Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆေးဖက်ဝင်သောအာတာလွတ်ဥသီးနှံ

    အာတာလွတ်ဥများသည်   မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်ပင်သီးနှံ များအဖြစ် စိုက်ပျိုးပြီး တစ်နှစ်၊ နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၈-၁၂)လ အကြာတွင် တူးဖော်ရကြောင်း၊  အာဟာရပြည့်ဝသော    အရသာမှာဆိမ့်ဆိမ့်လေးရှိပြီး မုန့်နှင့် အတူ စားသုံးလေ့ရှိကြောင်း၊ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် အစာချေစနစ်ကောင်းမွန်စေပြီး အစာချေစနစ်ကိုကောင်းမွန်စေ၍ သွေးလည်ပတ်မှုနှုန်းမြင့်မားစေသလို နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းစသောအကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။ သံဓာတ်နှင့် ပရိုတင်းဓာတ် များကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများကိုသန်မာစေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုကာကွယ် ပြီးသကြားဓာတ်အားထိန်းပေးကြောင်း၊ နှလုံးကျန်း မာရေးအတွက် ကောင်းမွန်စေခြင်းဖြင့် ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင် ပေးကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ်တွင် မြင်းခြံမြို့ အေးမြသီတာ ဈေး၌ ရောင်းချနေသော အာတလွတ်ဥ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်ပေါက် ဈေး      များဖြင့်ရောင်းချကြောင်း ဆီးချို‌ရောဂါသမားများအတွက် အထောက်အကူသောကြောင့် ဆေးဖက်ဝင်သော ရာသီပေါ် အာတာလွတ်ဥများကို စားသုံးသင့်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

 

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော  ဝက်အူချောင်း ဈေးနှုန်း

      ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်အူချောင်းဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

      ကျွန်းလှမြို့ ယခု စက်တင်ဘာလ တတိယပတ်တွင် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၆၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင် (၄၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်အူချောင်းရောင်းချသူထံမှ  သိရပါသည်။

DOCA(စစ်ကိုင်း)

အနည်းငယ်ကျဆင်းလာသော ငရုတ်သီးခြောက် ဈေးနှုန်း

     ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

      ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ တတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုတ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုတ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင် (၁၆၀၀)ကျပ် နှင့် ငရုတ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

နှမ်းဈေးနှုန်းဈေးကွက်

   နှမ်းကို ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိက အပူပိုင်းဒေသတို့တွင် ဆီထွက်သီးနှံအဖြစ် ကျယ်ပြန့်စွာ စိုက်ပျိုးကာ အရေးပါသည့် သီးနှံ ဖြစ်သည်။မက်ဒါဂါစကာ၊ အာရေဗီးယား၊ သီရိလင်္ကာနှင့် ဩစတြေးလျ အပူပိုင်းဒေသတို့တွင် သဘာဝ အလျောက် ပေါက်ရောက်သည်။မြန်မာနိုင်ငံတွင် နှမ်းကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့တွင်ထွန်ယက်စိုက်ပျိုးကျပါသည်။ နှမ်းကို အဓိကအားဖြင့် ကမ္ဘာမိုးရက်ကျသည့် စက်တင်ဘာလ တွင်စိုက်ပျိုးကျပါသည်။ တစ်ဧကလျှင် နှမ်း ၂ပြည်မှ၄ပြည် ထိကျဲ၍စိုက်ပျိုး နိုင်ပါသည်။ နှမ်း တစ်ဧက စိုက်ပျိုးရန်အတွက် ထွန်ယက်ခ ၂သိန်းကျပ်အထိ ရှိကြောင်း နှမ်းစိုက်တောင်သူတစ်ဦးဆီမှ သိရှိရပါသည်။ နှမ်း စိုက်ပျိုးရန်အတွက် တစ်ဧကကုန်ကျစရိတ်စုစုပေါင်း(-)သိန်း အထိရှိပါသည်။ ယခုအခါတွင် နှမ်း ၁ပိဿာလျှင် (၅၈၀၀-၆၀၀၀)ကျပ်ဈေးနှုန်း အထိရှိကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း များအရ သိရှိရပါသည်။ 

DOCA(မန္တလေး)

မြင်းခြံမြို့နယ်၏ဈေးနှုန်းကျဆင်းလာသောပဲစဉ်းငုံ

   မြင်းခြံမြို့နယ်သည် ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံနှင့်  ကြက်သွန်နီသီးနှံများ စိုက်ပျိုးလျက် ရှိရာ ပဲစဉ်းငုံသီးနှံကိုလည်း တောင်သူများအနေဖြင့် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသတွင်းစိုက်ပျိုးသောမျိုးမှာပဲစဉ်းငုံအဖြူမျိုးနှင့် အနီမျိုးများကိုသာစိုက်ပျိုးကြောင်း၊ စိုက်ပျိုး ချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လကျော် ကြာမြင့်ကြောင်း၊ မေလနှင့် ဇွန်လတို့တွင်စတင်စိုက်ပျိုးပြီး၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ တောင်သူများအနေဖြင့် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင်လှိုင်လှိုင်ထွက်ရှိသော ပဲစဉ်းငုံများကို မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့‌ ရောင်းချကြောင်း၊ ပဲအစိုဓာတ်ကုန်ဆုံးသော မတ်လနှင့် ဧပြီလတို့တွင် စတင်သိုလှောင် ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၂၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၇၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လတတိယပတ်တွင် ပဲစဉ်းငုံဖြူတစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၈၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ပဲစဉ်းငုံဖြူ တစ်တင်းလျှင် (၅၀၀၀) ကျပ်၊ ပဲစဉ်ငုံနီတစ်တင်းလျှင် (၆၀၀၀) ကျပ်ခန့်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊  မြင်းခြံမြို့နယ်အတွင်းရှိ ပွဲရုံများမှ ပဲစဉ်ငုံများကို ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြောင်း၊ ကုန်စည်ဒိုင်မှ တာဝန်ရှိသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် မျှစ်စိမ်း နှင့် မျှစ်ပြုတ်  ဈေးနှုန်း ပြန်လည် မြင့်တက်လျက်ရှိ  

       ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

    စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့်  မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခု စက်တင်ဘာလ တတိယပတ်အတွင်း မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့်  မျှစ်စိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ၅၀၀ ကျပ်မြင့်တက်လာကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းကျဆင်းလာသောကန်စွန်းဥ

   မြင်းခြံမြို့နယ်အတွင်းရှိ ရွာစည်ရွာတွင် ကန်စွန်းဥစိုက်ဧက(၅)ခန့်စိုက်ပျိုးထားကြောင်း၊ ဒေသအတွင်း စားသုံးရန်အတွက်လိုအပ်သော ကန်စွန်းဥများကို  တံတားဦးမြို့နှင့် ကျောက်ဆည်မြို့ တို့မှဝယ်ယူ၍ ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း၊  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် ကန်စွန်းဥ ၅၀ ကျပ်သားလျှင် (၂၇၀၀) ကျပ်၊ တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ခန့်ပေါက်‌ ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်လဩဂုတ်လတတိယပတ်တွင် ကန်စွန်းဥ ၅၀ ကျပ်သားလျှင် (၃၀၀၀) ကျပ်၊တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချခဲ့ကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခင်လထက် ယခုလတွင် ကန်စွန်းဥ ၅၀ ကျပ်သားလျှင် (၃၀၀) ကျပ်၊ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ထိုသို့ဈေးနှုန်း ကျဆင်း ခြင်းမှာ  ဈေးကွက်တွင် ကန်စွန်းဥများ ပေါများစွာထွက်ပေါ်ချိန် ဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်း ဖြစ်ကြောင်း၊ အရည်အသွေး အသီးလတ်ဆတ်ပါက ဈေးနှုန်းအနည်းငယ် ကွားခြားကြောင်း၊ နေ့စဉ်ကုန်ချိန် (၁၀-၁၅) ပိဿာခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပုဇွန်ထုပ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုပ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး ပုဇွန်ထုပ်များကို  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ  တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုပ် ဈေးနှုန်းများ အနေဖြင့် ပုဇွန်ထုပ် လက္ကားဈေး()ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ ပုဇွန်ထုပ် လက်လီဈေး()ပိဿာလျှင် (၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် အရောင်း အဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

တရုတ်နံနံဈေးနှုန်းဈေးကွက်

   မြင်းခြံမြို့သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိ၍  ဥယျဥ်ခြံမြေလုပ်ငန်း များလုပ် ကိုင် လျက်ရှိပြီး ဓါးကျွန်းကျေးရွာ၊ တလုပ်ကျေးရွာနှင့် ဆင်ချောင်းကျေးရွာတို့တွင် မိသားစု တစ်နိုင် တစ်ပိုင် စားဝတ်နေရေးအတွက် ဟင်းခက်အမွှေးအကြိုင်အဖြစ်အသုံးပြုသော တရုတ်နံနံများ စိုက်ပျိုးထားကြောင်းသိရှိရသည်။  စိုက်ခင်းများမှထွက်ရှိသော တရုတ်နံနံများကို အေးမြသီတာဈေးသို့ တောင်သူများကိုယ်တိုင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော တရုတ်နံနံတစ်စီးလျှင် (၃၀၀)ကျပ်ပေါက် ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း ဟင်းခက်အမွှေးအကြိုင်ဖြစ်သောကြောင့်စားသုံးမှုများပြီး စားသောက်ဆိုင်များမှ ဝယ်ယူမှုများပြားကြောင်း  တောင်သူ၏ပြောပြချက်အရသိရှိရသည်။ ကျန်းမာရေးအကျိုးအကျေးဇူးအနေဖြင့် တရုတ်နံနံကိုစားသုံးခြင်းဖြင့် သွေးတိုးကျခြင်း၊ ခေါင်းကိုက်သက်သာခြင်း၊ စိတ်လှုပ်ရှားမှု ကိုလျော့ချပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးကိုအထောက်အကူ ပြုသော ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ပဲလင်းမြွေသီးဈေးနှုန်း

   ပဲလင်းမြွေပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းများတွင်သာ စိုက်ပျိုးဖြစ်ထွန်းပြီး တောင်ပေါ်အေးသော ဒေသများ တွင် စိုက်ပျိုး၍မရပါကြောင်း သိရသည်။ မြွေပုံစံရှိသောကြောင့် ပဲလင်းမြွေသီး ဟုခေါ်ခြင်း ဖြစ်သည်။ ချိုတဲ့အရသာရှိပြီး  ချက်စား၊ ကြော်စားပြီး ကြက်သားအစာသွပ်ပြုလုပ်၍ ချက်စား ခြင်း၊ အမဲသားအစာသွပ်ပြုလုပ်၍ ချက်စားခြင်း၊ ပုဇွန်ခြောက်ဖြင့်နှပ်စားခြင်း စသည့်ဖြင့် အမျိုးမျိုး ချက်စားကြသောကြောင့် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်ပါသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် ပဲလင်းမြွေသီး အရှည်နှစ်တောင်ခန့် တစ်ချောင်းလျှင် (၂၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိရာ ရာသီပေါ်သီးနှံဖြစ်ပြီး နူးညံ့ချိုစိမ့်၍ လူကြိုက်များသောကြောင့် အရောင်းအဝယ်သွက်ကြောင်းနှင့် အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း ကုန်စိမ်းနှင့်သီးနှံရောင်းချသောဆိုင်များမှ သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း