Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော နဂါးမောက်သီးနှင့် ဖရဲသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါ သည်။ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါသည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာ ပါဝင်သောကြောင့် ရေအစား ထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ နဂါးမောက်သီးနှင့် ဖရဲသီးသည် ကျန်းမာရေးအတွက် အထောက် အကူများစွာပေးပြီး၊ ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်များ ပြုလုပ် စာသောက်ရသည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေး ရှိ  သစ်သီး ဆိုင်များတွင် အသေး (၁)လုံး လျှင် (၇၀၀) ကျပ်၊ အလတ်(၁)လုံးလျှင် (၉၀၀) ကျပ်နှင့် အကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ၊ ဖရဲသီးဈေးနှုန်းမှာ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ လတ်တစ်လုံးလျှင်(၂၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

              သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၂၂.၈.၂၀၂၅) ရက်နေ့တွင် ဒီဇယ်(ရိုးရိုး) (အဆင့်မြင့်)၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၉၅ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၁၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၅၄၀ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၁၄၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ စက်သုံးဆီဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၂၉၅၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၉၀၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၆၁၅ ကျပ်၊ ဒီဇယ်(အဆင့်မြင့်) ဈေးနှုန်း တစ်လီတာမှာ ၃၂၃၅ ကျပ် ဖြစ်ကြောင်းသိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ယခင်တစ်ပတ်ထက် ယခုတစ်ပတ်တွင် ဒီဇယ်(အဆင့်မြင့်)မှာ ၉၀ ကျပ် ဈေးကျပြီး  ဒီဇယ်(ရိုးရိုး) မှာ ၇၅ ကျပ်ဈေးကျ ကြောင်း၊  ဓါတ်ဆီ (အဆင့်မြင့်)မှာ ၄၀ ကျပ်ဈေးတက်ပြီး  ဓါတ်ဆီ(ရိုးရိုး)မှာ ၁၅ ကျပ် ဈေးတက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိတ္ထီလာမြို့ရှိ ဗမာမုန့်များဖြစ်သည့် ထန်းသီးမုန့်၊ မုန့်ကျွဲသည်း

                မိတ္ထီလာမြို့ ဗဟိုဈေးအတွင်းရောင်းချနေသော မုန့်များအနက် ဗမာမုန့်တစ်မျိုးဖြစ်သည့်   ထန်းသီးမုန့်၊ မုန့်ကျွဲသည်းတို့မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်ကိုတွေ့ရပါသည်။ ဆန်ကြမ်းကို ထန်းရည်ချို၊ ထန်းလျက်တို့ဖြင့် ပြုလုပ်ထားသော ထန်းသီးမုန့်မှာ အပေါ်ယံ မျက်နှာပြင်တွင် အုန်းသီးစိတ်အပြားလေးများနှင့် နှမ်းစေ့တို့ကိုဖြူး၍ ပြုလုပ်ထားပြီး မုန့်ကျွဲသည်းမှာတုံတုံအိအိဖြင့် စားသုံးရာတွင် အလွန်နူးညံ့သောမုန့်ဖြစ်ပါသည်။ ထန်းသီးမုန့်၊ မုန့်ကျွဲသည်းများအပြင် ယခုအခါ သာကူ စေ့ကိုကြို၍ မုန့်ကျွဲသည်းကဲ့သို့ ပြင်ပြုလုပ်ကာ ဓါးဖြင့်အတုံးလေးများတုံး၍ ရောင်းချလာသည် ကိုတွေ့ရပြီး သာကူမုန့်ကျွဲသည်းမှာ ပိုမို၍ စေးကပ်မှုရှိပြီး စားသုံးသူများ၏ ကြိုက်နှစ်သက်မှု အပေါ်မူတည်၍ ရောင်းချရကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်သို့ မလှိုင်မြို့နယ်ရှိ ပန်းအိုင် ကံဦး၊ မြစ်ကျဉ်းကျေးရွာများမှ လာရောက်ရောင်းချကြရာ တစ်ပိဿာ (၈၀၀၀) ဈေးရှိကြောင်း သိရသည်။

DOCA (မန္တလေး)

 

 

