Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စလင်းမြို့၏ ဘိလပ်မြေဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်တာဝန်ခံသည် (၁၀.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဘိလပ်မြေအရောင်းဆိုင်များ၌ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် လက်ကျန်အခြေအနေများကို သိရှိနိုင်ရန် သွားရောက်မေးမြန်းခဲ့ကြောင်း သိရသည်။

    ဘိလပ်မြေအရောင်းဆိုင်များတွင် ပစ္စည်းပြတ်လပ်မှုမရှိကြောင်းသိရှိရပြီး ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကြံနှစ်ကောင် အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၁၀၅၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၁၁၃၀၀)၊ အယ်လ်ဖာ တစ်အိတ်လျှင် ကျပ်(၁၀၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး အမျိုးအစားအလိုက် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပိန်းဥဈေးကွက်ဈေးနှုန်းအခြေအနေ

     မိုးရာသီကာလတွင် ရာသီးသီးနှံမျိုးစုံထွက်ရှိလာသည့် သီးနှံများထဲမှ ပိန်းဥသီးနှံသည်လည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။ ပိန်းဥကို ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် ဟင်္သာတခရိုင်များရှိ ကျေးရွာအချို့၏ လယ်ကွက်နှင့် ခြံများတွင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးကာလမှာ ၄လကြာမြင့်ပြီး မိုးရွာသွန်းချိန်တွင် စတင်စိုက်ပျိုးကြပါသည်။ ယခုအချိန်တွင် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါ်ထွက်လာနေပြီ ဖြစ်ပါသည်။

      ဈေးနှုန်းအနေဖြင့် လက်လီ ၁ပိဿာကို ၄၅၀ဝိ/-ဈေးဖြင့်လည်းကောင်း၊ လက်ကားဈေးအဖြစ် ၁ဝိ/ကျပ်သားကို ၆၀ဝိ/- ဈေးဖြင့် ရောင်းချနေကြပါသည်။ အိမ်ရှင်မများအတွက် အဆင်သင့်ချက် စားနိုင်ရန် အခွံခွာပြီးသားပိန်းဥများကိုမူ ၁ဝိ/ကျပ်သားကို ၈၀ဝိ/-ဈေးဖြင့် ရောင်းချနေကြောင်း သိရှိရပါ သည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးမှ သစ်သီးဝလံဈေးနှုန်းအခြေအနေ

       မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့တို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရသည်။

        စက်တင်ဘာလ ဒုတိယပတ်တွင်  အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ   ဖရဲသီး(အလုံးကြီး)တစ်လုံးလျှင် ကျပ်၄၀ဝ၀၊ (အလုံးလတ်)တစ်လုံးလျှင် ကျပ် ၃၀ဝ၀၊(အလုံးသေး)တစ်လုံးလျှင် ကျပ်၂၅ဝ၀မှ ကျပ်၂၀ဝ၀၊   ကျွဲကောသီး ပန်းရောင် (အလုံးကြီး)တစ်လုံးလျှင် ကျပ်၄၀၀ဝ၊ (အလုံးလတ်)တစ်လုံးလျှင် ကျပ်၃၀ဝ၀၊ (အလုံးသေး)တစ်လုံးလျှင် ကျပ်၂၀ဝ၀၊  နာနတ်သီး (အလုံးကြီး)တစ်လုံးလျှင် ကျပ်၂၅၀ဝမှ ကျပ်၂၀၀ဝ၊  (အလုံးလတ်)တစ်လုံးလျှင် ကျပ်၁၅ဝ၀၊  (အလုံးသေး)တစ်လုံးလျှင်  ကျပ်၁၀၀ဝဖြစ်ပြီး၊ လိမ္မော်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၈၀၀ဝ၊  အလုံးလတ် ကျပ်၇၀၀ဝ၊ အလုံးသေး ကျပ်၅၀၀ဝ၊  နဂါးမောက်သီးတစ်လုံးလျှင် (အကြီး) ၃၀၀၀ကျပ်၊ (အသေး) ၂၀၀၀ကျပ်၊ စပျစ်သီး (အလုံးသေး) တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ စပျစ်သီးအစေ့လွတ်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်၊ ပန်းသီးတစ်လုံးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ပန်းသစ်တော်သီးတစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ် ခန့်ရှိကြောင်းကို မော်လမြိုင်သစ်သီးဝလံအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မွန်)

