Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူ မြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၀၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၃၀၀၀)ကျပ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၇၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခုပတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၉၄၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၉၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၃၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 “ရုံးပတီသီး၏အကျိုးကျေးဇူးနှင့်စျေးနှုန်းစျေးကွက်”

      မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးလက်တောရွာများရှိ တောင်သူများသည် စပါး၊နှမ်း၊ပဲ၊ပြောင်း၊နေကြာစသည့် သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ဟင်းသီး ဟင်းရွက်မျိုးစုံ နှင့် သစ်သီးဝလံများကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အများအပြား စိုက်ပျိုးလာကြပါ သည်။ ၄င်းသီးနှံများအနက်မှ ဆေးဘက်လည်းဝင် စီးပွားလည်းဖြစ်ထွန်းသော ရုံးပတီသီး သီးနှံ လည်းပါဝင်ပါသည်။ရုံးပတီသီး၏အရသာသည် ချွဲပျစ်ပျစ်နှင့်အလွန်စားကောင်းသော အသီးဖြစ်ပြီး ပြုတ်တို့၍စားသောက်ခြင်း၊ ကြော်ချက်စားခြင်း၊ အကင်ပြုလုပ်၍စားသုံးခြင်းနှင့်အချဉ်ရည်ဟင်းများ တွင်လည်းရောကာချက်ပြုတ်စားသုံးကြပါသည်။ ရုံးပတီသီးတွင် အမျှင်ဓါတ်များစွာပါဝင်သော ကြောင့်အစာခံနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်လည်းကောင်းမွန်ပါကြောင်း၊ ရုံးပတီသီး စားသုံးခြင်းဖြင့် မျက်စိအာရုံကြောများကိုလည်း အားကောင်းစေပါကြောင်း၊    ကိုယ်လက်ထုံကျဉ်သူများ အနေဖြင့်လည်း မကြာခဏ ပြုတ်တို့၍စားသောက်ပေးခြင်းဖြင့် ကြွက်သားများကိုသန်မာစေပါ ကြောင်း၊ရုံးပတီသီးတွင် လူတို့အတွက် များစွာအကျိုးပြုသည့် ဓါတ်ပစ္စည်းများပါဝင်သောကြောင့် မကြာခဏစားသုံးသင့်ပါသည် ။ ရုံးပတီသီးပင်သည် အနွေးကြိုက်သီးနှံဖြစ်ပြီး နှစ်ရှည်ပင်ဖြစ် သောကြောင့် နှစ်ခြင်းစားသုံးနိုင်ပါသည် ။ ရုံးပတီသီးပင်သည် ရာသီမ‌ရွေးစိုက်ပျိုးနိုင်ပြီး ဝင်ငွေရ လွယ်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် တွက်ခြေကိုက်၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော ရွာများမှာ ကျောင်းကုန်း ၊ ငါးမြွေကုန်း နှင့် မင်းစုကျေးရွာ များတွင်စိုက်ပျိုးကြပါသည် ။ စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုးနှင့်ပင်မြင့် မျိုးများ ကိုစိုက်ပျိုးကြပြီး(ပင်မြင့်မျိုး) Finger One ရုံးပတီမျိုးကို အများဆုံးစိုက်ပျိုးကြပါသည်။(၁)ဧကလျှင် မျိုးစေ့(၁၂)ထုပ်စိုက်ပျိုးရပြီးမျိုးစေ့(၁)ထုပ်လျှင်(၂၇၀၀၀/-)ကျပ်ပေးရကြောင်း၊(၁)ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၇၀၀၀၀၀/-)ကျပ် ဝန်းကျင်ကုန်ကျ ကြောင်း ၊ စတင်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပါသည် ။ ခူးဆွတ်မှုအနေဖြင့် တစ်ရက်ခြား တစ်ကြိမ်ခူးဆွတ်ပေးရကြောင်း ၊ သက်တမ်းအနေဖြင့် (၂)လအထိ ခူးဆွတ်ရကြောင်း ၊ စျေးနှုန်းစျေးကွက်အနေဖြင့် ဖောက်သည်စျေး (၁)ပိဿာလျှင် (၂၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် စျေးနှုန်းအတက်အကျရှိနိုင်ပါ ကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပိဿာ(၁၂၀၀)ခန့်ထွက်ရှိကြောင်း ၊ အကျိုးအမြတ် အနေဖြင့် (၁၇)သိန်းခန့်မြတ်ပြီး ပွဲစားများမှစိုက်ခင်းထဲများအထိ လာရောက်ဝယ်ယူကြကြောင်း ၊ ရုံးပတီသီး သီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များစွာရရှိသည့်အပြင် စားသုံးမှုအတွက် ကျန်းမာ စေမည့်ဟင်းစားရုံးပတီသီး သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA (မန္တလေး)

