Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျိုက်မရောမြို့နယ်၌ ကြက်ဟင်းခါးသီး စျေးကောင်းရ၍ စီးပွားဖြစ်စိုက်ပျိုးသူများလာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှသိရသည်။
အဆိုပါ ကြက်ဟင်းခါးသီးများကို စက်တင်ဘာလမှ စတင်စိုက်ပျိုးကြပြီး ကြက်ဟင်းခါးပင်ကို အစေ့မှပျိုး၍ အညွန့်တက်လာပါက စင်တင်ပေးကာ စနစ်တကျစိုက်ပျိုးကြပြီး နိုဝင်ဘာလ၊ ပထမအပတ်မှစတင်ကာ ခူးဆွတ်နိုင်ပြီး ယခုအချိန်၌ ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀) ကျပ်ထိရသဖြင့် တစ်နေ့ခူးလျှင် အလုံးရေ (၄၀၀) မှ (၅၀၀) ထိခူးနိုင်ပြီး သုံးရက်ခြားတစ်ကြိမ် ခူးရပြီး ဝင်ငွေ (၃၀၀၀၀၀) ကျော်ခန့်ရသဖြင့် တစ်နှစ်ပတ်လုံး စိုက်ပျိူးနိုင်သဖြင့် စီးပွားဖြစ်စိုက်ပျိုးသူများလာပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုပုံမှန်ဝင်ငွေတိုးပွားကာ မိသားစုများအဆင်ပြေလျက်ရှိကြောင်းသိရသည်။
ကြက်ဟင်းခါးသီးသည် မီးဖိုချောင်သုံး စာဖိုဆောင်သီးနှံဖြစ်ပြီး လူကြိုက်လည်းများသဖြင့် မြေလွတ်များ၌ စီးပွားဖြစ်စိုက်ပျိုးလာကြသူများလာပြီး ရေမြေကောင်းသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မွန်)

တနင်္သာရီတိုင်းဒေသကြီး ဒေသထွက် ငါးမုန့်

     တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးမုန့်များ၏ အရသာထူးကဲကောင်းမွန်မှုသည် မြန်မာနိုင်ငံအနှံ့အပြားစားသုံးသူပြည်သူအများအပြား လက်ခံလျက်ရှိပါသည်။ အရာသာကောင်းမွန်သော ငါးမုန့်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် ငါးအမျိုးအစားသည် အလွန်ပင် အရေးကြီးလှပါသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ငါးမုန့်လုပ်ငန်းအများစုသည် ငါးကွန်းရှပ်(ဒေသအခေါ်) ဘီးဇင်းငါးအမျိုးအစား တစ်ခုတည်းကိုသာ အဓိကထားအသုံးပြုကြပါသည်။

     တနင်္သာရီတိုင်း‌ဒေသကြီးအတွင်း ငါးမုန့်များတွင် ငါးမုန့်အခြောက်အစိမ်း၊ နှမ်းများကပ်ကာ နှမ်းကပ်ငါးမုန့်ခြောက်အစိမ်း၊ ဆီပူတွင် ကြော်ကာ အသင့်ကြော်ငါးမုန့် အထုတ်ငယ်များဖြင့် အသီးသီး ရောင်းချလျက်ရှိရာ စျေးနှုန်းများအနေဖြင့် ငါးမုန့်ခြောက်အစီမ်း တစ်ပိဿာလျှင်(၃၈၀၀၀) ကျပ်ဖြင့် မြန်မာနိုင်ငံနေရာအနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိပြီး အသင့်ကြော်ငါးမုန့်များအား လေလုံအောင် ထုပ်ပိုး၍ အထုတ်ငယ်တစ်ထုတ်လျှင်(၄၀၀/၇၀၀)ကျပ်နှုန်းဖြင့် ဒေသတွင်း ကုန်စုံဆိုင်၊ အအေးဆိုင် များ၊ စားသောက်ဆိုင်များနှင့် မြို့အနီးပတ်ဝန်းကျင် ကျေးရွာများအထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျိုက်ထိုမြို့နယ် ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချပေး

