Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆန်ဈေး ဆက်လက်မြင့်တက်

         ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၌ မိုးမြေပဲကို (၇၃၉၀၅)ဧကစိုက်ပျိုးပြီး တစ်ဧကလျှင် (၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆန်များမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ မြေပဲလုံးဆန်တစ်တင်းလျှင် (၁၃၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀)တင်း/ (၁၀)တန်ဖြစ်ကြောင်း၊   ‌ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌     မြေပဲလုံးဆန်တစ်တင်းလျှင် (၁၂၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေပဲလုံးဆန်တစ်တင်းလျှင် (၈၀၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆန်တစ်တင်းလျှင် (၈၆၄၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက်  မြေပဲလုံးဆန်တစ်တင်းလျှင် (၄၉၆၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ဈေးကွက်သို့ နှမ်းဖြူများစတင်ဝင်ရောက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုဈေးကွက်သို့ ယခုအပတ်မှစတင်၍ နှမ်းဖြူများဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းဖြူတစ်တင်းလျှင် (၁၁၈၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀၀)တင်း/ (၃၃၁)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းဖြူတစ်တင်းလျှင် (၈၅၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် နှမ်းဖြူများဝင်ရောက်မှုများသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ဈေးကွက်သို့ နှမ်းနက်များ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

         ရွှေဘိုဈေးကွက်သို့ ယခုအပတ်မှစတင်၍ နှမ်းနက်များဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ၊ တတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၂၀၆၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၃၅၀၀)တင်း/ (၃၃၁)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ နှမ်းနက်တစ်တင်းလျှင် (၁၀၈၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် နှမ်းနက်တစ်တင်းလျှင် (၉၈၅၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် နှမ်းနက်များဝင်ရောက်မှုများသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

        နိုဝင်ဘာလ၊ တတိယအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓာတ်မြေဩဇာတစ်အိတ်လျှင် (၂၀၀၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၂၃၀၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့်ပိုးသတ်ဆေး တစ်လီတာတစ်ဘူးလျှင် (၇၅၀၀ဝိ/-)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ၊ MC တံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့)၊ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) ပိုးသတ်ဆေးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လျက်ရှိကြောင်း၊ ရောင်းချသည့်ဈေးနှုန်းများမှာလည်း နိုဝင်ဘာလ ပထမပတ်မှစ၍ တတိယပတ်အထိ ဈေးနှုန်းများမှာ တူညီပြီး ဈေးငြိမ်နေကြောင်း  ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော ဆန်စီးထွက်မှုအခြေအနေ

