
မန္တလေးစျေးချိုတော်ရှိ ငါးခြောက်စျေးကွက်မှာ ဝါတွင်းကာလအတွင်း အလှူပွဲများ၊ ဘုရား ပွဲများကျင်းပမှု များပြားလျက်ရှိပြီး၊ ငါးခြောက်မျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ်သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက်များအား ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ် ၊ သြဂုတ်လ ဒုတိယပတ်အတွင်း အမျိုးအစားအလိုက်တစ်ပိဿာ ပေါက်စျေးတို့ မှာ ငါးနီတူးခြောက်၂၅၀၀ဝိ/- နှင့်၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ငါးပုတ် သင် ခြောက် (လုံး)၁၆၅၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ငါးပုတ်သင်ခြောက်(ပြား) ၂၂၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊ ငါးရောင် ခြောက် ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၈၅၀၀ဝိ/-၊ ငါးရံ့ခြောက် (ပြား) ၈၅၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/-နှင့် ၆၀၀၀ဝိ/- စျေးအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။
DOCA(မန္တလေး)