“ကုန်ပစ္စည်းများစျေးနှုန်းစျေးကွက်အခြေအနေ”

        မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်အတွင်းရှိ စားဖိုဆောင်သီးနှံများနှင့်ပဲမျိုးစုံ များကိုနေ့စဉ်ရောင်းဝယ်လျှက်ရှိရာ ကုန်ပစ္စည်းများကို မြို့နယ်အတွင်းသာမက မန္တလေးမြို့ နှင့်ရန်ကုန်မြို့များသို့ ကုန်စည်များနေ့စဉ်စီးဝင်၊စီးထွက်လျှက်ရှိရာ နှမ်းဖြူတစ်တင်းလျှင် (၁၁၈၀၀၀/-)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀/-)ကျပ်၊ နှမ်းနက်(ရိုးရိုး) တစ်တင်းလျှင် (၈၅၀၀၀/-)ကျပ် ၊ နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၁၅၀၀၀/-)ကျပ် ၊ ပဲတီစိမ်း တစ်တင်းလျှင် (၉၅၀၀၀/-)ကျပ်၊ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၇၂၀၀၀/-)ကျပ်၊ ကုလားပဲ(V2) တစ်တင်း လျှင် (၇၅၀၀၀/-)ကျပ်၊ ငရုတ်ခြောက်(၁)ပိဿာလျှင် အညှာပါ(၉၀၀၀/-)ကျပ်၊ အညှာမပါ (၁၀၀၀၀/-)ကျပ်၊နေကြာတစ်တင်းလျှင်(၅၀၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင်(၈၄၀၀၀)ကျပ်၊ နနွင်းတက် (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ် ၊ ကြက်သွန်နီ (၁)ပိဿာလျှင်(၂၀၀၀/-)ကျပ် ၊ ကြက်သွန်ဖြူ (၁)ပိဿာလျှင်(၁၀၀၀၀/-)ကျပ် ၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင်(၃၅၀၀-၄၀၀၀) ကျပ်၊ ဂျင်းတက် (၁)ပိဿာလျှင်(၄၀၀၀/-)ကျပ် ၊ အာလူး (၁)ပိဿာလျှင်(၃၅၀၀-၄၀၀၀)ကျပ်၊ ပဲဆီ (၁)ပိဿာလျှင်(၁၅၂၀၀/-)ကျပ်၊ နှမ်းဆီ(၁)ပိဿာလျှင်(၁၄၂၀၀/-)ကျပ်၊ နေကြာဆီ (၁)ပိဿာလျှင်(၁၇၂၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင်(၇၂၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

 DOCA (မန္တလေး)

                                                                          

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီနှင့် ထောပတ်ပဲ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၉၈၅၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၀၅၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်ကျ ဆင်းကြောင်း၊ စွန်တာနီ(၁)တင်းလျှင် (၅၀၀)ကျပ်မြင့်တက်လာကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်”

      မြန်မာနိုင်ငံသည် နွေ၊ မိုး၊ဆောင်း ဥတုသုံးပါးညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ၎င်းသီးနှံများအနက် ခရမ်းချဉ်သီးကို ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်း ခရမ်းချဉ်သီးများမှာ ထွက်ရှိမှုမရှိသောကြောင့် ခရမ်းချဉ်သီးစျေးနှုန်းများမြှင့်တက်လျက်ရှိပါသည်။အောင်ပန်း၊အင်းလေးမှထွက်ရှိသော ခရမ်းချဉ်သီးများ ကျောက်ဆည်မြို့နယ်အတွင်းသို့ ဝင်ရောက်လျှက်ရှိကြောင်း၊ ယခု သြဂုတ်လ ပထမပတ် တွင်ခရမ်းချဉ်သီးစျေးနှုန်းတို့မှာ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၃၀၀၀/-)၊ အင်းလေးဒေသထွက် ခရမ်းချဉ်သီး(၁)ပိဿာလျင် (၃၅၀၀/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း ၊ ခရမ်းချဉ်သီး ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် အောင်ပန်း၊အင်းလေး မြို့များမှဝင်ရောက်ရာတွင် သယ်ယူစရိတ်များပြားခြင်း နှင့် ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် ခရမ်းချဉ်သီး ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းချသည့် စျေးသည်များထံမှ သိရှိရပါသည်။

DOCA (မန္တလေး)

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်း ဆက်လက်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်း ကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၈၈၀၀၀)ကျပ်၊ အကွဲအနာပါလျှင်(၈၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ် အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၂၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှ မြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

​​​​​​​“ကြက်ဥ၊ဘဲဥနှင့်ငုံးဥစျေးနှုန်းစျေးကွက်”

        မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေး နှင့် မြို့မစျေးတို့တွင် ရောင်းချလျှက်ရှိသည့် ကြက်ဥ၊ဘဲဥနှင့်ငုံးဥများကို ဒေသတွင်းရှိ ကြက်ခြံ၊ ဘဲခြံနှင့်ငုံးခြံများမှ ဝယ်ယူရောင်းချလျှက်ရှိပြီး လိုအပ်ချက်အရ မန္တလေးမြို့နှင့်ပြင်ဦးလွင်မြို့ များမှလည်း ဝယ်ယူရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ယခင်လတွင် ကြက်ဥ(၁)ပိဿာ လျှင် လက်ကားစျေး(၉၆၅၀/-)ကျပ် ၊ လက်လီစျေး(၉၉၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံး လျှင် အကြီး(၄၀၀/-)ကျပ်၊ အလတ်(၃၅၀/-)ကျပ်၊ အသေး(၃၀၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၆၀၀/-)ကျပ်၊အလတ်(၅၅၀/-)ကျပ်၊ ငုံဥ(၂၅)လုံးလျှင်(၂၂၀၀/-)ကျပ်၊ငုံးဥအလုံး (၁၀၀) လျှင်(၈၅၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်ခဲ့ပြီး  ယခုလတွင် ကြက်ဥ(၁)ပိဿာလျှင် လက်ကားစျေး (၁၀၅၀၀/-)ကျပ် ၊ လက်လီစျေး(၁၀၈၀၀/-)ကျပ်ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် အကြီး(၄၅၀-၅၀၀) ကျပ်၊ အလတ်(၄၀၀/-)ကျပ်၊ အသေး(၃၅၀/-)ကျပ်၊ ဘဲဥတစ်လုံးလျှင် အကြီး(၅၅၀-၆၀၀)ကျပ် ၊ ငုံဥ(၂၅)လုံးလျှင်(၂၃၀၀/-)ကျပ်၊ ငုံးဥအလုံး (၁၀၀) လျှင်(၈၇၀၀/-) ကျပ် စျေးနှုန်းများများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ကြက်ဥနှင့်ငုံးဥစျေးနှုန်းမှာ ယခင်လနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်မြင့်တက်လျှက်ရှိပြီး ဘဲဥစျေးနှုန်းမှာ ပြောင်းလဲမှုမရှိ ကြောင်း  ကြက်ဥ ၊ ဘဲဥနှင့်ငုံးဥ ရောင်းချသည့်ဆိုင် များမှသိရှိရပါသည်။

DOCA (မန္တလေး)

 

ကျွန်းလှမြို့နယ်၌ ပဲစဉ်းငုံဈေးနှုန်းကျဆင်းလျက်ရှိ

      စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

       ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ ပထမပတ်အတွင်း ပဲစဉ်းငုံနီ()တင်းလျှင်(၇၉၅၀၀) ကျပ် ၊ပဲစဉ်းငုံဖြူ()တင်းလျှင် (၇၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံ()တင်းလျှင်(၁၅၀၀မှ ၂၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများ ကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“တိုင်ထောင်ပဲထောင့်ရှည်စိုက်ပျိုး မိသားစုဝင်ငွေတိုး”

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း၌ရှိသော တောင်သူများသည် စပါးနှင့် ဆီထွက်သီးနှံများကို အဓိကထားစိုက်ပျိုးကြသော်လည်း ဝယ်လိုအားရှိပြီး နေ့စဉ်ဝင်ငွေရရှိရေး အတွက်  သီးပင်စားပင်များကိုလည်း စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာတွင် တိုင်ထောင် ပဲထောင့်ရှည် စိုက်ပျိုးရောင်းချသူများမှာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရှိ ရပါသည်။ ပဲထောင့်ရှည်စိုက်ပျိုးမှုအနေဖြင့် တိုင်ထောင်ဝါး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲထောင့်ရှည် မျိုးအနေဖြင့် အစိမ်းရောင်မျိုး၊ ကတီပါရောင်ဟူ၍ နှစ်မျိုးရှိရာ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရောင်မျိုးကိုသာ အဓိကထား စိုက်ပျိုးကြကြောင်း၊ တိုင်ထောင်ပဲသည် စိုက်ပျိုးပြီး တစ်လအတွင်း ထွက်ပေါ်သောကြောင့် ရာသီ မရွေး၊ အချိန်မရွေးစိုက်ပျိုးကြကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၆၀၀)ပိဿာခန့် ထွက်ရှိ ကြောင်း၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၃၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ပဲထောင့်ရှည်များ လှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေးအနေဖြင့် ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၃၀၀၀/-)ကျပ် သွင်းရပြီး၊ လက်လီရောင်းဈေးအနေဖြင့် တစ်ပိဿာလျှင် (၄၀၀၀/-) ကျပ်ဖြင့် ရောင်းချကြကြောင်း၊ နေ့စဉ်ခူးဆွတ်ပြီး ရောင်းချရသည့်အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေ လျက်ရှိကြောင်း ပဲထောင့်ရှည်စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိ ရပါသည်။

DOCA (မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း