Main menu

မြင်းခြံချည်ထည်ကိုက်ဖြတ်စဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

      မြင်းခြံမြို့နယ်၌ ရောင်းချနေသော နွားပျဉ်းချည်ထည်များကို တောင်သာမြို့ရှိ နွားပျဉ်းရွာနှင့် မိတ္ထီလာမြို့တို့မှ မှာယူ‌ရောင်းချကြောင်း၊ ပိတ်အုပ်ချည်ကွက်အမျိုးမျိုး၊ ပိတ်အုပ်ပြောင်ကွက်၊ ဖျဉ်တဘက်၊  ချည်စောင်၊ လက်သုတ်ပုဝါ၊ ဖျဉ်လုံချည်နှင့် ခေတ်ပေါ်ဒီဇိုင်းထွင်ချုပ်ထားသော Ready  made  ချည်ထည်အမျိုးမျိုးကို ရောင်းချလျက်ရှိသည့်အနက် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယ ပတ်တွင် မြင်းခြံချည်ထည် ကိုက်ဖြတ်စဈေးနှုန်းများမှာ ပိတ်အုပ်ချည်ကွက်အမျိုးမျိုး ၁၀ ကိုက် ပါတစ်အုပ်လျှင် (၂၇၀၀၀) ကျပ်၊ တစ်ကိုက်လျှင် (၃၀၀၀) ကျပ်ပေါက်ဈေးများဖြင့်ရောင်း ချလျက်ရှိကြောင်း၊ မြင်းခြံချည်ထည်သည် တောင်သာမြို့နယ် နွာပျဉ်းရွာမှထွက်ရှိသောကြောင့် ထိုရွာကိုအစွဲပြုပြီး နွားပျဉ်းချည်ထည်ဟုလည်းခေါ်ဆိုကြောင်း၊   ချည်ထည်သည်မြန်မာ့ရိုးရာလက် မှုပညာတစ်ခုဖြစ်ပြီး ဝတ်ဆင်ရာ တွင်ပေါ့ပါးအေးမြသောကြောင့် လူကြီးလူငယ်မရွေးဝတ်ဆင်အသုံး ပြုသူများကြကြောင်း၊  မြန်မာနိုင်ငံအတွင်း နွားပျဉ်းချည်ထည်များကို ကျားမမရွေးဝတ်ဆင်ကြ သောကြောင့် ဈေးကွက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)