၀၀)လုံးမှ (၃၂၀၀)လုံးထိ အနည်းငယ်ပိုမို ရောင်းချရပါကြောင်း ကြက်ဥ/ဘဲဥ ရောင်းချသူ လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ DOCA(ပဲခူး)

အထက်မင်းလှမြို့နယ်၊ ရွာတောကျေးရွာ၌ မိုးနှမ်းစိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ရွာတောကျေးရွာအုပ်စု၊ ရွာတော ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ကုလားပဲ၊ နေကြာ၊ နှမ်းနှင့် အခြား မီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလ (စတုတ္ထပတ်) မှစတင်၍ တောင်သူ(၄၀)ဦးခန့်မှ စိုက်ဧက(၃၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ရွာတောကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၁၉)ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)နှင့်(၉၅)ရက်အကြာတွင် ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်နှင့် ဆင်းရတနာ-၁၄ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုး ပြီး (၁)ဧကလျှင် မျိုး(၂)ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့ပေါ်ရှိပွဲရုံများမှ ဝယ်ယူပြီး မျိုးသန့်မှုပေါ်မူတည်၍ (၁)ပြည်လျှင် ကျပ်(၂၀၀၀၀)ပေးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ် က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၄၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ ကျပ် (၅၅၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် တင်းရေ(၁၀)တင်း ထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်းလျှင် ကျပ်(၁၈၅၀၀၀)ထိဈေးရရှိ၍ အကျိုးအမြတ် အနေဖြင့် ကျပ်(၁၄၅၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချ ကြောင်း၊ ယခင်နှစ်က မိုးနှမ်းအနေဖြင့် နှမ်းနက်မှာ ရာသီဥတုသမမျှတမှုနည်း၍ အထွက်နှုန်းလျော့ နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများအနေဖြင့် ထိုက်သင့်သည့် အကျိုး အမြတ်ရရှိ၍ အဆင်ပြေပါကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍စိုက်ပျိုးရပြီး မိုးများ သည့်အခါတွင် နှမ်းပင်များပျက်စီး၍ အထွက်နှုန်းလျော့နိုင်ပြီး မိုးနည်းသည့်အခါတွင်လည်း မျိုးအောင်မူနည်း၍ အထွက်နှုန်းလျော့နည်းနိုင်ကြောင်း၊ ယခုနှစ်တွင်မူ မိုးရွာသွန်းမှုများ၍ ရေဝပ်မှုများသည့်အတွက် နှမ်းစိုက်ခင်းတချို့တွင် နှမ်းပင်များအသေအပျောက်များရှိသော်လည်း ရေဝပ်မှုမရှိသည့် ကျောက်ကုန်း မြေပေါ်တွင် စိုက်ပျိုးထားသည့် နှမ်းစိုက်ခင်းများမှာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ်ကအတိုင်း နှမ်းအထွက်နှုန်းလျော့ကျနိုင်သော်လည်း ဈေးကောင်းရရှိပါက နှမ်းစိုက်တောင်သူ များအနေဖြင့် အကျိုးအမြတ်များရရှိနိုင်ပါကြောင်း သိရှိရသည်။ DOCA (မကွေး)

ပဲဈေးကွက်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပဲဈေးကွက်အနေဖြင့် ဇူလိုင်လ ဒုတိယပတ်တွင် မတ်ပဲ (၂၀)ပိဿာတစ်တင်းကို (၉၅၀၀၀/)ကျပ်ရှိခဲ့ပြီး၊ ပဲယင်း(၂၀)ပိဿာ တစ်တင်းကို( ၇၇၀၀၀/)ကျပ်၊ ဘိုကိတ် တစ်ပြည်ကို(၇၀၀၀/)ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် (၁၀၀၀၀/) ကျပ်၊ပဲဖြူလေးတစ်ပြည်ကို (၈၀၀၀/) ကျပ်၊ပဲထောပတ်တစ်ပြည်လျှင် (၁၀၀၀၀/)ကျပ်၊ ကုလားပဲတစ်ပြည်(၉၀၀၀/)ကျပ်၊စားတော်ပဲတစ်ပိဿာကို (၈၅၀၀/)ကျပ်ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ပဲကုန်သည် တစ်ဦး ထံမှသိရှိရပါသည်။ DOCA(ပဲခူး)