မုံရွာမြို့တွင် ရောင်းချနေသော ထောပတ်သီး နှင့် ဖီးကြမ်းငှက်ပျောသီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  ထောပတ်သီးနှင့် ဖီးကြမ်းငှက်ပျောသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ထောပတ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြပါသည်။ မုံရွာမြို့နယ်ဒေသ အတွင်း စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ပြီး  ဥယျာဉ်ခြံ စိုက်ပျိုး လုပ်ကိုင်ရာတွင် ရာသီစာ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြသလို ဖီးကြမ်းငှက်ပျောကိုလည်း အများအပြား စိုက်ပျိုး ကြကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  သစ်သီးဆိုင်များတွင် ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၈၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၁၀၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၂၀၀) ကျပ် ၊ ဖီးကြမ်းငှက်ပျောသီးဈေးနှုန်းမှာ    ငှက်ပျောတစ်ဖီးလျှင် (၂၀၀၀-၃၅၀၀) ကျပ် ဖြင့်ရောင်းချပြီး ဖီးကြမ်းငှက်ပျောသီးကို ဈေးကွက်အတွင်းတွင် အဖီးလိုက်၊ အခိုင်လိုက် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော ဂေါ်ရခါးညွန့် နှင့် ပန်းဂေါ်ဖီ ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်း ဂေါ်ရခါးညွန့်နှင့် ပန်းဂေါ်ဖီများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့် ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။ ဂေါ်ရခါးညွန့်နှင့် ပန်း‌ဂေါ်ဖီများကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

      ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  ဂေါ်ရခါးညွန့်ဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီစိမ်းစျေးနှုန်း (၃၈၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင် ရောင်းချနေသော အာလူးသီး နှင့် ခရမ်းချဉ်သီး ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင်  အာလူးသီး နှင့် ခရမ်းချဉ်သီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။  ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့်အခြားသီးနှံ၊အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံ အမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့ သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။   

     ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ ကန်သာယာဈေးရှိ  အာလူးသီး (၁) ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၅၀၀)ကျပ်၊ ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာ လျှင် (၃၂၀၀)ကျပ်နှင့်(၃၈၀၀)ကျပ် အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

မလှိုင်မြို့နယ်တွင် မိုးမြေပဲများစတင်ရိတ်သိမ်း

          မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ဩဂုတ်လနောက်ဆုံးပတ်၌ ဧကများစတင် နှုတ်သိမ်းနေပြီဖြစ်ကြောင်းသိရသည်။ မိုးနေမြေပဲကို ဇွန်လ၊ ဇူလိုင်လများတွင်စိုက်ပျိုးပြီး စက်တင်ဘာ၊ အောက်တိုဘာလများတွင် နှုတ်သိမ်းလေ့ရှိသော်လည်း ယခုနှစ်မိုးဦးကျစောသည့်အတွက် မေလတွင် စိုက်ပျိုးသောမြေပဲများ နှုတ်သိမ်းခြင်းဖြစ်ပါသည်။ မိုးမြေပဲတစ်ဧကစိုက်ပျိုးရန်မျိုးအနေဖြင့် အတောင့် (၆)တင်း၊အဆံအားဖြင့် (၂.၅)ပိဿာခန့်စိုက်ပျိုးရပြီး စိုက်ပျိုးချိန်ကမျိုးဈေးမှာတစ်ပိဿာ (၁၀၀၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ မြေပြင်စိုက်ပျိုးခြင်းအတွက် စက်ထယ်၊ မြေခံမြေဩဇာများအပါအဝင် တစ် ဧက(၄၀၀၀၀၀)ကျပ်ခန့်ကုန်ကျခဲ့ကြောင်းသိရသည်။မြေပဲနှုတ်သိမ်းရာတွင် လုပ်သားကိုနေ့စားဖြင့် ခေါ်ယူခြင်းမပြုဘဲ နှုတ်/ဆွတ်ခအနေဖြင့် မြေပဲတောင့် တစ်တင်းလျှင် (၄) ပြည်နှုန်းပေးရကြောင်း၊ ယခုနှစ်မိုးကြောင်းသည့်အတွက် အထွက်နှုန်းကောင်းသည့်အပြင် အဆံအောင်သည့်အတွက် တစ်ဧက တင်း(၄၀)ခန့်ထွက်ရှိကြောင်း၊ယခုအခါ နှုတ်သိမ်းစဖြစ်၍ ဈေးကွက်သို့တင်ပို့ခြင်းမပြုသေးကြောင်း မြေပဲနှုတ်သိမ်းနေသည့် တောင်သူများထံမှသိရသည်။