စက်တင်ဘာလ(ဒုတတိပတ်)တွင် ဈေးနှုန်းမြင့်တက်လာသော မွန်ပြည်နယ်ပဲမျိုးစုံ

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၈၇၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၇၆၀၀၀၊ မတ်ပဲ ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၁၂၈၀၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၈၁၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)လျှင် ကျပ်၈၅၀၀၀၊ ပဲပုပ် ၂၀ပိဿာ(တစ်တင်း)လျှင် ကျပ်၁၄၆၅၀၀၀၊ မြေပဲ ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၁၇၀၀၀၀ ဈေးနှုန်းဖြစ်ပေါ်နေသည်။

         ယခင်လ ဩဂုတ်လအတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၈၃၀၀၀၊ ပဲတီစိမ်း ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၇၂၀၀၀၊ မတ်ပဲ ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၁၁၆၀၀၀၊ ပဲလွန်းဖြူ ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၇၉၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)လျှင် ကျပ်၈၃၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)လျှင် ကျပ်၁၃၂၀၀၀၊ မြေပဲ ၂၀ပိဿာ (တစ်တင်း) လျှင် ကျပ်၁၆၈၀၀၀ ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

         ထိုသို့ မော်လမြိုင်မြို့တွင် ယခင်(ဩဂုတ်လ)တွင် ဖြစ်ပေါ်ခဲ့သောပဲဈေးနှုန်းနှင့် ယခုလ စက်တင်ဘာလ(ဒုတိယပတ်)၌  ဖြစ်ပေါ်လျက်ရှိသော ပဲဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခုလ၌ ပိုမိုဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်) 

ဓနုဖြုမြို့နယ်တွင် ရေကြီးနစ်မြုပ် မိုးစပါးများအတွက် တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရေကြီးနစ်မြုပ်တောင်သူများအား ပေးအပ်ပွဲအခမ်းအနားကို (၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့သည်။

          အဆိုပါအခမ်းအနားတွင် မြို့နယ်အဆင့်လုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး မှ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးထုတ်လုပ်မှုအကြောင်းအရာများနှင့်ပတ်သက်၍ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ (နေကြာ)နှင့် နွေစပါးစိုက်ပျိုးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ နည်းမှန်၊ စနစ်မှန်၊ မျိုးမှန်စွာစိုက်ပျိုးရန် ကြိုတင်စီမံချက်ရေးဆွဲစိုက်ပျိုးရန်လိုအပ်ကြောင်းကိုလည်းကောင်း၊  ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်တွင် ကျေးရွာအုပ်စု (၆၃)အုပ်စုရှိပြီး မိုးရာသီ ၆၂၁၅ဧကလျာထားစိုက်ပျိုးပြီး တောင်သူများ ရေကြီးနစ်မြုပ်မှုအတွက် အစားထိုးမျိုးစပါးပြန်လည်ရရှိမှုနှင့် ဓာတ်မြေဩဇာများကို စနစ်တကျအသုံးပြုစိုက်ပျိုးရန်၊ ဓာတ်မြေဩဇာသုံးစွဲမှုတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ် နည်းစနစ်မှန်ကန်စွာသုံးစွဲပြီး လျာထားချက်ပြည့်မှီစွာစိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် အသုံးပြုနိုင်ရန်ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

        ဆက်လက်၍  ဓနုဖြူမြို့နယ်တွင် လယ်ဧက ၃၀၀၀၀ကျော်ရေကြီးနစ်မြုပ်ခဲ့ပြီး ဧက ၃၀၀၀ကျော်ပြန်ပေါ် ထွန်းပု၊ ရက်(၉၀)မျိုးများကို အစေ့ချစနစ်စိုက်ရန်အတွက် ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများကို အစည်းအဝေးထိုင်၍ အထက်အဆင့်ဆင့်သို့တင်ပြပြီး အောက်တိုဘာလကုန်တွင် အပြီးစိုက်ရန်၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်ကပြောကြားပြီး မျိုးစပါးနှင့် ဓာတ်မြေဩဇာများကို တောင်သူများအားပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ငါးသလောက်နှင့် ငါးမုတ်များ ယခင်နှစ်ထက်ဈေးပိုရ

    ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ်သည် ပင်လယ်ပြင်နှင့်  အနီးစပ်ဆုံးသောမြို့ဖြစ်သည်။ ပင်လယ်နှင့် အနီးစပ်ဆုံးဖြစ်သည်နှင့်အညီ ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။ ယခုလရာသီသည် ငါးဖမ်းရာသီဖြစ်၍ ငါးဖမ်းသည့် စက်လှေများ၊ ဝါးဖောင်များ ရက်ခြားဆိုသလို အဝင်အထွက်ရှိကြသည်။ အရအမိများသောငါးများမှာ ငါးသလောက်နှင့် ငါးမုတ်ဖြစ်ပြီး အခြားငါးမျိုးစုံကိုလည်း ရရှိကြသည်။

