Main menu

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော ထောပတ်သီးနှင့် မာလကာသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အတွင်းထောပတ်သီးနှင့် မာလကာသီးများကို ရောင်းချလျက် ရှိကြောင်း  သိရှိရပါသည်။

     ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင် လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြ ပါသည်။ မာလကာသီးများကို မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများ သည် ဒေသ ထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း၊ စီးပွားဖြစ် အနေဖြင့်လည်းကောင်း သီးနှံများကိုစိုက်ပျိုး၍အနယ်နယ် အရပ်ရပ်သို့တင်ပို့ရောင်းချ လျက်ရှိ ပါသည်။

    ၂၀၂၅ခုနစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီး အသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့်ထောပတ် သီးအကြီး (၁)လုံးလျှင် (၁၀၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ထောပတ်သီးရောင်းချသူထံမှ သိရှိရ ပါသည်။မာလကာသီး‌ဈေးနှုန်းမှား (၁) ပိဿာ လျှင်(၅၀၀၀) ကျပ်၊ တစ်လုံးလျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)