
မန္တလေးကုန်စိမ်းစျေးကွက်အတွင်းသို့ ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ကျန်ဒေသများ မှလည်းဝင်ရောက်လျက်ရှိပြီး အရောင်းသွက်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လဒုတိယ ပတ်အတွင်း ကုန်စိမ်းကိုက်လံ ဟင်းရွက်ပေါက်စျေးအနေဖြင့် လက္ကားစျေး(၁၀စီးပါ)တစ်စည်းလျှင် ၅၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်အသီးသီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။ မိုးရာသီအချိန်ဖြစ်၍ဟင်းရွက်ကုန်စိမ်းများဝင် ရောက်မှု များပြား လျက်ရှိပြီး၊ ကိုက်လံဟင်းရွက်စျေးနှုန်းအနည်းငယ်ကျသွားကြောင်းသိရပါသည်။ ကိုက်လံ ဟင်းရွက်အစည်းအသေး/အကြီးအပေါ်မူတည်၍ စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိပြီး၊ သီရိမာလာ စျေး အတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက်Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီး နှင့်(၆၀)စီး အကြား ဝင်ရောက် လျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)