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် (၂၀-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) (ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၁) ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို ကျိုက်ထိုမြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ် အမြတ်၂% တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက်ကားအရောင်းဆိုင်များကလည်း စားသုံးသူပြည်သူများထံသို့ အမြတ် ၂% ရယူ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ လှည့်လည်ရောင်းချပေးလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဝယ်ယူလျက်ရှိကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(မွန်)

အုတ်ဖိုဝါးခမောက်လုပ်ငန်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့်တင်မှုနှင့် အတူ (MSMEs)လုပ်ငန်းများစွာရှိသည့်အနက် အုတ်ဖိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းမှာ ဖြစ်ထွန်းအောင်မြင်လာပြီဖြစ်ကြောင်းသိရှိရ၍ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်တွေ့ဆုံလေ့လာခဲ့ပါသည်။
ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းသည် ကုန်ကြမ်းများရင်းနှီးမြှပ်နှံမှုအနေဖြင့် ဝါး၊ ဝါးပလပ်၊ အချဉ်တံ၊ အပ်ချည်အမျိုးမျိုး၊ ဖယောင်း၊ သင်္ဘောဆေး၊ဓါတ်ဆီ ၊ပလပ်စတစ်ကြိုး စသည်ဖြင့် ရင်းနှီးမတည်မှု ကျပ်သိန်း (၁၀၀၀၀၀၀၀) ရင်းနှီးရပြီး၊ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ရန် လုပ်သားဦးရေ (၂၀)ခန့်နှင့်လုပ်ကိုင်ရသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထုတ်လုပ်မှုအနေဖြင့် ပန်းချော၊ ငါးကြင်းကွက်၊ ဗီယက်နန်၊ ပဲခူးသူ စသည်ဖြင့် ပုံစံအမျိုးမျိုးထုတ်လုပ်ရောင်းချရပါသည်။ ဝါးခမောက်တစ်လုံးလျှင် ရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်အနေဖြင့် ၂၅၀၀ကျပ်ခန့်ကုန်ကျပါသည်။ ဈေးအတွင်း လက်ကားရောင်းဈေးအနေဖြင့် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်အထိဈေးနှုန်းရရှိပါသည်။ တစ်လုံးလျှင် ပျမ်းမျှအမြတ်ငွေ (၇၂၀)ကျပ်အမြတ်ရရှိပြီး တစ်လလျှင် ဝါးခမောက်အလုံးရေ (၇၀၀) လုံးခန့်ရောင်းချရသဖြင့် တစ်လအမြတ်ငွေ (၅၀၀၀၀၀/) ကျပ်ရရှိနိုင်ပါသည်။ တစ်နှစ်ပတ်လုံး ကုန်ကြမ်းများသိုလှောင်ထားရှိပြီး လုပ်ငန်းလုပ်ကိုင်ရသဖြင့် ယခင်နှစ်တွင် အကျိုးအမြတ်အနေဖြင့် လစဉ်အမြတ်ငွေ ကျပ်(၉၀၀၀၀၀)ခန့်အမြတ်ရရှိခဲ့ပါသည်။ ယခုနှစ် ဝါးပလပ်ရွက်ပေါက်ဈေးမှာ တစ်ရွက်လျှင် (၄၂)ကျပ်ခန့်မြင့်တက်လာသဖြင့် အမြတ်ဝင်ငွေနည်းပါးသွားပြီး (၅၀၀၀၀၀) သိန်းကျပ်ခန့်သာအမြတ်ရရှိပါသည်။
ဈေးကွက်ရောင်းချမှုအနေဖြင့် ဒေသတွင်း ပဲခူး၊ ပြည်၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့ရှိ ဈေးကွက်များသို့တင်ပို့ရောင်းချရကြောင်းနှင့် ဝါးခမောက်များကို နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုးစလုံးတွင် အသုံးပြုနိုင်ကြောင်းလည်းသိရှိရပါသည်။
DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတတိယအပတ် အခြေခံစားသောက်ကုန်ဈေးနှုန်းအချို့အတက်/အကျဖြစ်

     ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလတတိယအပတ် ပဲဆီသန့်တစ်ပိဿာလျှင် ယခင်အပတ် ၁၉၀၀၀/၂၀၀၀၀ဈေးမှ ယခုဈေး ၁၈၀၀၀/၂၀၀၀၀ ဖြစ်သွား၍ ပဲဆီသန့်တစ်ပိဿာ ကျပ်၁၀၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး နှမ်းဆီ တစ်ပိဿာ ယခင် ၁၈၀၀၀/၁၉၀၀၀ကျပ် ဈေးမှ ယခု၁၉၀၀၀/၂၀၀၀၀ဖြစ်သွား၍ တစ်ပိဿာကျပ် ၁၀၀၀ဈေးနှုန်း  မြင့်တက်လျက်ရှိပြီး ငရုတ်ခြောက်ရှည်တစ်ပိဿာလျှင် ကျပ် ၈၀၀၀/၈၅၀၀ ဈေးမှ ယခုဈေး တစ်ပိဿာကျပ် ၇၅၀၀/၈၀၀၀ ဖြစ်သွားသည့်အတွက် ငရုတ်ခြောက်ရှည် တစ်ပိဿာကျပ် ၅၀၀ခန့်ဈေးနှုန်းကျဆင်းလျက်ရှိပြီး ပွင့်လင်းရာသီတွင် ကြက်သွန်နီအသစ်များ ဈေးကွက်ဝင်ရောက်လာချိန် ယခင်ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀/၄၅၀၀ ကျပ်ဈေးမှ ယခု ၄၀၀၀/၄၂၀၀ဖြစ်သွား၍ ကြက်သွန်နီတစ်ပိဿာကျပ် ၂၀၀/၃၀၀ခန့်ဈေးနှုန်း ကျဆင်းလျက်ရှိပြီး အာလူးအလတ် တစ်ပိဿာ ယခင် ၇၅၀၀/၈၀၀၀ကျပ်ဈေးမှ ယခုဈေး ၉၃၅၀/၁၀၀၀၀ဖြစ်သွား၍ အာလူး တစ်ပိဿာကျပ် ၂၀၀၀ခန့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရသည်။

       မြန်မာကြက်သား တစ်ပိဿာ ယခင်ကျပ် ၃၀၀၀၀/၃၂၀၀၀ ဈေးမှယခုဈေးတစ်ပိဿာ ကျပ် ၃၂၀၀၀/၃၄၀၀၀ ဖြစ်သွား၍ တစ်ပိဿာကျပ် ၂၀၀၀ဈေးနှုန်းမြင့်တက်မှုရှိပြီး မွေးမြူရေးကြက်သား၊ ဘဲသား၊အမဲသား၊ ဆိတ်သားဈေး၊ငါးဈေး ၊ငါးခြောက်ဈေးနှုန်းများနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံစားသောက်ကုန်စာရင်းမှ သိရသည်။

DOCA(ဧရာဝတီ)

 

