Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကယားဒေသထွက် “ပဲတောင့်ရှည်”ဈေးနှုန်း၊ဈေးကွက်အခြေအနေ

          ကယားပြည်နယ်သည် ရေ၊ မြေ၊ ရာသီဥတု  ကောင်းမွန်မျှတသော   ဒေသဖြစ်သည့်အတွက်  ပဲတောင့်ရှည်အပါအဝင် ဟင်းသီးဟင်းရွက်များနှင့် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက်တစ်နိုင် တစ်ပိုင်စီးပွားဖြစ် စိုက်ပျိုးကြပါသည်။ ကယားပြည်နယ်တွင် ပဲတောင့်ရှည်ကိုလွိုင်ကော်မြို့နယ် နှင့်ဒီးမော့ဆိုမြို့နယ်များတွင်အများဆုံးစိုက်ပျိုးကြပါသည်။ ပဲတောင့်ရှည်စိုက်ပျိုးရာတွင်အစေ့တိုက်ရိုက် ချစနစ်ဖြင့် စိုက်ပျိုးကြပြီး၊  အပင်ရှည်နွယ်တက်မျိုးဖြစ်ပါက အနည်းဆုံး(၇)ပေခန့်ရှိသော ဝါးတိုင် များထောင်စိုက်ပျိုးကြပါသည်။တစ်ဧကလျှင် တိုင်ထောင်မျိုးအတွက် ၄-၅ကီလိုဂရမ် (၂ ပိဿာမှ၃ ပိဿာခန့်)လိုအပ်ပါသည်။ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီးတစ်တန်းနှင့်တစ်တန်း ၃ ပေ၊ တစ် ပင်နှင့်တစ်ပင် ၉-၁၀ လက်မခွာ၍ စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင်သဘာဝ နွားချေး (၁၀) တန်၊    ယူရီးယား (၂၂၄)ပေါင်ခန့်ကို   အချိုးကျရောစပ်၍ မြေဩဇာထည့်ပေးရပါသည်။ ပဲတောင့်ရှည်သည် အပူ ချိန်(၂၂-၂၅)ဒီဂရီစင်တီဂရိတ်အတွင်း အကောင်းဆုံးဖြစ်ထွန်းသဖြင့် ကယားပြည်နယ်၏အရမ်းမအေး လွန်းမပူလွန်းသော ရာသီဥတုနှင့်ကိုက်ညီမှုရှိပါသည်။ ရေဝပ်ခြင်းမရှိဘဲ ရေနှုတ်စနစ်ကောင်းမွန်သော  ယာမြေ၊ သဲဆန်သော မြေများနှင့် မြေဆီလွှာကောင်းမွန်သောမြေများတွင် စိုက်ပျိုးကြပါသည်။ ပဲတောင့် ရှည်ကို စိုက်ပျိုးပြီး(၁)လကျော် (ရက်ပေါင်း ၄၀ မှ ၅၀ ဝန်းကျင်)တွင် အသီးများစတင်ခူးဆွတ်နိုင်ပြီး   (၁)လကျော်ကြာသည့်အထိ အဆက်မပြတ်ခူးဆွတ်ရောင်းချနိုင်သောကြောင့် တောင်သူများအတွက် နေ့စဉ်ပုံမှန်ဝင်ငွေရစေသော သီးနှံဖြစ်ပါသည်။ ပဲတောင့်ရှည်မြေ တစ်ဧကစိုက်ပျိုးရာတွင် စုစုပေါင်း ကုန်ကျစရိတ်(၁၅)သိန်းမှ(၁၆)သိန်းအထိ ကုန်ကျနိုင်ပြီးအပင် သက်တမ်းတစ်လျှောက် (ခူးဆွတ်ချိန် ၂လမှ၃လအတွင်း)ပိဿာချိန် ၃၀၀၀ မှ၅၀၀၀  ဝန်းကျင်ထွက်ရှိနိုင်ပါသည်။ ပဲတောင့်ရှည်သည်တိုင် ထောင်ပြီး စင်တင်ပေးရသည့်သီးနှံဖြစ်သဖြင့် ဝါးတိုင်များကို ခိုင်ခံ့ပြီးအလင်းရောင်နှင့် လေဝင်လေ  ထွက်ကောင်းမှသာ အထွက်နှုန်းပိုမိုကောင်းမွန်နိုင်ပါသည်။ ယခင်ကကယားပြည်နယ်တွင် စီးပွားဖြစ် စိုက်ဧကများစွာ စိုက်ပျိုးသော်လည်း ယခုအခါတွင်မူမိသားစုတစ်နိုင်တစ်ပိုင် အနည်းငယ်သာစိုက်ပျိုး ကပါသည်။ လွိုင်ကော်မြို့ဈေးကွက်အတွင်းလက်ရှိ ဖြစ်ပေါ်နေသောဒေသ ထွက်ပဲတောင့်ရှည်  ငါးတောင့်ပါတစ်စည်းလျှင် (၁၀၀၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

