
ကျွန်းလှမြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်း များထဲမှ ပုဇွန်ထုပ် ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပြီး ပုဇွန်ထုပ်များကို ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ တစ်ဆင့်ဝယ်ယူရောင်းချကာ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စားဖွယ်စုံရောင်းချသည့် ဆိုင်မျာမှ ဝယ်ယူအသုံးပြုနေသည့်အတွက် ဈေးကောင်းရရှိနေကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကျွန်းလှမြို့၏ ပုဇွန်ထုပ် ဈေးနှုန်းများ အနေဖြင့် ပုဇွန်ထုပ် လက္ကားဈေး(၁)ပိဿာလျှင်(၆၈၀၀၀)ကျပ်၊ ပုဇွန်ထုပ် လက်လီဈေး(၁)ပိဿာလျှင် (၇၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၈၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း ငါး/ပုဇွန် အရောင်း အဝယ်လုပ်ကိုင်သူထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)