မင်းလှမြို့ ပဲဈေးကွက်အခြေအနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့် နိုဝင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် ၂၀ပိဿာဝင်တစ်တင်းကို ၁၂၂၇၀၀ကျပ်ရှိခဲ့ပြီး၊ နိုဝင်ဘာလ တတိယ ပတ်တွင် (၂၀)ပိဿာဝင်တစ်တင်းကို ၁၁၉၀၀၀ကျပ်ရှိခဲ့ကာ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။ ကုလားပဲတစ်ပြည်ကို ၇၅၀၀ကျပ်၊ ဘိုကိတ်တစ်ပြည်ကို ၇၇၀၀ကျပ်၊ စားတော်ပဲ တစ်ပိဿာလျှင် ၇၆၀၀ကျပ်၊ ပဲနီစေ့တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ ၁၀၀၀၀ကျပ်ဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲမျိုးစုံကို ရန်ကုန်ဘုရင့်နောင်စျေးမှယူ၍ ရောင်းချရကြောင်း ပဲမျိုးစုံရောင်းချနေသော ဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။
DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်အခြေနေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း ရောင်းချနေသောဟင်းသီးဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း၊ သဲကုန်း၊ ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။
ထိုသို့ဝင်ရောက်ရာတွင် နိုဝင်ဘာလ ဒုတိယပတ်နှင့် တတိယပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ် ၁ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ်လျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်၊ အာလူး ၁ပိဿာလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်၊ ရွှေဖရုံသီး ၁လုံးလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ဘူးသီး ၁လုံးလျှင် ၁၂၀၀ကျပ်မှ ၁၃၀၀ကျပ်၊ ငရုတ်ပွ ၁ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ကျပ်၊ ပဲသီး ၁၀တောင့်ပါ ၁စည်းလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်၊ ဆလပ်ရွက် ၁စည်းလျှင် ၅၀၀ကျပ်မှ ၇၀၀ကျပ်၊ သံပရာသီး ၁လုံးလျှင် ၅၀ကျပ်မှ ၁၀၀ကျပ်၊ ဖရဲသီး ၁လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၁၆၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ရုံပတီသီး ၁စည်းလျှင် ၂၀၀ကျပ်မှ ၂၅၀ကျပ်၊ ခဝဲသီး ၁တောင့်လျှင် ၃၀၀ကျပ်မှ ၃၅၀ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။ ပဲတီကုန်း၊ သဲကုန်း၊ အေးမြသာယာမှ ပြောင်းဖူးနှင့်ဘူးသီးများ အများဆုံးဝင်ရောက်ပြီး တစ်နေ့လျှင် ပြောင်းဖူး ၃၀ဖူးပါ အိတ် ၂၅ခန့်၊ ဘူးသီး ၁၀လုံးပါ အိတ် ၁၅အိတ်ခန့်၊ ခရမ်းချဉ်သီး ၁၀ပိဿာဝင်ခြင်း ၁၅ခြင်းခန့်ဝင်ရောက်ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။
DOCA(ပဲခူး)

ရာသီစာမှိုများ ဈေးကွက်တွင် ဈေးကောင်းရရှိကြောင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်သာပေါင်းမြို့နှင့် ပုသိမ်မြို့ပေါ်ရှိ မြို့မဈေးကြီး အပါအဝင် ယာယီပျံကျဈေးများတွင် ရာသီစာသဘာဝမှိုများလာရောက် ရောင်းချနေကြရာ ဝယ်ယူ စားသုံးသူ များပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

     ပုသိမ်မြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသများရှိ တောတောင်၊ တောင်ပို့များမှ ထွက်ရှိသော သဘာဝမှိုများဖြစ်သည့် မှိုအုန်းနက်နှင့်မှိုဖြူများကို မြို့ပေါ်ရှိဈေးကွက်များအတွင်း လာရောက် ရောင်းချလျက်ရှိပြီး မှိုတစ်ပိဿာ၏ ဈေးနှုန်းမှာငွေကျပ် ၂၅၀၀၀ မှ ၂၈၀၀၀အထိ မှိုအဝင်အထွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိကြောင်း၊ ယခုနှစ် မှိုထွက် ရာသီကာလတွင် မိုးနှောင်း မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် မှိုအထွက်နောက်ကျပြီး မှိုထွက်ချိန်ပြောင်းကာ ရှာဖွေရခက်ခဲကြောင်း၊ ရာသီစား သဘာဝမှိုများကို ယခုနှစ် စက်တင်ဘာလလယ်ပိုင်းက စတင်ကာ ရှာဖွေနှုတ်ယူပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း ပုသိမ်မြို့မဈေးကြီးအတွင်း လာရောက်ရောင်းချသည့် မှိုဈေးသည်တစ်ဦးက ပြောပြသည်။