   ငါးသလောက်ဈေးနှုန်းများမှာ ၁၅၀၀ ဂရမ်အထက် (၁၀၀၀၀၀) ကျပ်၊ ၁၂၀၀ ဂရမ်အထက် (၆၄၀၀၀) ကျပ်၊ ၁၀၀၀ ဂရမ်အထက် (၅၄၀၀၀) ကျပ်၊ ၅၀၀ ဂရမ်အထက် (၄၃၀၀၀) ကျပ်၊ ၃၀၀ ဂရမ်အထက် (၂၆၀၀၀) ကျပ်၊ ၂၀၀ ဂရမ်အထက် (၁၄၀၀၀) ကျပ်နှင့် ၂၀၀ ဂရမ်အောက် (၈၀၀၀) ကျပ် အသီးသီးရှိပြီး ၊ ငါးမုတ်ဈေးနှုန်းများမှာ ၄၀၀ ဂရမ်အထက် (၇၆၆၉၅) ကျပ်၊ ၃၀၀ ဂရမ်အထက် (၅၄၆၉၅)ကျပ်၊ ၂၀၀ ဂရမ်အထက် (၃၄၆၉၅) ကျပ်၊ ၁၀၀ ဂရမ် အထက် (၁၉၉၅၀) ကျပ်၊ ၆၀ ဂရမ်အထက် (၆၀၀၀) ကျပ်ရှိသည်။

     ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ် မြင့်တက်မှုရှိသည်ဟု လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)

တိုက်ကြီးမြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှုအား အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ပျိုးရန် (၁၂၇၈၉၃)ဧကလျာထားစိုက်ပျိုးခဲ့ပြီး မိုးရာသီလှိုင်းမြစ်ရေမြင့်တက်ခြင်းကြောင့် စိုက်ဧကခြောက်သောင်းကျော် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ ဧကငါးသောင်းကျော်ပျက်စီးမှုဖြစ်ခဲ့သည့်အတွက် ပြန်လည်စိုက်ပျိုးခဲ့ရာ စက်တင်ဘာလ ဒုတိယပတ်အထိ ဧကသုံးသောင်းခွဲခန့်စိုက်ပျိုးပြီးစီးခဲ့ပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများက မိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့ထားပြီး စိုက်ပျိုးရန်ကျန်ရှိသောဧကများအား အချိန်မီစိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့တွင် ရောင်းချနေသော ပဲ အမျိုးမျိုး ဈေးနှုန်း ဈေးကွက်

     မအူပင်မြို့နယ်တွင် ပဲအမျိုးမျိုးရောင်းချနေပြီး အခြေခံစားသောက်ကုန် မွန်းလိုက် လက်လီ/ လက်ကားအရောင်းဆိုင်တွင် ပဲမျိုးစုံ ရောင်းဝယ်လျက်ရှိသည်။ ရောင်းချနေသော ပဲမျိုးစုံများတွင် ကုလားပဲ၊ ပဲငုံကြား၊ ဘိုကိတ်အနက်၊ ဘိုကိတ်အဖြူ၊ ပဲနီပြား၊ မြေပဲ၊ စတော်ပဲ၊ ပဲထောပတ် တို့ဖြစ်ပြီး  ထိုပဲအမျိုးမျိုးတွင် ပဲနီပြား၊ မြေပဲ နှင့် ပဲထောပတ် ကဈေး အမြင့်ဆုံးဖြစ်သည်။