                                       

ပခုက္ကူမြို့နယ်ရှိကျေးရွာများတွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုးပြီးစီးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ ကွမ်းသီးကန်၊ မြောက်လူးကန်၊ မီးသွေးကန်၊ ဘုန်းကံ၊ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား၍  စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပဲတီစိမ်းစိုက်ဧက (၁၆၅၈၉)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ သိရှိရပါသည်။ ပဲတီစိမ်းကို ကဆုန်၊ နယုန်တွင် စတင်စိုက်ပျိုးပြီး ဝါဆို၊ ဝါခေါင်တွင် ရိတ်သိမ်းရသဖြင့် သက်တမ်း()လခန့်ကြာမြင့်ပါသည်။  

      ပဲတီစိမ်းတစ်ဧက စိုက်ပျိုးရန် မျိုးစေ့()ပြည်အသုံးပြုရပြီး ပဲစင်းငုံနှင့်သီးညှပ်စိုက်ပျိုးပါသည်။  မျိုးစေ့ဖိုး၊ မြေပြုပြင်ခ နှင့် ထွန်ယက်ခ၊ အလုပ်သမားခ၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် ခြွေလှေ့ခ စုစုပေါင်း   တစ်ဧကကုန်ကျစရိတ် ကျပ်()သိန်းခန့်ကုန်ကျကြောင်း၊ ပဲတီစိမ်းနှင့် ပဲစင်းငုံကို  သီးညှပ် စိုက်ပျိုး ခြင်းသည် ကုန်ကျစရိတ်ကို အလွန်သက်သာစေပြီး တောင်သူများအတွက် များစွာတွက်ခြေကိုက် ကြောင်း၊ ယခင်နှစ်တွင် မိုးရွာသွန်းမှုနောက်ကျ၍  အထွက်နှုန်းလျော့ သော်လည်း တောင်သူသီးနှံ ပေါ်ချိန်တွင် ကျပ်(၁၅၀၀၀၀)ဝန်းကျင်ထိ ဈေးရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိပါ သည်။

     ဈေးနှုန်းမှာ၂၀၂၆ ခုနှစ်၊ ဇွန်လ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၈၅၀၀၀)ဈေးဖြင့် ပခုက္ကူ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေပြီး ယခင် မေလ လကုန်ပိုင်းတွင် ကျပ်(၁၀၃၀၀၀)ထိ ဈေးပေါက်ခဲ့ ကြောင်း၊ ယခင်လနှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက  ကျပ်(၁၈၀၀၀)ဝန်းကျင်ထိ ဈေးနှုန်းကျဆင်းသွားကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားလျော့နည်းခြင်း၊ ရာသီအလိုက် ပဲအသစ်ဝင်ရောက်မှုနှင့် လက်ကျန်များခြင်း၊ ပြည်တွင်းကုန်သည်များ အဝယ်အေးခြင်းတို့ကြောင့် ဈေးကျခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ဥရောပနိုင်ငံများနှင့် အိန္ဒိယဝယ်လိုအားပေါ်မူတည်၍ ဈေးနှုန်းပြန်လည် လှုတ်ခတ်နိုင် ကြောင်း ကုန်သည်များ၏ ဈေးကွက်သုံးသပ်ချက်အရ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ခေါက်ဆွဲခြောက်ထုပ်များ ရောင်းအားကောင်းလျက်ရှိ

              မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိ သော အရောင်းဆိုင်များတွင် ခေါက်ဆွဲခြောက်ထုပ်များပုံမှန် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့နယ်သည် သီးနှံ မျိုးစုံ စိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများ အတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့်ညီညွှတ်၍ ဈေးနှုန်းသင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများအနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာအစားအစာအဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှုများကြောင်း သိရှိရသည်။