      အရန်ဟင်းတမျိုးဖြစ်သည့် မှိုနှင့်ကန်စွန်းရွက်ရော၍ ကြော်စားခြင်း၊ မှိုချဉ်စပ်ဟင်းများ ချက်ပြုတ်စားခြင်း ရာသီပေါ်ချိန်သာစားရသော မှိုအုန်းနက်နှင့် မှိုဖြူများ၏ အရသာမှာ အလွန်ပင် ထမင်းမြိန်စေပါသည်။

     ပုသိမ်မြို့ပေါ်ဈေးကွက်များတွင် မှိုအထွက်နှုန်း အနည်းအများပေါ်မူတည်ပြီး မှိုလာရောက်ရောင်းချမှုရှားပါးခြင်းကြောင့် မိမိကြိုက်နှစ်သက်သည့်အချိန်တွင် ဝယ်ယူရန်ခက်ခဲကြောင်း မှိုဝယ်ယူအားပေးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA(ဧရာဝတီ)

သဲကုန်းမြို့နယ်ရှိ သခွား(အကြွပ်) ဈေးနှုန်းဈေးကွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာတွင် ဟင်းသီးဟင်းရွက်မျိုးစုကိုစိုက်ပျိုးကြပြီး သခွား (အကြွပ်)မျိုးကို တစ်ဧကစိုက်ပျိုးထားကြောင်းသိရပါသည်။ သခွား (အကြွပ်)တစ်ဧကစိုက်ပျိုးမည်ဆိုပါက စတင်စိုက် ပျိုးချိန်မှစ၍ ခူးဆွတ်ရောင်းချချိန်အထိ (မျိုး၊ အလုပ်သမားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ တိုင်ဖိုး၊ ကြိုးဖိုး)အပါဝင် စုစုပေါင်းကုန်ကျစရိတ်မှာ (၄)သိန်းခန့်ကုန်ကျကြောင်း၊ ပေါ်ဦးပေါ်ဖျား သခွားသီးတစ်လုံးလျှင် (၁၀၀)ကျပ်မှ (၁၅၀)ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ သခွားတစ်ဧကလျှင် အလုံးအရေအတွက် ခြောက်ထောင်ကျော်ခန့်ထွက်ရှိ ကြောင်း၊ စိုက်ပျိုးပြီးစီးသည်မှစ၍ အသီးပေါ်ခူးဆွတ်ချိန်ထိ တစ်လခွဲခန့်ကြာကြောင်း၊ အကျိုးအမြတ်အားဖြင့် ဈေးနှုန်းအတက်အကျပေါ်မှုတည်၍ (၂၅၀၀၀၀)ကျပ်မှ (၃၀၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ အသီးခူးဆွတ်ရောင်းချချိန်တွင် ဝက်ပုတ်ကုန်စိမ်းဒိုင်မှ ခြံအရောက် လာရောက်ဝယ်ယူမှုများရှိပြီး ယင်းမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကြောင်း သခွားစိုက်ပျိုးတောင်သူထံမှသိရပါသည်။
DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းမြို့နယ်မှ“ဇင်ဦး”ဝါးလက်မှုလုပ်ငန်း

         နိုင်ငံတော်မှ ယခုအခါ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs  လုပ်ငန်းများကိုမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်  နိုင်ငံတစ်နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးသည် အငယ်စားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အရေးပါသည့်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)၊ ကုန်ကြမ်းမှသည်  ကုန်ချောဆီသို့ တန်ဖိုးမြှင့်ထုတ်ကုန် (Value-add) အထိထုတ်လုပ်၍ ဈေးကွက်အရောက် တင်ပို့ထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။

            ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ်တလင်းမြို့နယ်၊ ကုန်းကြီးကျေးရွာတွင် အသေးစားထုတ်ကုန်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းမှပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့်  “ဇင်ဦး” ဝါးလက်မှုထည်လုပ်ငန်းမှ ဝါးကုန်ကြမ်းကိုအသုံးပြု၍ ပန်အိုး၊ နာရီ၊ Tissue Box၊ ဘော့လ်ပင်ထည့်ခွက်၊ ဝါးကုတင်၊ ဝါးယင်းလိပ်၊ ပန်းခြံအလှဆင်ဝါးမီးတိုင် စသည့်  အိမ်သုံးပရိဘောဂ၊ အိမ်သုံး၊ ရုံးသုံးနှင့် လူသုံးကုန်ပစ္စည်းများကို မှာယူသူများစိတ်ကြိုက် ဒီဇိုင်းစုံလင်စွာပြုလုပ်ရောင်းချလျက်ရှိပါသည်။