    ပဲဈေးနှုန်းများမှာ ကုလားပဲဆံ ၁ပိဿာ ၇၄၀၀ကျပ်၊ ပဲငုံကြား ၁ပြည် ၇၆၀၀ကျပ်၊ ဘိုကိတ်နက် ၁ပြည် ၇၉၀၀ကျပ်၊ ဘိုကိတ်ဖြူ ၁ပြည် ၇၅၀၀ကျပ်၊ ပဲနီပြား ၁ပြည် ၁၂၀၀၀ကျပ်၊ မြေပဲဆံ ၁ပိဿာ ၁၂၀၀၀ကျပ်၊ စတော်ပဲ ၁ပြည် ၉၅၀၀ကျပ်၊ ပဲထောပတ်ပြား ၁ပြည် ၁၂၀၀၀ ရှိကြောင်း သိရသည်။ ယခုအပတ် ပဲဈေးနှုန်းအနည်းငယ် တည်ငြိမ်နေပြီး ပဲများပြတ်လပ်မှု မရှိသော်လည်း မိုးတွင်းကာလတွင် ပဲအဟောင်းများကိုသာ ရောင်းချရ၍ အရောင်းအဝယ်ပါး ကြောင်း၊ နတ်တော်-ပြာသိုလ ပဲပေါ်ချိန်တွင် ဈေးကောင်းပြီး ရောင်းအားပိုမိုကောင်းမွန်ကြောင်း၊ ယခုအချိန် ပုံမှန်ပဲပြုတ်ရောင်းချသူများရှိသောကြောင့် တစ်နေ့ စားတော်ပဲ (၁)အိတ် ရောင်းချရပြီး ဈေးနှုန်းအနေဖြင့် ၂၂၅၆၀၀ကျပ် ဖြစ်သည်။ ပဲအမျိုးမျိုးကို ရန်ကုန် ဘုရင့်နောင်မှ မှာယူရောင်းချပြီး၊ ပဲစိုက်ပျိုးသီးနှံပေါ်ချိန်တွင် ဈေးကောင်း၍ ရောင်းအား ပိုမိုကောင်းမွန်ကြောင်း မွန်းလိုက် မိုးသီးဆိုင်ရှင် ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်ဒေသထွက် သင်ဖြူးဖျာဈေးနှုန်း ဈေးကွက်နှင့် ရောင်းချတင်ပို့မှု အခြေအနေ

    ပန်းတနော်မြို့နယ်သည်  မြို့ပေါ်ရပ်ကွက် လေးရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သော စပါး၊ ပဲ၊ ပြောင်းကို အဓိကထားစိုက်ပျိုးပြီး ဟင်းသီးဟင်းရွက်နှင့် အခြားသော စိုက်ပျိုးရေးထုတ်ကုန်များ၊ အစားအသောက်ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသောမြို့ဖြစ်သည်။ပန်းတနော်မြို့နယ်ရှိ  မြစ်မွေးမြူရေးလုပ်ငန်းသည် ရန်ကုန်ဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်သို့တင်ပို့ ရောင်းချလျက်ရှိပြီး  နိုင်ငံခြားဈေးကွက်ရရှိရေးအတွက် အလားအလာကောင်းများကို ရရှိပြီးဖြစ်သည်။ စပါး၊ ဆန်နှင့် မွေးမြူရေးထုတ်ကုန်များရှိရုံသာမက သင်ဖြူးဖျာလုပ်ငန်းကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချနေမှုကို ပန်းတနော်မြို့နယ်တွင် မြင်တွေ့ရသည်။

     ပန်းတနော် ယူကေစိန် ဖျာလုပ်ငန်းတွင် ပိုင်ရှင် ဦးသိန်းဇော်၊ ဒေါ်ဝေမြင့်ဖြစ်ပြီး သင်ဖျာရောင်းဝယ်မှုလုပ်ငန်းကို ၂၀၀၅ခုနှစ်က စတင်ခဲ့ပြီး ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးတွင် ရောင်းချလျက်ရှိသည်။ လုပ်ငန်းတွင် လုပ်သားအင်အား ၂၀ဦးရှိပြီး ဖျာအမျိုးမျိုးကို ယက်လုပ်ကာ တစ်နေ့ ထုတ်လုပ်နိုင်မှု ၁၅၀ချပ် ထွက်ရှိသည်။ ရောင်းချနေသော အမျိုးအစားအလိုက် ဈေးနှုန်းအနေဖြင့် ကားစတီခုံအခင်း (အဝိုင်း၊ လေးထောင့်) ၅၀၀၀ ကျပ်၊ ၂ပေပတ်လည်ဖျာ ၁၆၀၀၀ကျပ်၊ ၁၈လက်မ ပတ်လည်ဖျာ ၂၀၀၀၀ကျပ်၊ ၆ပေ ၃ပေ တစ်ဖက်ချောဖျာ ၄၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ နှစ်ဖက်ချောဖျာ ၅၀၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ တစ်ဖက်ချောဖျာ ၆၀၀၀၀ ကျပ်၊ ၅ပေ ၄လက်မ ၂ပေဖျာ ၁၁၀၀၀ကျပ်၊  ၅ပေ ၄လက်မ ၄ပေ ၂လက်မ ဖျာ ၂၈၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၉လက်မ ဖျာ ၄၀၀၀၀ ကျပ်၊ ၆ပေ ၂ပေ ၁၀လက်မ ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၃ပေ ၃၅၀၀၀ ကျပ်၊  ၆ပေခွဲ ၅ပေ ၃လက်မ ၆၃၀၀၀ ကျပ်၊ ၆ပေ ၄ပေ (ခါးဆက်)ဖျာ ၃၀၀၀၀ ကျပ်၊ ၆ပေ ၄ပေ ၄လက်မဖျာ ၃၅၀၀၀ ကျပ်ရောင်းချနေသည်။ယခင်နှစ် ဈေးထက် ၂၀၀၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း သိရသည်။ ရန်ကုန်တွင် ဆိုင်ခွဲ ၂ဆိုင်ရှိပြီး တင်ပို့ရောင်းချမှုအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ညောင်လေးပင်၊ ထားဝယ်နှင့် ဘိတ်ဒေသများသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

