Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဩဂုတ်လ ဒုတိယပတ်ရှိ မြေပဲလုံးဆံနီ၊ ပဲကြီး၊ ပဲနီလုံး၊ စွန်တာနီ/ပြာ ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ် နေသော ပဲဈေးနှုန်းများအနေဖြင့် မြေပဲလုံးဆံနီ( ၁ )ပိဿာလျှင် ( ၈၈၀၀)ကျပ်၊ ပဲကြီး ( ၁ ) တင်းလျှင် ( ၁၃၃၀၀၀)ကျပ်၊ ပဲနီလုံး(ရိုးရိုး) ( ၁ ) တင်းလျှင် ( ၁၀၁၀၀၀)ကျပ်၊ စွန်တာနီနှင့် စွန်တာပြာ( ၁ ) တင်း လျှင် ( ၁၀၆၀၀၀)ကျပ် ဈေးနှုန်းများရှိကြောင်း ပဲမျိုးစုံကုန်စည်ဒိုင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲစဉ်းငုံနှင့် ပဲတီစိမ်းကြီး/သေး ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ် နေသော ပဲဈေးနှုန်းများအနေဖြင့် မတ်ပဲ( ၁ )တင်းလျှင် ( ၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်း (ကြီး) ( ၁ ) တင်းလျှင် ( ၉၇၀၀၀)ကျပ်၊ ပဲတီစိမ်းသေး ( ၁ ) တင်းလျှင် ( ၁၁၀၀၀၀)ကျပ်၊ ပဲစဉ်း ငုံ ( ၁ ) တင်း လျှင် ( ၈၂၅၀၀)ကျပ် ဈေးနှုန်းများရှိကြောင်း ပဲမျိုးစုံကုန်စည်ဒိုင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ဩဂုတ်လ ဒုတိယပတ်၏ ဆီထွက်သီးနှံများနှင့် ပြောင်း( CP) ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ် နေသော ဆီထွက်သီးနှံဈေးနှုန်းများအနေဖြင့် နှမ်းဖြူ( ၁ )တင်းလျှင် ( ၁၀၅၀၀၀)ကျပ်၊ နှမ်းနက် ( ၁ )တင်းလျှင် ( ၂၂၀၀၀၀)ကျပ်၊ နှမ်းညို( ၁ ) တင်းလျှင် ( ၈၇၀၀၀)ကျပ်၊ နေကြာ( ၁ ) တင်း လျှင် ( ၅၄၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ( ၁ )ပိဿာလျှင် ( ၇၉၀၀)ကျပ်နှင့် CPပြောင်း ( ၁ )တင်းလျှင် ( ၂၇၀၀၀) ကျပ် ဈေးနှုန်းများရှိကြောင်း ပဲမျိုးစုံကုန်စည်ဒိုင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့်  ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၄၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၈၀၀) ကျပ်၊ ၁ပိဿာ လျှင်  (၅၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကျားခြေရာခရမ်းချဉ် တောသီး (  ၁ ) ပိဿာ လျှင်( ၃၈၀၀)ကျပ်၊  အာလူး အလုံးလှ ( ၂၅) ကျပ်သား လျှင် ( ၁၂၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၂၄၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၄၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ပထမပတ်နှင့် နှိုင်းယှဉ်ပါက အာလူးဈေးနှုန်း ငြိမ်နေပြီး ခရမ်းချဉ်သီး အဝင်နည်းသဖြင့် ဈေးနှုန်း ဆက်လက်မြင့်တက်လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

​​​​​​​ ဩဂုတ်လ ဒုတိယပတ်၏ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါ၊ ထောပတ်ပဲ၊  ပဲပုတ်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း ဩဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ် နေသော ပဲဈေးနှုန်းများအနေဖြင့် ကုလားပဲဖြူလုံးကြီး( ၁ )တင်းလျှင် ( ၈၂၅၀၀)ကျပ်၊ ကုလားပဲဝါ (ထိုင်ဝမ်) ( ၁ ) တင်းလျှင် ( ၈၀၅၀၀)ကျပ်၊ ထောပတ်ပဲ ( ၁ ) တင်းလျှင် ( ၇၅၀၀၀)ကျပ်၊ ပဲပုတ်( ရှမ်း) ( ၁ ) တင်း လျှင် ( ၈၉၀၀၀)ကျပ်၊ ပဲပုတ်(ဗမာ)( ၁ ) တင်းလျှင် (၁၃၃၀၀၀)ကျပ် ဈေးနှုန်းများရှိကြောင်း ပဲမျိုးစုံကုန်စည်ဒိုင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

      မိတ္ထီလာဘိလပ်မြေဈေးကွက်

    မိတ္ထီလာ ဈေးကွက်အတွင်း ယခုဩဂုတ်လပထမအပတ်တွင် အပါချီဘိလပ်မြေတစ်အိတ်လျှင် (၁၈၃၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၈၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၈၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူနှိုင်းယှဉ်လျှင်ဈေးနှုန်း တည်ငြိမ်နေကြောင်း၊ မိုးရာသီဖြစ်၍ ဆောက်လုပ်ရေးလုပ်ငန်းများမှအဝယ်နည်းသဖြင့် အရောင်း အဝယ်ပါး၍ ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့သို့ သာစည်မြို့နယ်၊ ပြည်ညောင် ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ အဝင်များ ကြောင်း၊ မိတ္ထီလာမြို့မှ သာစည်၊ ဝမ်းတွင်း၊ မလှိုင်မြို့နယ်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်။

