Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၅ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၈၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်၊မဂျမ်းတော တစ်ပြည် (၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

     ကြက်သွန်နီ တစ်ပိဿာလျင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ၃၀၀၀ကျပ်မှ  ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၃၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၇၀၀)ကျပ်၊ (သေး)တစ်လုံး (၆၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၂၂၀၀၀ကျပ်မှ ၂၆၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

          ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက စားသုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိပြီး ၊ကျန်သီးနှံနှင့် အသားငါးများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ဟင်းနုနွယ်ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ 

    ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ဟင်းနုနွယ်ရွက်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဟင်းနုနွယ်ရွက် (၁)စည်းလျှင် (၂၀၀)ကျပ်၊ ဟင်းနုနွယ်ရွက် (၃)စည်းလျှင် (၅၀၀)ကျပ်၊ ဟင်းနုနွယ်ရွက်(၂၅)ကျပ် သားပါ(၁)ထုပ်လျှင် (၅၀၀)ကျပ်နှင့် ဟင်းနုနွယ်ရွက်(၁)ပိဿာပါ(၁)ထုပ်လျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဟင်းနုနွယ်ရွက်များကို အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင် များမှလည်း ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ၊ ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ရွှေဖရုံသီးနှင့် ကြက်ဟင်းခါးသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီး (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ရွှေဖရုံသီးစိတ် (၁)စိတ်လျှင်(၁၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး(၁)ပိဿာ လျှင်(၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း ကုန်စိမ်းရောင်းချ သည့်လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

                                                                  

ကန့်ဘလူမြို့ ဒေသထွက်သင်္ဘောသီး ဈေးနှုန်းအခြေအနေ

    သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် သင်္ဘောပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြ သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် သင်္ဘောသီးအစိမ်း (၁)ပိဿာလျှင်(၁၅၀၀)ကျပ်၊(၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ သင်္ဘောသီးမှည့်အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း သင်္ဘောသီးမှည့်ကို စားသုံးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် ရောင်ရမ်းမှုကိုကျဆင်းစေခြင်း၊ အရွယ်တင်နုပျို စေခြင်းနှင့် ရောဂါများကို နှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သင်္ဘော သီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့်  အထောင်းစုံရောင်းသည့် ဆိုင်များမှဝယ်ယူကြသဖြင့် သင်္ဘောသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ရာသီစာ  မန်ကျည်းသီးစိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် မန်ကျည်းပင်များကို အခြားစားပင်သီးပင်များ ကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိသော်လည်း ကန့်ဘလူမြို့နယ်နေရာအနှံ့အပြားတွင် အများအပြား လေ့ကျပေါက်ရောက်ကြသည်။  မန်ကျည်းပင်သည် အေးမြသော အရိပ်ကိုပေးသည့်အပြင်  အရွက်၊ အသီး၊ အခေါက် တစ်ပင်လုံးနီးပါး လူတို့အတွက် အသုံးဝင်ပါသည်။ လယ်တော၊ ယာတောများနှင့် မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် မန်ကျည်းသီးစိမ်းနှင့်မန်ကျည်းရွက်နုများကို ကန့်ဘလူမြို့မဈေးတွင် လာရောက်ရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၂၂၀၀) ကျပ်၊မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာတစ်ခုဖြစ်သည့် မန်ကျည်းသီးစိမ်းများအား အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ ထမင်းဆိုင်များတွင်လည်း အသုံးပြုကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မျှစ်ခြောက်၊ မျှစ်စိမ်းနှင့် မျှစ်ပြုတ်

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ဈေးကွက်အတွင်း ရောင်းချလျက်ရှိပြီး၊  မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော မျှစ်စိမ်းနှင့် မျှစ်ပြုတ် ဈေးနှုန်းအနေဖြင့်  မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင်း ပထမအပတ်ထက် မျှစ်စိမ်း တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မျှစ်သည်ရှားပါးပြီး အရသာမှာ အဆိမ့်ဓါတ်ပိုပြီး စားကောင်းသောအချိန်ဖြစ်သည့်အတွက် ဈေးမြင့်တက်သော်လည်း  အရောင်းအဝယ် ဖြစ်လျက်ရှိပြီး၊ မျှစ်ခြောက်ဈေးနှုန်းအနေဖြင့် မျှစ်ခြောက် တစ်ပိဿာလျှင် (၂၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၆၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု စက်တင်ဘာလ ဒုတိယပတ်တွင် မျှစ်ခြောက်ဈေးနှုန်းအနေဖြင့် မျှစ်ခြောက် တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင် အပတ်ထက် မျှစ်ခြောက်ဈေးနှုန်း တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ မုံလာထုပ်၊ မုံညှင်းရွက်၊ ခရမ်းကဆော့သီး၊ ကြက်ဟင်းခါးသီး၊  ခရမ်းသီးများ ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးပင်များကို  နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရ သည်။ ကင်းပုံသီးနှင့် ပဲတောင့်ရှည်သီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပဲတောင့်ရှည်သီးများကို ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိ ကြောင်း၊ကင်းပုံသီးများကို နို့ဆီဘူး(၁)ဘူးလျှင်(၅၀၀)ကျပ်၊ (၁)ပြည်လျှင် (၃၈၀၀)ကျပ်နှင့် ပဲတောင့် ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်သီး(၅)တောင့်ပါ (၁)စည်းလျှင်(၄၀၀)ကျပ်၊ (၁၀)စည်းပါ(၁)ထုံး လျှင်(၃၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၀၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၅၀)ကျပ်ဖြင့် လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်သီး(အသေး)(၁)လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ် အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးနှင့် ဘိုစားပဲသီးများကို မန္တလေး မြို့မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်၌ ကန့်ဘလူ မြို့မဈေးတွင် ပန်းငရုတ်ပွသီး(၁)လုံးလျှင်(၅၀၀)ကျပ်၊ (၂)လုံးလျှင်(၈၀၀)ကျပ်၊ (၄)လုံးလျှင် (၁၅၀၀)ကျပ်၊ ဘိုစားပဲသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

       ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် စက်တင်ဘာလ ဒုတိယပတ် တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်(၁၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်၊သီးမွှေး ငှက်ပြောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်ထိ၊ ဖရဲသီး(ကျောက်စိမ်း) တစ်လုံးလျင် (၁၀၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ၊  မာလကာသီး တစ်လုံးလျှင်(၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ နှင်းသီး တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ထောပတ်သီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ ၊ထောပတ်သီး (Hass) (1kg)လျှင် (၄၅၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ဩဇာသီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ(၁၅၀၀)ကျပ်ထိ၊ လိမ္မော်သီး တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ စပျစ်သီး အစေ့လွတ် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ် အသီးသီး အရောင်းအဝယ် ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း