               ၂၀၂၆ ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့်အဖြူရောင် နှစ်မျိုးရှိပြီး ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးဟူ၍ နှစ်မျိုးခွဲခြားရောင်းချကြောင်း၊ “ရွှေဒင်္ဂါး” အဝါရောင် ခေါက်ဆွဲ ခြောက်တစ်စီးလျှင် ကျပ်(၁၀၀၀)၊ (၂၅)ထုပ်ပါတစ်ထုပ်လျှင် ကျပ်(၂၄၀၀၀)၊ ခေါက်ဆွဲကျိုး စက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲ ခြောက် (၅၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ်(၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၅)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ (၅၀)စီးပါတစ်ဖာလျှင် ကျပ်(၁၂၅၀၀၀)၊ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ယခုအချိန်သည် ကျောင်းဖွင့်ချိန် ရာသီဖြစ်၍ ယခင်ကထက် ပို၍ ရောင်းအားကောင်းလျက်ရှိကြောင်း၊ မြိုင်၊ ရေစကြို၊ ယောနယ် (ကျောက်ထု)ဒေသများသို့လည်း တင်ပို့ရောင်းရကြောင်း၊ တစ်ပတ်အတွင်း‌ ခေါက်ဆွဲခြောက် ပိဿာ (၅၅၀-၆၀၀)ခန့် ရောင်းချရကြောင်း ပခုက္ကူမြို့မဈေးရှိ ခေါက်ဆွဲခြောက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့နယ်ရှိ ကျေးရွာများတွင် ပဲစင်းငုံသီးနှံ စိုက်ပျိုးပြီးစီးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ မြောက်လူးကန်၊ ဘုန်းကံ ၊ မီးသွေးကန် ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက အားထား၍ စိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့ နယ်တွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၌ ပဲစင်းငုံစိုက်ဧက (၄၈၈၆)ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရှိရပါသည်။ ကဆုန်၊ နယုန်၊ ဝါဆိုလများတွင် စိုက်ပျိုးကြပြီး နတ်တော်၊ ပြာသို၊ တပိုတွဲလ များတွင် ရိတ်သိမ်းရသဖြင့် သက်တမ်း(၇)လ မှ (၈)လခန့် ကြာမြင့်သည်။

     ပဲစင်းငုံတစ်ဧက စိုက်ပျိုးရန် မျိုးစေ့ (၂)ပြည်အသုံးပြုပြီး ပဲတီစိမ်းနှင့်သီးညှပ်စိုက်ပျိုးပါသည်။  မျိုးစေ့ဖိုး၊ မြေပြုပြင်ခ နှင့် ထွန်ယက်ခ၊ အလုပ်သမားခ၊ သွင်းအားစု၊ ရိတ်သိမ်းခနှင့် ခြွေလှေ့ခ စုစုပေါင်း   တစ်ဧက ကုန်ကျစရိတ် ကျပ်(၂-၃)သိန်းခန့် ကုန်ကျကြောင်း၊ ပဲစင်းငုံသည် ရေသွင်းရန်မလိုဘဲ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိခြင်း၊ ပိုးသတ်ဆေးနှင့် သွင်းအားစု သုံးစွဲမှုနည်းခြင်းတို့ကြောင့် ကုန်ကျစရိတ် သက်သာ ကြောင်း၊ ယခင်နှစ်တွင် မိုးနည်း၍ အထွက်နှုန်း(၆)တင်းခန့်သာ ထွက်ရှိသောကြောင့် တောင်သူများ အကျိုးအမြတ်နည်းပါသော်လည်း ပဲစင်းငုံသီးနှံသည် ကုန်ကျစရိတ် သက်သာပြီး တွက်ခြေကိုက်သော သီးနှံဖြစ်၍ ယခုနှစ်တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးကြပြီး သီးနှံပေါ်ချိန်တွင် ဈေးကောင်းရရန် မျှော်လင့်မိ ကြောင်း စိုက်တောင်သူထံမှ သိရှိရပါသည်။

