Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သီးနှံဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်းဆက်လက်ကျဆင်း

      မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်လည်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

   ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးသည့်ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူ ရောင်မျိုးဟူ၍ (၂)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၄၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၂၀၀၀)ကျပ်နှင့် ညံ့လျှင်(၇၁၅၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခုလ တတိယပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင်(၄၀၀၀)ကျပ်နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၃၅၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း၊ ဒေသထွက်ပဲစဉ်းငုံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရသည်။

Doca(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းမြင့်တက်လာသည့် အစေ့ထုတ်ပြောင်း

                     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကိုလုပ်ကိုင်လျက်ရှိရာ ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့်  အစေ့ထုတ် ပြောင်းကို ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင်လည်း စိုက်ပျိုး ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် C.P.808နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း အစေ့ထုတ်ပြောင်း()တင်းလျှင် (၂၄၂၀၀) ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း အစေ့ထုတ်ပြောင်း()တင်းလျှင် (၁၂၀၀) ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှု နည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၈ ) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက် ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ မြင်းမူနှင့် တောင်သာဒေသတို့မှ ကြက်သွန်နီ (၈၄၆၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၃၈၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၈၀၀ ၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၁၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၅၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၄၅၀၊ မြင်းမူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၅၀၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၉၀၀ ၊ အကြီးမှာ ကျပ် ၁၁၀၀ ဈေးတို့အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူ ၊ မြင်းခြံ၊ မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီနေကြာသီးနှံဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာဟူ၍(၂)မျိုးရှိ ကြောင်း၊ ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးလျက်ရှိသည့် နေကြာမျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ သွင်းအားစုနှင့် မြေအနေအထားအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း နေကြာ(၁) တင်းလျှင်(၅၄၀၀၀)ကျပ်၊ နေကြာညံ့လျှင် (၅၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံကို ဆီကြိတ်၍ ကုန်ချောထုတ်လုပ်မှုရှိပြီး ပိုလျှံသော သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းများထံမှ သိရပါသည်။

Doca(စစ်ကိုင်း)

 ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်းမြင့်တက်

     ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ နှမ်းသီးနှံကို ဒေသတွင်း၌ဆီကြိတ်သော်လည်း ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများသို့ အဓိကတင်ပို့ကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၃၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တတိယပတ်အတွင်း နှမ်းနက်(၁)တင်းလျှင် (၁၀၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ သီးနှံဈေးနှုန်းမှာ နေ့စဉ်ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့ပဲဈေးကွက်၌ ထောပတ်ပဲဈေးနှုန်းဆက်လက်မြင့်တက်

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိ ကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၄၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ထောပတ်ပဲသီးနှံ(၁)တင်းလျှင် (၅၀၀)ကျပ် ဈေးနှုန်းဆက်လက်မြင့်တက်လာကြောင်း၊ ထောပတ်ပဲသီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

 

 ကန့်ဘလူမြို့နယ်၌ စွန်တာနီ(ပဲနီ)ဈေးနှုန်းအနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုး လျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာ နှင့်အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

     ၂၀၂၅ ခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၀၄၅၀၀)ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း၊ ဩဂုတ်လ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း စွန်တာနီ(ပဲနီ)(၁)တင်းလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ပွဲရုံလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပဲဈေးကွက်၌ ကုလားပဲဈေးနှုန်း ဆက်လက်ကျဆင်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ သီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ကုလားပဲကို ဆောင်းရာသီ၌ အများဆုံးစိုက်ပျိုးကြောင်း သီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၂၀၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၅၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၇၇၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ကုလားပဲ(929)(၁)တင်း လျှင် (၅၀၀)ကျပ်၊ (V2)(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် (V7)(၁)တင်းလျှင် (၁၅၀၀)ကျပ် ဆက်လက် ကျဆင်းနေကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံပွဲရုံများထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြအနေ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်ဈေးအတွင်း အခြေခံစားသောက် ကုန်ဈေးနှုန်းများဖြစ်သော ဆန်ကြမ်း/ဆန်ချော အမျိုးအစားများအလိုက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၊ နောက်ဆုံးပတ်တွင် ဧည့်မထတစ်ပြည်လျှင် (၃၂၀၀ မှ ၄၀၀၀) ကျပ်ထိ၊ ငစိန်တစ်ပြည်လျှင် (၂၆၀၀) ကျပ်၊  ဇီယာတစ်ပြည်လျှင်(၃၁၀၀ မှ ၃၄၀၀) ကျပ်ထိ၊  ပေါ်ကျွဲတစ်ပြည်လျှင် (၄၇၀၀) ကျပ် ၊ ပုသိမ်ပေါ်ဆန်းတစ်ပြည်လျှင် ( ၅၀၀၀) ကျပ် ၊  ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် (၄၈၀၀) ကျပ် ၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည်လျှင် (၆၉၅၀ မှ ၆၆၀၀ )ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါ သည်။

