
အလှူပွဲများနှင့် ဘုရားပွဲများ ကျင်းပမှုများပြားသည့် ဝါတွင်းကာလအခါသမယတွင် ငါး၊ ပုဇွန် နှင့်ရေထွက်ပစ္စည်းများ မန္တလေးစျေးကွက်တွင် အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ ရေထွက်ပစ္စည်းဝင်ရောက်မှုမှာ မန္တလေးတိုင်း ဒေသ တွင်းရှိ မွေးမြူရေးကန်များမှ တီလားဗီး ယား ငါး (ဂျပန်ငါး)၊ ငါးကြင်းများ၊ ရေချိုငါး မျိုးစုံ နှင့် ပုဇွန်များ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် မြန်မာပြည် အောက်ပိုင်းမှထွက်ရှိသော ငါး၊ပုဇွန်၊ဂဏန်း များနှင့် ရေထွက် ပစ္စည်းများဝင်ကြောင်း သိရပါ သည်။ မန္တလေးမြို့၊သီရိမာလာစျေးသို့ တစ်ရက်ခြားလျှင် ကား(၁၀ ဘီး) ၃စီးနှင့်၄စီးအကြားဝင်ရောက်မှုနှင့် ခေါက်တိုကန်တာကားအနေဖြင့် တစ်ရက် လျှင် ၅ စီးနှင့် ၆ စီး အကြား ဝင်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် သြဂုတ်လဒုတိပတ်အတွင်း တစ်ပိဿာ စျေးနှုန်း များမှာ ငါးသလောက် ၂၅၀၀ဝိ/- နှင့် ၄၅၀၀ဝိ/-၊ ငါးကြင်းဖြူ ၁၂၀၀ဝိ/- နှင့်၁၆၅၀ဝိ/-၊ ငါးကြင်း မျက်စံနီ ၁၂၀၀ဝိ/- နှင့် ၁၄၅၀ဝိ/- ၊ ငါးအုံတုံ ၁၀၀၀ဝိ/-နှင့် ၁၄၅၀ဝိ/- ၊ ငါးမြစ်ချင်း၊ ငါးပတ် နှင့် ငါးရံ့များ မှာ ၁၃၀၀ဝိ/- နှင့် ၁၆၀၀ဝိ/-၊ တီလားဗီးယား (ဂျပန်ငါး) ၁၀၀၀ဝိ/- နှင့် ၁၂၀၀ဝိ/-၊ ကတ်ကတစ်ငါး ၃၅၀၀ဝိ/- နှင့် ၃၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရွယ်အစားအလိုက် အနည်းငယ်စျေးနှုန်းကွာခြားမှုရှိ ပါသည်။ မွေးမြူရေးပုဇွန်စျေးမှာ အမျိုးအစားအလိုက် တစ်ပိဿာ လျှင် ၁၂၀၀ဝိ/-နှင့် ၁၆၀၀ဝိ/-၊ ပုဇွန်ကြား နှင့်ရေချိုပုဇွန်တုတ်မှာ ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ပြည်ကြီးငါး ၃၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ဂဏန်း ၁၂၀၀ဝိ/- နှင့် ၁၄၀၀ဝိ/-၊ ကင်းမွန် ၂၀၀၀ဝိ/-နှင့် ၄၀၀၀ဝိ/- ၊ရေဘဝဲ ၂၀၀၀ဝိ/-နှင့် ၄၅၀၀ဝိ/- စျေး တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)