မင်းလှမြို့နယ်စပါး/ဆန်ဈေးကွက်အခြေအနေ

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စပါးဈေးကွက်အခြေအနေဖြင့် ဇူလိုင်ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်တင်း (၁၀၀)လျှင် ၁၅၆၄၀၀၀/ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နွေစပါး(၄၆)ပေါင်လျှ၍် (၁၃၇၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ၊ဆန်တစ်ပြည်လျှင်၃၀၀၀/ကျပ်၊ဆန်အဟောင်း တစ်ပြည်လျှင် ၄၀၀၀/ကျပ်၊ဆန်အသစ်တစ်အိတ်လျှင် ၆၃၀၀၀/ကျပ်၊ဆန်အဟောင်းတစ် အိတ်လျှင် ၇၀၀၀၀/ကျပ်၊ပေါ်ဆန်းမွှေးတစ်ပြည်လျှင် ၇၅၀၀၀/ကျပ်မှ ၉၅၀၀/ကျပ်၊ ကောက်ညှင်းဆန် တစ်ပြည်လျှင် ၉၀၀၀/ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်နေပါကြောင်းဆန် ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။ DOCA(ပဲခူး)

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းများစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်းတောကုန်း၊ မကြီးကန်၊ ဆားတိုင်ကန်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလဆန်းမှစတင်၍ စိုက်ပျိုးထားကြောင်း သိရှိရသည်။ ဆားတိုင်ကန်ကျေးရွာနေ နှမ်းစိုက်တောင်သူတစ်ဦးက ၎င်းအနေဖြင့် နှမ်းနက်(၃)ဧကခန့်ကို ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်း ရကြောင်း၊ မျိုးအနေဖြင့် သိပ္ပံနှမ်းနက်မျိုးကို အများဆုံးစိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၃)ပြည်ခန့်ကုန် ကျကြောင်း၊ မျိုးကို နှမ်းစိုက်တောင်သူအချင်းချင်းဆီမှဝယ်ယူပြီး (၁)ပြည်လျှင် ကျပ်(၁၉၀၀၀) ပေးရ ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်က(၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြား သွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၅၀၀၀၀၀)ခန့် ကုန်ကျသော်လည်း ယခုနှစ်တွင်မှု သွင်းအား စုစရိတ်မြင့်တက်လာ၍ ကျပ်(၆၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင် နှစ်က (၁)ဧကလျှင် တင်းရေ(၆)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် နှမ်းနက်(၁)တင်းလျှင် ကျပ် (၂၃၀၀၀၀) ထိဈေးရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈၈၀၀၀၀)ထိရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့ ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခင်နှစ်က မိုးနှမ်းအနေဖြင့် နှမ်းနက်မှာ ရာသီဥတု သမမျှတ မှုနည်း၍ အထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် စိုက်တောင်သူများ အနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်ရရှိ၍ အဆင်ပြေပါကြောင်း၊ ယခုနှစ်တွင်မူ မိုးများ သော်လည်း ရေဝပ်မှုမရှိသည့်အတွက် နှမ်းပင်များအသေအပျောက်နည်း၍ စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပြီး အထွက်နှုန်းအနေဖြင့် (၁၀)တင်းမှ (၁၂)တင်းကြားထွက်ရှိနိုင်မည်ဟု ခန့်မှန်းပါကြောင်း၊ ယခု၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)တွင် နှမ်းနက်(၁)တင်းလျှင် ကျပ်(၂၆၀၀၀၀-၂၈၀၀၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခုနှစ်နှမ်းပေါ်မည့်အချိန်တွင် ယခုလက်ရှိဈေးအတိုင်းရရှိပါက နှမ်းစိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်များပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ DOCA (မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း