        အလားတူ စားဖိုဆောင်သုံးစားသောက်ကုန်များတွင် ဆီ(စားအုန်းဆီ)  တစ်ပိဿာ(၆၇၀၀)  ကျပ်၊  ပဲဆီ တစ်ပိဿာ ၂၁၀၀၀ ကျပ် ၊ ကြက်သွန်နီ တစ်ပိဿာ (၂၃၀၀) ကျပ် ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာ (၁၂၀၀၀) ကျပ် ၊ (အမွှာ) တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ (ဥတလုံး) တစ်ပိဿာ (၂၃၀၀၀) ကျပ်တို့ဖြစ်ပြီး အာလူးတစ်ပိဿာ ၅၅၀၀ ကျပ်၊ နနွင်းမှုန့်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ နနွင်းတက် တစ်ပိဿာ ၉၀၀၀ ကျပ်၊ အိုင်အိုဒင်းဆားတစ်ပိဿာ ၂၅၀၀ ကျပ် ၊  ရိုးရိုးဆား တစ် ပိဿာ (၂၀၀၀)ကျပ်၊  မန်ကျည်းသီးမှည့် တစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ငရုပ်တောင့်(ရှည်) တစ် ပိဿာ (၁၄၀၀၀) ကျပ်၊ ငရုပ်တောင့်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊  မြန်မာပဲနီလေးတစ်ပိဿာ (၁၅၀၀၀) ကျပ်၊  ပဲဝါလေးတစ်ပိဿာ (၇၀၀၀) ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာ (၆၈၀၀) ကျပ်၊ ချင်းတစ်ပိဿာ (၅၀၀၀)ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း မွေးမြူရေးကြက်တစ်ပိဿာ (၂၁၀၀၀) ကျပ်၊ မြန်မာကြက်တစ်ပိဿာ (၃၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၄၀၀၀)ကျပ်၊ ဘဲသား တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၄၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာ (၂၄၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ‌ရေချိုငါးခူတစ်ပိဿာ (၃၅၀၀၀) ကျပ်၊ မွေးမြူရေးငါးခူတစ်ပိဿာ (၂၇၀၀၀) ကျပ်၊ ပုဇွန်ထုပ် (ကြီး)တစ်ပိဿာ (၆၀၀၀၀)ကျပ်၊ ပုဇွန်ထုပ်(လတ်)တစ်ပိဿာ (၅၀၀၀၀) ကျပ်၊ ပုဇွန်ကျော့ တစ်ပိဿာ (၃၀၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ ပင်လယ်ငါးတစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ငါးရံ့တစ်ပိဿာ( ၃၅၀၀၀ )ကျပ်၊ ငါးကျည်းတစ်ပိဿာ (၃၈၀၀၀) ကျပ် ၊ ရေချို ငါးသလောက်တစ်ပိဿာ (၃၅၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (ကြီး)တစ်ပိဿာ (၁၅၀၀၀၀) ကျပ်၊ ပုဇွန်ခြောက်(လတ်)တစ်ပိဿာ (၁၂၀၀၀၀) ကျပ် ၊ ပုဇွန်ခြောက် (သေး) တစ်ပိဿာ (၁၀၀၀၀၀) ကျပ် ၊ ငါးရံ့ခြောက်တစ်ပိဿာ (၉၀၀၀၀) ကျပ် ၊ ငါးကျည်းခြောက် တစ်ပိဿာ (၉၅၀၀၀) ကျပ်၊ ငါးပိကောင်တစ်ပိဿာ (၂၅၀၀၀၀) ကျပ် ၊ အာဗြဲခြောက်တစ်ပိဿာ (၄၅၀၀၀) ကျပ်တို့ ဖြစ် ကြောင်း  သိရှိရပါသည်။

ဟင်းသီးဟင်းရွက်များမှာ ကန်စွန်းရွက် တစ်စီး (၈၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး (၂၅၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်( ၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၃၀၀၀) ကျပ်၊ ခရမ်းသီး တစ်လုံး (၄၀၀) ကျပ်၊ ဘူးသီး တစ်လုံး (၄၀၀၀) ကျပ်၊ ရှောက်သီး တစ်လုံး (၁၀၀၀) ကျပ်၊ မုန်လာဥ တစ်စီး (၈၀၀) ကျပ်တို့ဖြစ်ကြောင်း ၂၇.၈.၂၀၂၅ ရက်နေ့၏ ဈေးကွက်တွင်ဖြစ်ပေါ်နေ သောဈေးနှုန်းများဖြစ်ကြောင်း သိရှိရပါသည်။

          ဆန်နှင့် စားအုန်းဆီမှာ ရည်ညွှန်းဈေးအပေါ် အခြေခံရောင်းချရသော ဈေးနှုန်းများဖြစ်ပြီး အသား/ငါးများမှာ အလုပ်သမားရှားပါး၍ သယ်ယူစရိတ်ကြီးမြင့်ကြီးတို့ကြောင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်တက်လာပြီး၊ အခြားအခြေခံစားဖိုဆောင်သုံးကုန်ပစ္စည်းများမှာ ဈေးကွက် အတွင်း ကုန်စည်ဝင်ရောက်မှုနည်းသဖြင့် ယခင်လထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လာ ကြောင်း ဈေးကွက်သတင်းရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်၌ ဈေးနှုန်းကျဆင်းနေသည့် ကြက်သွန်ဖြူ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

             ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံး ကြီး(၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ ဗမာဖြူ(၁)ပိဿာလျှင်(၅၀၀၀မှ ၇၀၀၀)ကျပ်နှင့် ဗမာဖြူ(၁၀) ကျပ်သားလျှင် (၇၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများသည် အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကို အသုံး ပြုသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA (စစ်ကိုင်း)

                                                                                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း