DOCA (မန္တလေး)

ရွှေဘိုဈေးကွက်တွင် အနည်းငယ်ကျသည့်ခရမ်းချဉ်သီး

       ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ခရမ်းချဉ်သီးများကို ရောင်းချလျက်ရှိရာ ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော ခရမ်းချဉ်သီး ဈေးနှုန်းမှာ အရွယ်အစားအကြီးအသေးပေါ်မူတည်၍ (၁)ပိဿာလျှင် (၃၀၀ဝိ/-)ကျပ် မှ (၄၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၅ခုနှစ် စက်တင်ဘာလ (ပထမ) ပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ (၁)ပိဿာလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချပြီး ယခင်အပတ်နှင့်ယခုနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး (၁)ပိဿာ လျှင် (၁၀၀ဝိ/-) ကျပ် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့တွင် ရောင်းချနေသော ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥများကို ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင်  ဈေးကွက်အတွင်း  ကြက်ဥ၊ ဘဲဥများ အများအပြား ရောင်းချလျက်ရှိကြပါသည်။

    ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အသေး (၄၀၀)ကျပ်၊ အလတ် (၅၀၀) ကျပ်နှင့် အကြီး(၅၅၀) ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဘဲဥဈေးနှုန်းမှာ (၆၀၀-၇၀၀) ကျပ်အထိ ရောင်းချလျက်ရှိကြောင်း ကြက်ဥနှင့် ဘဲဥရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာစပါးဈေးနှုန်း

              မိတ္ထီလာမြို့နယ်၊ စပါးဈေးကွက်၌ ဩဂုတ်လတတိယပတ်တွင် စပါးဈေးနှုန်းများမှာ နွေစပါး (၁၅) ပိဿာတစ်တင်းလျှင် နွေမနောသုခမှာ (၁၅၀၀၀)ကျပ်၊ ရွှေဝါထွန်းမှာ (၁၄၀၀၀)ကျပ်၊ ထိုင်းနှံ ကောက်မှာ (၁၃၀၀၀)ကျပ်၊ ရက်(၉၀)မှာ (၁၅၀၀၀)ကျပ်၊ ရွှေသွယ်ရင်မှာ (၁၅၀၀၀)ကျပ်၊ အောင်ငွေတိုးမှာ (၁၄၀၀၀)ကျပ်၊ ရွှေမနောမှာ (၁၅၅၀၀)ကျပ်၊ ရတနာတိုးမှာ (၁၆၀၀၀)ကျပ်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်ကြောင်းသိရသည်။ နွေစပါးကိုသက်တမ်းတိုသည့်ရက်(၉၀)၊ ရွှေသွယ်ရင်နှင့် မနောသုခ အုပ်စုဝင်စပါးများစိုက်ပျိုးကာ ဇွန်လမှစ၍ရိတ်သိမ်းလေ့ရှိပါသည်။ ဒီဇင်ဘာလ ၊ ဇန်နဝါရီလများက ရိတ်သိမ်းခဲ့သောစပါးမှာ သက်တမ်းမျိုးဖြစ်သည့် ပဒေသာ၊ မနောသုခမျိုးများ စိုက်ပျိုးမှုများကာ ယခုအခါ စပါးဟောင်းများဖြစ်လာ၍ နွေစပါးနှင့်နှိုင်းယဉ်ပါကဈေးမြင့်ရာ (၁၄)ပိဿာတစ်တင်းလျှင် ဧရာပဒေသာမှာ (၃၂၀၀၀)ကျပ်၊ မဂျမ်းတောမှာ (၃၅၀၀၀)ကျပ်၊ ရက်(၉၀)မှာ(၂၀၀၀၀)ကျပ်၊ ရွှေပိုးမိုး ယွန်းကြီးမှာ (၁၉၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း စပါးပွဲစား၊ဆန်စက်ပိုများထံမှ သိရသည်။

DOCA (မန္တလေး)

 

 

 

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း