မကွေးကုန်စည်ဒိုင်၏ ပဲ၊ နှမ်းမျိုးစုံ ဈေးနှုန်းဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်)တွင် စလင်း၊ ဆင်ဖြူကျွန်း၊ သစ်ရာကောက်၊ နတ်မောက်၊ မိကျောင်းရဲ၊ လျှောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်တို့မှ ထွက်ရှိသော ပဲနှင့် နှမ်းမျိုးစုံတို့ အများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

    ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(ပထမပတ်)တွင် နှမ်းဖြူ(၁၅)ပိဿာ(၁)တင်းလျှင် ကျပ်(၁၄၃၀၀၀)၊  နှမ်းနီ ကျပ်(၁၂၅၀၀၀)၊ နှမ်းနက်စမုန် ကျပ်(၂၂၀၀၀၀)၊ နှမ်းညို ကျပ်(၁၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်တစ်ပတ်ထက် နှမ်းဖြူ ကျပ်(၃၀၀၀)၊ နှမ်းနီ ကျပ်(၁၀၀၀၀)၊ နှမ်းညို ကျပ်(၁၅၀၀၀) ဈေးနှုန်းကျဆင်းခဲ့ပါသည်။ တစ်ပတ်အတွင်း နှမ်းဖြူ အိတ်ရေ(၁၄၀၀၀)၊ နှမ်းနီ အိတ်ရေ(၄၀၀၀)၊ နှမ်းနက်စမုန် အိတ်ရေ(၃၀၀၀)၊ နှမ်းညို အိတ်ရေ(၂၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။  မကွေးကုန်စည်ဒိုင်တွင် နှမ်းမှာ အရောင်းအဝယ်အများဆုံးဖြစ်နေပြီး  မန္တလေးမြို့မှ အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရသည်။

      ပဲမျိုးစုံအနေဖြင့် ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ကျပ်(၉၆၀၀၀)၊ ကုလားပဲ(HL) ကျပ်(၉၅၀၀၀)၊ ပဲကြီးဖြူ(လတ်) ကျပ်(၈၀၀၀၀)၊ ပဲကြီးဖြူ (သေး) ကျပ်(၇၈၀၀၀)၊ ပဲကြီးဖြူ(ပြားကြီး) ကျပ်(၈၅၀၀၀)၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ(၁)တင်းလျှင် ကျပ်(၁၆၀၀၀၀)၊ မတ်ပဲ ကျပ်(၁၃၀၀၀၀)၊ စားတော်ပဲ ကျပ်(၁၄၀၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၄၀၀-၈၈၀၀)၊ လုံးဆံဖြူ ကျပ် (၈၅၀၀-၈၇၀၀)၊ မြေပဲဆံ(အောက်ကျ) ကျပ်(၆၅၀၀-၆၈၀၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ယခင်တစ်ပတ်ထက် ကုလားပဲ(HL)ကျပ်(၃၀၀၀)ဈေးကျခဲ့ပြီး မတ်ပဲ ကျပ်(၅၀၀၀)၊ စားတော်ပဲ ကျပ်(၁၂၅၀၀)ဈေးတက်ခဲ့ကြောင်း၊ ကျန်ပဲဈေးနှုန်းများ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။ တစ်ပတ်အတွင်း ကုလားပဲ(929) (HL) အိတ်ရေ(၂၀၀၀)၊ ပဲကြီးဖြူ အိတ်ရေ(၄၀၀)၊ မတ်ပဲ အိတ်ရေ(၄၀၀)၊ စားတော်ပဲ အိတ်ရေ(၄၀၀)၊ ပဲစဉ်းငုံ အိတ်ရေ(၁၀၀)၊ မြေပဲလုံးဆံ အိတ်ရေ (၄၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရန်ကုန်မြို့သို့ ကုလားပဲ၊ ပဲကြီးနှင့် မြေပဲအများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း