
ကျွန်းလှမြို့တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင် ဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီး ပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များ ကို လည်းစိုက်ပျိုးကြသည့်အနက် ဂွေးသီးပင် နှင့် စောင်းလျှားသီးပင်များကိုလည်း စိုက်ပျိုးလျကရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂွေးသီး ဈေးနှုန်းများမှာ ဂွေးသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ ငွေကျပ်(၅၀၀)ဖိုး(၁၁)လုံး၊ အသေး တစ်လုံးလျှင် (၃၅)ကျပ်၊ ငွေကျပ်(၁၀၀)ဖိုးလျှင်(၃)လုံးဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ အလားတူပင် စောင်းလျှားသီး အကြီး တစ်လုံးလျှင်(၅၀)ကျပ်၊ ငွေကျပ်(၂၀၀)ဖိုး(၅)လုံး၊ အသေး တစ်လုံးလျှင်(၂၅)ကျပ် ငွေကျပ်(၁၀၀)ဖိုး (၄)လုံးဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)