            ဝါးကုန်ချောလက်မှုထည် ပြုလုပ်ရန်အတွက် တင်းဝါး၊ မျှင်ဝါး၊ ကြသောင်းဝါး၊ ထီးရိုးဝါး၊ ဝါးဘိုးဝါးနှင့် ဝါးနက်ဝါး စသည့် ဝါးအမျိုးအစားများကိုအသုံးပြုပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ၊ တတိယအပတ်တွင် တင်းဝါးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ မျှင်ဝါးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊   ကြသောင်းဝါးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ ထီးရိုးဝါးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဝါးဘိုးဝါးတစ်လုံးလျှင် (၁၀၀၀၀)ကျပ်၊ ဝါးနက်ဝါးတစ်လုံးလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ဝယ်ယူအသုံးပြုကြောင်းနှင့် ပြုလုပ်သည့်ပစ္စည်းအမျိုးအစားပေါ်မှုတည်၍ ဝါးအမျိုးအစားခွဲခြားအသုံးပြုကြောင်းသိရပါသည်။

            ဝါးကုန်ကြမ်းကို ကုန်ချောလက်မှုထည်များပြုလုပ်ရန်အတွက် ပထမဦးစွာ ပြုလုပ်မည့်ပစ္စည်းပေါ်မူတည်၍ ဖြတ်တောက်ပြီး ကျောက်ချဉ်၊ ဆား၊ ကော့စတစ်တို့ကို ရေဆူဆူတွင်ထည့်၍ ပြုတ်ပေးရပါသည်။ ထို့နောက် အခြောက်ခံခြင်းများပြုလုပ်ပေးရပါသည်။ အခြောက်ခံခြင်းပြုလုပ်ပြီးနောက်မှ လက်မှုထည်များကိုပြုလုပ်ကြပါသည်။ ထိုသို့ ပြုလုပ်ပြီးသား လက်မှုထည်များကို  တစ်ရက်ခန့်နေလှန်းပေးရပါသည်။ နေလှန်းပြီးသားအထည်များကို အချောထည်ပြုလုပ်ရန်အတွက်   ကော်ပတ်တိုက်ပြီး ဆေးသုတ်ပေးရကြောင်းသိရပါသည်။

           ဈေးနှုန်း၊ ဈေးကွက်အနေဖြင့် ဝါးပန်းအိုးတစ်လုံးလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်၊ နာရီတစ်လုံးလျှင် ၁၃၅၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ တစ်ရှုးဘောက်တစ်ခုလျှင် ၈၀၀၀ကျပ်၊ ဘောလ်ပင်ထည့်ခြင်းတစ်ခုလျှင် ၄၅၀၀ကျပ်၊ ဝါးယင်းလိပ် ၄ပေ - ၆ပေ တစ်ချပ်လျှင် ၄၅၀၀၀ကျပ်နှုန်းဖြင့် မှာယူသူများစိတ်ကြိုက် ပြုလုပ်ရောင်းချလျက်ရှိကြောင်းနှင့် ဈေးကွက်ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းတိုးချဲ့သွားရန်ရှိကြောင်းသိရပါသည်။

               ဝါးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ကြီးထွားမှုမြန်ဆန်ခြင်း၊ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေခြင်းအပြင် မြန်မာနိုင်ငံ နေရာဒေသအနှံ့တွင် ပေါက်ရောက်လေ့ရှိသည့် သဘာဝဝါးသယံဇာတကို ကုန်ချောထုတ်လုပ်၍ ဈေးကွက်အတွင်းရောင်းချခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိပြီး ဝင်ငွေများလည်းပိုမိုတိုးပွားလာနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း