Main menu

ရောင်းချနေသောရှမ်းကြက်သွန်ဖြူဈေးနှုန်းများ

Powered by Drupal

     မြင်းခြံမြို့နယ်အတွင်းရှိ တလုပ်ရွာ၊ တောပုရွာ၊ ‌ဂေါင်းကွဲရွာနှင့် ပတ္တာရွာများတွင် ဗမာကြက်သွန်ဖြူများကို ဆောင်းရာသီတစ်ရာသီသာ စိုက်ပျိုးလေ့ရှိကြောင်း၊ နွေရာသီနှင့် မိုးရာသီများ၌ ကြက်သွန်ဖြူစိုက်ပျိုး ဖြစ်ထွန်းမှုမရှိကြောင်း၊ ယခုအချိန်တွင် ဒေသထွက်ကြက်သွန်ဖြူများ ထွက် ပေါ် ကုန်ဆုံးပြီဖြစ်သောကြောင့် မြို့နယ်အတွင်းသို့ လိုအပ်သောကြက်သွန်ဖြူများကို ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်း သိရှိရသည်။  ၂၀၂၅ခုနှစ်၊ စက်တင်ဘာလဒုတိယပတ်တွင် ရှမ်းကြက်သွန်ဖြူ ထူး ၁ တစ်ပိဿာလျှင်(၅၀၀၀) ကျပ်၊ ထူး ၂ တစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ ထူး ၃ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ထူး(၄) တစ်ပိဿာ (၈၀၀၀) ကျပ်၊  ထူး ၅ တစ်ပိဿာ(၉၀၀၀)ကျပ်၊ ထူးရှယ်စ တစ်ပိဿာ (၁၀၀၀၀-၁၂၀၀၀) ကျပ်နှင့် ဥတစ်လုံးကြက်သွန်ဖြူတစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀) ကျပ်ပေါက်ဈေး များဖြင့် ရောင်းချကြောင်း၊ ကြက်သွန်ဖြူသည် စားသောက်ကုန်အမျိုးမျိုးတွင် ထည့်သွင်း စားသုံးကြသလို၊ ဟင်းလျာ များ၌နေ့စဉ်စားသုံးကြကြောင်း၊ ဥတစ်လုံးကြက်သွန်ဖြူများကို ဆေး ဖော်စပ်ရာတွင် အသုံးပြုကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်ကုန်ချိန် (၁၀၀-၁၅၀) ပိဿာခန့်ဒေသအတွင်း ရောင်းချရကြောင်း၊ စာသုံးမှုများ၍ အရောင်းအဝယ်ကောင်းကြောင်း၊ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ၏ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)