                  ယခင် နိုဝင်ဘာလ (ဒုတိယ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၄၂၅၀၊ မန္တလေး သို့ အိတ်ရေ ၂၈၁၈၃၊ နေပြည် တော်သို့ အိတ်ရေ ၂၃၈၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၁၇၈၃၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၀၆၆၊ မိတ္ထီလာသို့ အိတ်ရေ ၇၇၈၃၊ တောင်ငူသို့ အိတ်ရေ ၄၈၅၊ ပဲခူးသို့အိတ်ရေ ၁၄၉၅၊ မကွေး အိတ်ရေ ၅၅၅၊  ဘားအံသို့ အိတ်ရေ ၇၄၇၅၊ ကချင် သို့ အိတ်‌ရေ ၂၂၅၊ မွန် သို့ အိတ်‌ရေ ၄၅၁၀၊ ပြည်သို့ အိတ်ရေ ၁၈၀၊ မူဆယ်သို့ အိတ်ရေ ၃၈၀၊ ဧရာဝတီသို့ ၇၀  စုစုပေါင်း အိတ်ရေ (၁၁၂၈၂၀)  အိတ်၊ တန်အား ဖြင့် (၅၆၄၁) စီးထွက်ခဲ့ပြီး ယခု    နိုဝင်ဘာ (စတုတ္တ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၇၂၉၊ မန္တလေး သို့ အိတ်ရေ ၂၃၀၈၄၊ နေပြည်တော်သို့ အိတ်ရေ ၁၉၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၅၀၊ ကျောက်ပတောင်းသို့ အိတ်ရေ ၃၉၆၀၊ မိတ္ထီလာသို့ အိတ်ရေ ၅၆၁၆၊ တောင်ငူသို့ အိတ်ရေ ၈၅၂၊ ပဲခူးသို့အိတ်ရေ ၂၇၄၅၊ မကွေး အိတ်ရေ ၅၆၀၊  ဘားအံသို့ အိတ်ရေ ၃၅၈၅၊ ကချင် သို့ အိတ်‌ရေ ၂၂၁၅၊ မွန် သို့ အိတ်‌ရေ ၂၁၈၅၊ ပြည်သို့ အိတ်ရေ ၁၈၀၊ မူဆယ်သို့ အိတ်ရေ ၂၂၅ စုစုပေါင်း အိတ်ရေ (၉၆၁၇၆)  အိတ်၊ တန်အား ဖြင့် (၄၈၀၈) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၆၆၄၄) အိတ်၊ တန်အားဖြင့် (၈၃၃)တန် လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ပဲပုပ်ဈေးကောင်းလာခြင်းနှင့် အတူအမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဟု တောင်သူများမျှော်မှန်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲဝန်ထမ်းများ သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် နံနက်(၁၀း၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း ၁၀ အိမ်စုကျေးရွာရှိ ပဲပုပ်စိုက်ခင်းများသို့ ကွင်းဆင်း၍ သီးနှံများတွက်ခြေကိုက်မှုရှိ/ မရှိ အခြေအနေများကို တောင်သူများနှင့် တွေ့ဆုံမေးမြန်းလေ့လာခဲ့ကြသည်။

               ကရင်ပြည်နယ်တွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို ဒေသအနှံအပြားစိုက်ပျိုးကြသော်လည်း သံလွင်မြစ်ကြောင်း တစ်လျှောက်ရှိ နုန်းတင်မြေနု စိုက်ခင်းများတွင် ပဲပုပ်ကို အဓိကစိုက်ပျိုးကြသည်။

          ပဲပုပ်သည် စိုက်ပျိုးရန်လွယ်ကူပြီး တစ်ဧကကုန်ကျစရိတ်သက်သာသော သီးနှံဖြစ်သောကြောင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးပြီး တောင်သူတွက်ခြေကိုက်သောသီးနှံဖြစ်ကြောင်းနှင့် နှစ်စဉ် မြစ်ရေကျချိန် တော်သလင်းလဆန်းတွင် စတင်စိုက်ပျိုးကြောင်းနှင့် ပြာသိုလဆန်းတွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ ဒေသခံ တောင်သူများအနေဖြင့် ပဲပုပ်စိုက်ပျိုးရာတွင် မြစ်ရေကျချိန် ပေါ်ထွက်လာသောမြေနုကျွန်းများတွင် မြေပြုပြင်ခြင်းမရှိပဲ ကြဲပက်စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက အထွက်နှုန်း ၁၃ တင်းမှ ၁၅ တင်းခန့်ရရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ပဲပုပ်ဈေးနှုန်းမှာ အဖွင့်ဈေး တစ်ပိဿာ ၃၉၀၀ ကျပ် လက်ရှိဈေး ၇၅၀၀ ကျပ်ဖြစ်ကြောင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းနှင့် အတူ ယခုနှစ်တွင် အမြတ်အစွန်း ပိုမိုရှိနိုင်မည်ဟု မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

              ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ ကနဦးပေါ်ချိန်နှင့် လက်ရှိအချိန် ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံတစ်ပိဿာဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရသည်၊၊