    ပခုက္ကူကုန်စည်ဒိုင်၌ (၁၀.၆.၂၀၂၆)ရက်နေ့တွင် ပဲစင်းငုံ တစ်တင်းလျှင် ကျပ်(၉၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင် ကျပ်(၁)သိန်းကျော်ထိ ဈေးပေါက်ခဲ့ပြီး ယခု ပြည်ပဝယ်လိုအားပါးသဖြင့်  ဈေးအနည်းငယ်ပြန်လည်အေးပြီး ဈေးအကျဘက်သို့ ဦးတည်နေ ကြောင်း၊ ပြည်တွင်းစားသုံးမှုနည်းပြီးပြည်ပဝယ်လိုအားပေါ်တွင် ရာနှုန်းပြည့်နီးပါးမှီခိုနေရသော ပို့ကုန် သီးနှံဖြစ်သောကြောင့် ဈေးအတက်/အကျ လှုတ်ခတ်မှုရှိကြောင်း ကုန်သည်များ၏ ပဲဈေးကွက် သုံးသပ် ချက်အရ  သိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၈-၆-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၈-၆-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ဆောင်းမြေပဲစိုက်ပျိုးထားရှိမှု အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံများ၊  ဆီထွက် သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးထားသည့်အနက် ဆောင်းမြေပဲကိုလည်း စိုက်ပျိုးထားကြောင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မုံရွာခရိုင်၌ ဆောင်းမြေပဲ စိုက်ဧက ၄၃၈၇၈ ဧကခန့် စိုက်ပျိုး ထားကြောင်း သိရသည်။

         ဆောင်းမြေပဲကို အောက်တိုဘာနှင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလနှင့် မတ်လတွင် လှိုင်လှိုင်ထွက်ပေါ် လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆန်အဖြူမျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုးထုတ်လုပ် မှုကုန်ကျစရိတ်အနေဖြင့်  မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊   သွင်းအားစုများ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၉၂၃၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်တင်း ၆၅ တင်း ခန့် ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၄၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၈ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဆောင်းမြေပဲများကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့်ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေး‌ကောင်းရရှိသော ကြောင့် တောင်သူများ အကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးထားရှိမှု အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော် စသည့် ကျေးရွာများတွင် ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံများ၊  ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးထားသည့်အနက် မိုးမြေပဲကိုလည်း စိုက်ပျိုးထားကြောင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မုံရွာခရိုင်တွင် မိုးမြေပဲ စိုက်ဧက ၆၃၂၅၆  ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

            မိုးမြေပဲကို မေလနှင့် ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း၊ မျိုးအနေဖြင့် မြေပဲလုံးဆန်အဖြူမျိုးများကို စိုက်ပျိုးကြ‌ပြီး စိုက်ပျိုးထုတ်လုပ် မှုကုန်ကျစရိတ်အနေဖြင့်  မြေပြုပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊   သွင်းအားစုများအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၉၂၃၀၀၀ ခန့် ကုန်ကျကြောင်း၊ အထွက်တင်း ၅၃ တင်း ခန့် ထွက်ရှိ၍ ဈေးနှုန်းအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် ငွေကျပ် ၄၂၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၃ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် မိုးမြေပဲများကို မုံရွာမြို့ပေါ်ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့လည်းကောင်း၊ ဒေသတွင်းရှိ ဆီစက်လုပ်ငန်းရှင်များနှင့် မြေပဲကို တန်ဖိုးမြှင့် ထုတ်ကုန်(Value Added) ပြုလုပ်၍ ပြန်လည်ရောင်းချသည့် လုပ်ငန်းရှင်များမှလည်းကောင်း ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းကောင်းပြီး ဈေး‌ကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်များရရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဒေသထွက်ကုန် ရွှေဘိုပေါ်ဆန်းစပါး/ဆန် ဈေးနှုန်းနှင့် ဆန်စီးထွက်မှုအခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီးသည် နိုင်ငံတော်၏ တတိယစပါးကျီတစ်ခု ဖြစ်သည့်အတိုင်း ရွှေဘိုခရိုင်သည်လည်း စစ်ကိုင်းတိုင်းဒေသကြီး၏ ပထမစပါးကျီတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သဖန်းဆိပ်ဆည်ရေသောက် လယ်ဧက (၄.၄)သိန်းခန့်တွင် ရွှေဘိုပေါ်ဆန်းစပါးကို ဧက(၃)သိန်း ခန့်  နှစ်စဉ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

         ရွှေဘိုခရိုင်တွင် ဇွန်လ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၅၇၀၀၀၀၀)ကျပ်၊ ရွှေဘိုပေါ်ဆန်းဆန် (၂၄)ပြည်ပါ တစ်အိတ်လျှင် (၂၁၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး၊ဒေသတွင်းသာမက ပိုလျှံသောဆန်များကို အခြားတိုင်း/ပြည်နယ် ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။

