Main menu

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော မြေပဲလုံးဆံဖြူဈေးနှုန်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ ကျေးရွားတွင် စပါး၊ ဆီထွက်သီးနှံများနှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးရောင်းချလျက်ရှိပြီး မြေပဲကိုအဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရပါသည်။ မြေပဲမှာ လုံးဆံဖြူနှင့် လုံးဆံနီဟူ၍ နှစ်မျိုးရှိပြီး ပဲကြော်ဖိုများနှင့် ဆီစက်များက အများဆုံးဝယ်ယူလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော မြေပဲလုံးဆံဖြူဈေးနှုန်းမှာ (၅၀) ကျပ်သားလျှင် (၄၁၅၀) ကျပ်ဖြင့်လည်းကောင်း၊ (၁)ပိသာလျှင် (၈၃၀၀) ကျပ်ဖြင့်လည်းကောင်းရောင်းချလျက်ရှိကြောင်း မြေပဲဆံဖြူအရောင်း အဝယ်လုပ်သူများထံမှ သိရပါသည်။ ယခင်ပတ်ဈေးနှုန်းမှာ (၁) ပိသာလျှင် (၈၀၀၀) ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၃၀၀)ကျပ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)