DOCA (မန္တလေး)

မိတ္ထီလာဈေးကွက်ရှိ အခြေခံစားကုန်ဈေးနှုန်းများ

     မိတ္ထီလာမြို့မဈေးကြီး၌ ဩဂုတ်လ ပထမအပတ်တွင် အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်း ဆန်တစ်ပြည်လျှင်  (၆၂၅၀) ကျပ်၊ ဧည့်မထဆန်တစ်ပြည် (၃၃၅၀) ကျပ်၊ ငစိန်ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ဆီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ပဲဆီ (၁၈၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၀၀၀-၁၇၀၀၀)ကျပ်၊ ကြက်သွန်နီ အလတ်စတစ်ပိဿာလျှင် (၁၃၀၀)ကျပ်၊ ရှမ်းကြက်သွန်ဖြူ (သစ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူး တစ် ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဆားတစ်ပိဿာ လျှင် (၁၆၀၀)ကျပ်၊ သကြားတစ်ပိဿာ (၆၀၀၀) ကျပ် ၊ ငရုတ်ရှည် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ် ၊ ငရုတ်ပုတစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ CP ကြက်သားတစ်ပိဿာ လျှင် (၁၆၅၀၀)ကျပ်၊ ဒေသကြက် (ဗမာကြက်) တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ဝက်သားနှင့်ဆိတ်သားမှာ ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၄၀၀) ကျပ်၊ ဘဲဥတစ်လုံး (၅၀၀) ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာ(၁၅၀၀၀)ကျပ် တို့ဖြင့် အရောင်း အဝယ် ဖြစ်လျှက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ကုလားပဲခြမ်းတစ်ပိဿာလျှင် (၂၀၀)ကျပ်ဈေးနှုန်းမြှင့်တက်လာကြောင်း၊ တခြားစားဖိုဆောင်သီးနှံများမှာ ဈေးနှုန်းများတည်ငြိမ်နေ ကြောင်းသိရသည်။

   DOCA (မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြေပဲလုံးဆံ၊ မြေပဲပတ် နှင့် မြေပဲဆီ ဈေးနှုန်း

ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဆီသန့်စက်များတွင် မြေပဲလုံးဆံများကို ဒေသ တွင်း ထွက်ရှိသည်များနှင့် မန္တလေးမြို့မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချသည့် မြေပဲလုံးဆံ ဈေးနှုန်းများမှာ မြေပဲလုံးဆံ တစ်ပြည့်လျှင်(၁၂၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၆၀၀၀)ကျပ်နှင့် နို့ဆီ(၁)ဘူးလျှင်(၁၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း မြေပဲဆီ ဈေးနှုန်းအနေဖြင့် မြေပဲဆီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၁၀)ပိဿာတစ်ပုံးလျှင်(၁၈၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် မြေပဲပတ် တစ်ပိဿာလျှင်(၄၃၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၅၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ကွမ်းသီး၊ ကွမ်းရွက်ဈေးနှုန်း ‌ဈေးကွက်အခြေအနေ

     မိတ္ထီလာဈေးကွက်တွင် ကွမ်းရွက်များကို မတ္တရာ၊ မုံရွာ၊ ကျောက်ဆည် ၊ ရေဝန်း ၊ တံတားဦး ၊  ကံဦးမြို့များမှ ဝင်ရောက်လျက်ရှိပြီး၊ ကွမ်းသီးများကို ဘိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များမှ ဝင်ရောက် လျက်ရှိကြောင်းသိရှိရသည်။

          ယခုနှစ်ဩဂုတ်လပထမပတ်တွင် ဈေးကွက်အတွင်း၌ ကွမ်းရွက်ရှယ်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ အရွက်ကြီးတစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် ကွမ်းသီးရှယ်တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ကွမ်းသီးရိုးရိုးတစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်လနှင့် ကာလ တူနှိုင်းယှဉ်လျှင် ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းများဈေးငြိမ်နေကြောင်း၊ ယခုမိုးရာသီကာလတွင် ဈေးကွက်၌ ကွမ်းရွက်များအဝင်များသော်လည်း အရောင်းအဝယ်ပုံမှန်ရှိသဖြင့်  ဈေးနှုန်းတည်ငြိမ် နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိမြို့နယ်များအား ပြန်လည်ဖြန့် ဖြူးရောင်းချ လျက်ရှိကြောင်း ဈေးကွက်မှသိရပါသည်။

DOCA (မန္တလေး)

 

          

ကျွန်းလှမြို့တွင် ရာသီပေါ် မြေပဲတောင့်အစို နှင့် မြေပဲပြုတ်များ ရောင်းချလျက်ရှိ

ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူများသည် နှစ်ရှည်သီးနှံများ၊ စားဖိုဆောင်သီးနှံ များအပြင် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံတို့ကို စိုက်ပျိုးရောင်းချလျက်ရှိရာမှ   ရသီပေါ် ဆီထွက်သီးနှံဖြစ် သည့် မြေပဲတောင့်အစိုများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ ဈေးကွက်များအတွင်း၌ ရောင်းချနေသော  မြေပဲတောင့်အစို ဈေးနှုန်းအနေဖြင့် မြေပဲတောင့်အစို တစ်ပြည့်လျှင်(၃၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၁၅၀၀)ကျပ် နှင့် မြေပဲတောင့်အစို အပြုတ် တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၂၅၀၀)ကျပ်နှင့်  နို့ဆီ(၁)ဘူးလျှင်(၁၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း