        ၂၀၂၆ခုနှစ် ဇွန်လ ဒုတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန် စီးထွက်မှုမှာ ရန်ကုန်သို့ (၂၅၀၁၄)အိတ်၊ မန္တလေးသို့ (၆၀၀၄) အိတ်၊ နေပြည်တော်သို့ (၉၇၀) အိတ်၊ ပဲခူးသို့ (၁၅၇၀)အိတ်၊ ပြည်သို့ (၂၀၄)အိတ်၊ တောင်ငူသို့ (၆၀)အိတ်၊ ကျောက်ပန်းတောင်းသို့ (၁၀၀)အိတ်၊ မိတ္ထီလာသို့ (၁၁၀)အိတ်၊ ကရင်ပြည်နယ် ဘားအံမြို့သို့ (၁၄၅၀)အိတ်၊ မြဝတီသို့ (၃၁၀)အိတ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ (၄၄၉၉)အိတ်၊ မွန်ပြည်နယ်သို့ (၁၆၈၀)အိတ်၊မူဆယ်သို့ (၂၂၀)အိတ်၊ မကွေးတိုင်းသို့(၅၅၈)အိတ်၊ ကချင်ပြည်နယ်သို့ (၁၀၉၀)၊  စုစုပေါင်း အိတ်ရေ (၄၃၈၃၉)၊ တန်အားဖြင့် (၂၁၉၂)တန် စီးထွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် နဂါးမောက်စိုက်ပျိုးခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိစေရန်နှင့် စားဝတ်နေရေးဖူလုံစေရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နဂါးမောက်သီးပင်ကို မိသားစုလုပ်အားဖြင့် စိုက်ပျိုးအောင်မြင်ပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

          နဂါးမောက်သီးပင်ကို မိသားစုခြံဝင်းအတွင်း၌ လွန်ခဲ့သော () နှစ်ခန့်ကစတင်၍ စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ အောင်မြင်ဖြစ်ထွန်းကာ ဆွတ်ခူးရောင်းချနေရပြီဖြစ်သည်။ နဂါးမောက်ပင်သည် ရေဝပ်သည်ကို မကြိုက်သော်လည်း အပူဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ကန့်ဘလူဒေသ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံတစ်မျိုးဖြစ်သည်။

          နဂါးမောက်ပင်ကို များသောအားဖြင့် မိုးဦးကျကာလ (မေလနှင့် ဇွန်လ) တို့တွင် စတင်စိုက် ပျိုးကြသည်။ စတင်စိုက်ပျိုးရာတွင် အဓိကကုန်ကျစရိတ်အနေဖြင့် ကျောက်တိုင်၊ ကွန်ကရစ်တိုင်စိုက်ထူခြင်း၊ မျိုးပျိုးပင်ဝယ်ယူခြင်း၊ သဘာဝမြေဩဇာ(နွားချေး/ကြက်ချေး)ဝယ်ယူခြင်းနှင့် စိုက်ပျိုး မြေပြုပြင်ခြင်းတို့ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် အပင် ၅၀ မှ ၁၀၀ ဝန်းကျင် စိုက်ပျိုးမည်ဆိုပါက စတင်စိုက်ပျိုးချိန် သွင်းအားစုကုန်ကျစရိတ်အနေဖြင့် စုစုပေါင်း ငွေကျပ် () သိန်းမှ () သိန်းဝန်း ကျင်ခန့်သာ ကုန်ကျသဖြင့် အရင်းအနှီးနည်းပါးပြီး လုပ်ကိုင်ရလွယ်ကူသော စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။