              ၂၀၂၄ အောက်တိုဘာလ စတုတ္ထအပတ်အတွင်း ကရင်ပြည်နယ်ဒေသထွက် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ တစ်ပိဿာဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများမှာ ဖွင့်ဈေး ပဲကြီး ၄၅၀၀ ကျပ် လက်ရှိပေါက်ဈေး ၅၃၀၀ ကျပ် ၊ ပဲလွန်းဖြူ ဖွင့်ဈေး ၄၀၀၀ ကျပ် လက်ရှိ ၅၆၀၀ ကျပ်၊ပဲကြားမဲ ဖွင့်ဈေး ၃၀၀၀ ကျပ်မှ လက်ရှိပေါက်ဈေး ၆၅၀၀ ကျပ်၊ စမုံနက် နှမ်း ဖွင့်ဈေး ၈၀၀၀ ကျပ်မှ ၁၆၀၀၀၊ မြေပဲ ဖွင့်ဈေး ၆၂၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ ပဲတီရွှေဝါ ဖွင့်ဈေး ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ ပဲဖြူကလေး ဖွင့်ဈေး ၆၂၀၀ ကျပ်မှ ၈၃၀၀ ကျပ်၊ ပဲတီရိုးရိုး ဖွင့်ဈေး ၃၉၀၀ ကျပ်မှ ၄၇၀၀ ကျပ်၊ ပဲထောပတ် ဖွင့်ဈေး ၆၂၀၀ ကျပ်မှ ၈၀၀၀၊ မတ်ပဲ ဖွင့်ဈေး ၄၂၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ ပဲပုပ် ဖွင့်ဈေး ၃၉၀၀ ကျပ်မှ ၇၅၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီးဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအနေဖြင့် ဒေသတွင်း ကုန်သည်လက်ကျန် အနည်းငယ်သာရှိပြီး လက်လီရောင်းဝယ်မှုများသာ အဓိကရှိကြောင်းနှင့်လိုအပ်သောပဲများကိုမော်လမြိုင်မြို့နှင့်အခြားပြည်တွင်းဒေသများမှ ပြန်လည်သယ်ယူ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

     ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းချဉ်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြတလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

   ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ယခုအခါ ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းတို့ဖြစ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  သိရပါသည်။

    ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော နိုဝင်ဘာတတိယပတ်နှင့်နိုဝင်ဘာစတုတ္ထပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ဒေသတွင်စိုက်ခင်းများမှသီးနှံများ လှိုင်လှိုင်ထွက်ရှိလာပြီးဖြစ်၍ ကရင်ပြည်နယ်အတွင် ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေကြောင်း သိရပါသည်။    

DOCA(ကရင်)

                                                                                                         

ဘားအံမြို့ဒေသထွက် ဘူးသီးဈေးနှုန်း

  ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ ဘူးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင်အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုးစေပါသည်။ ဘူးသီးကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြား ရောင်းချကြသည်။ ဘူးသီးအလုံးကြီးဈေးနှုန်း တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဘူးသီးအလုံးသေး ဈေးနှုန်း တစ်လုံးလျှင် (၃၅၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ကြက်ဟင်းခါသီးဈေးနှုန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ကြက်ဟင်းခါးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး  ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။

      ကြက်ဟင်းခါးသီးကိုပြုတ်၍ ငပိရည်နှင့်တို့စရာအဖြစ်တို့စားလို့ရသလို ပုဇွန်ခြောက်နှင့်လည်း  ကြော်စားပါက ထမင်းမြိန်စေသည့်အပြင် ဖျော်ရည်အဖြစ်လည်း သောက်ကြပါသည်။ ကြက်ဟင်းခါးသီးတွင်  အခါးဓာတ်ပါသောကြောင့် သွေးသန့်စေဖို့ အကောင်းဆုံးအထောက်အကူပေးပြီး သွေးထဲမှာရှိသော သကြားဓာတ်ကို ထိန်းပေးသည်။ ကြက်ဟင်းခါးသီးစားသုံးခြင်းသည် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရနိုင်ပါသည်။      

      ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အထောင့်ရှည် ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း