            နဂါးမောက်ပင်သည် စိုက်ပျိုးပြီး () နှစ်မှ () နှစ်ခွဲအတွင်း စတင်အသီးသီးပြီး အသက် () နှစ်ကျော်ပါက အသီးထွက်နှုန်း ပိုမိုကောင်းမွန်လာသည်။ တစ်နှစ်လျှင် မေလမှ နိုဝင်ဘာလအထိ () လခန့် ကာလအတွင်း အလှည့်ကျ အကြိမ်ရေ ၁၀ ကြိမ်မှ ၁၂ ကြိမ်အထိ ဆွတ်ခူးနိုင်သည်။ တိုင်တစ် တိုင်လျှင် တစ်ကြိမ်ဆွတ်ခူးပါက အလုံးကြီး လုံးမှ ၁၀ လုံးအထိ ထွက်ရှိပြီး တစ်နှစ်ပတ်လုံး ပျမ်းမျှအားဖြင့် တိုင်တစ်တိုင်လျှင် အသီးအလုံး ၃၀ မှ ၅၀ ခန့်အထိ ထွက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဆွတ်ခူးရရှိသော နဂါးမောက်သီးများကို ကန့်ဘလူမြို့ပေါ်ရှိ ဒေသဈေးကွက် တွင်ရောင်းချသည်။ "နဂါးမောက်ပင်က အစပိုင်း တိုင်ထူတာနဲ့ မျိုးဖိုးပဲ ကုန်တာပါ။ နောက်ပိုင်းနှစ်တွေကျတော့ ပေါင်းမြက်ရှင်းတာနဲ့ သဘာဝမြေဩဇာ ကျွေးတာလောက်ပဲ လုပ်ရတော့လို့ ကုန်ကျစရိတ်အများကြီး သက်သာသွားကြောင်း သိရသည်။ ခြံထဲကနေ နေ့စဉ်ရက်ဆက် ဆွတ်ခူးရောင်းချနေရတော့ မိသားစုအတွက် ပုံမှန်နေ့စဉ်ဝင်ငွေရပြီး စားဝတ်နေရေးအတွက် တော်တော်လေး အဆင်ပြေပါတယ်" ဟု ဒေသခံ နဂါးမောက်စိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရပါသည်။

          ကန့်ဘလူမြို့နယ်တွင် နဂါးမောက်သီးနှံသည် ပြုစုစောင့်ရှောက်ရ လွယ်ကူခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ခြင်းနှင့် နှစ်ရှည်ခံပင် ဖြစ်ခြင်းတို့ကြောင့် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရန်သင့်တော်သော သီးနှံဖြစ်ကြောင်းနှင့် ယခုအခါ ဒေသခံပြည်သူများ စိတ်ပါဝင်စားမှု ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“မိုးနှမ်းများအောင်မြင်ဖြစ်ထွန်းမှုနှင့်ဈေးနှုန်းဈေးကွက်”

                      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မိုးနှမ်းသီးနှံကို၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် မိုးနှမ်းကို မေလနှင့်ဇွန်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး စက်တင်ဘာလတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း ၊ နှမ်းစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုးကြပြီး အများဆုံး စိုက်ပျိုးသောမျိုးများမှာ နှမ်းဖြူ၊နှမ်းညိုနှင့် နှမ်းနက်မျိုးများကိုစိုက်ပျိုးကြပါသည် ။ (၁)ဧက စိုက်ပျိုးမှုအနေဖြင့် နှမ်းမျိုး ၁ပြည်လျှင်(၈၀၀၀-၈၅၀၀)ကျပ်အထိ ပေးဝယ်ရကြောင်း ၊ (၁)ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၅၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊(၁)ဧကမျိုး (၂-၃)ပြည် စိုက်ပျိုးရကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၁၂-၁၃)တင်းခန့်ထွက်ရှိခဲ့ပြီး ယခင်နှစ် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင်(၁၃၀၀၀၀/-) ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၃၂၀၀၀/-)ကျပ် ၊ နှမ်းနက် တစ်တင်းလျှင် (၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး နှမ်းဆီ ၁ပိဿာလျှင် (၁၈၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး (၁)ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ် နှုတ်ပြီး(၁၁၀၀၀၀၀/-)ကျပ်ခန့်မြတ်ခဲ့ကြောင်း ၊ ယခုဇွန်လ ဒုတိယအပတ်တွင် နှမ်းစျေးနှုန်းအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် (၁၁၇၀၀၀/-) ကျပ် ၊ နှမ်းညို တစ်တင်းလျှင်(၁၁၃၀၀၀/-) ကျပ် ၊ နှမ်းနက် တစ်တင်းလျှင်(၁၂၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဆီ ၁ပိဿာ လျှင် (၁၈၀၀၀/)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ကုန်သွယ်ရောင်းဝယ်မှုအနေဖြင့် တောင်သူများမှ နှမ်းသီးနှံထွက်ပေါ်ချိန်တွင် နီးစပ်ရာ ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက် သွားရောက်ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တ‌လေးမြို့များသို့ တင်ပို့ရောင်းချ လျက်ရှိပါသည် ။ တောင်သူများမှာ နှမ်းကိုဆီထွက်သီးနှံ အဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက် ရှိပါသည် ။ နှမ်းသီးနှံထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း