Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော  ရုံးပတီသီး၊ မုံလာထုတ်(ခေါ်)ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ခါကြက်ဥ၊ ဘိုစားပဲသီး၊ ရွှေပဲသီး၊ ပဲသီးတောင့်ရှည်၊ ကြက်ဟင်းခါးသီး၊ ကင်းမုံသီး ၊ မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ရွှေဖရုံသီး၊ ဘူးသီး၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက် နှင့် ပဲလင်းမြွေသီး(ခေါ်)ဗုံလုံသီး တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီးဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းအနေဖြင့် ဂေါ်ရခါးသီး တစ်လုံးလျှင်(၈၀၀/၇၀၀)ကျပ်၊ မုံလာထုတ် တစ်ထုတ်လျှင်(၃၀၀၀/၃၅၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင်(၃၅၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ) တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်ပိဿာ (၈၀၀)ကျပ်၊ ကန်ဇွန်းရွက် တစ်စီးလျှင်(၁၀၀)ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး  ထိုင်ဝမ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ဘူးသီး တစ်လုံးလျှင် (၂၀၀၀)ကျပ် ကင်းမုံသီး တစ်ပြည်လျှင်(၄၅၀၀)ကျပ်၊ ပဲလင်းမြွေသီး တစ်တောင့်လျှင် (၇၀၀/၈၀၀/ ၅၀၀)ကျပ်၊ မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မယ်ဇလီဖူး နို့ဆီ(၁)ဘူးလျှင်(၄၀၀)ကျပ်၊ခရမ်းသီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ပဲသီးတောင့်ရှည်(၅)တောင့်ပါ တစ်စည်းလျှင်(၃၀၀)ကျပ်၊ မျှစ်စိမ်း တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀) ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာ လျှင်(၃၅၀၀)ကျပ်၊ ကုလားအော် ငရုပ်သီးစိမ်း တစ်ပြည်လျှင်(၁၀၀၀၀) ကျပ်၊ ရိုးရိုးဗမာပြောင်းဖူး တစ်ဖူးလျှင် (၂၅၀/၃၀၀) ကျပ်နှင့် ဘိုစားပဲသီး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ယခုရာသီတွင် ဈေးပေါနေသော သံပုရာသီး  

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခုလို နွေရာသီတွင် သံပုရာသီး အနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော သံပုရာသီး အလုံးအကြီး/အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၀၀) ကျပ်၊ အလတ်(၁)လုံးလျှင်(၁၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀)ကျပ် ဈေးနှုန်း တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော  ဝက်သား ဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

     ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယအပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝက်သားရောင်းချထံမှ  သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ် နှင့် မုန့်ဟင်းခါးဖတ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ မုန့်တီစိမ်း(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် မုန့်တီစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် မုန့်တီသုပ် တစ်ပွဲလျှင်(၁၅၀၀)ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန့်တီစိမ်း၊ မုန့်ဟင်းခါးဖတ်အစိမ်းတို့ကို မိမိတို့မြို့နယ်အတွင်းတွင်သာ လက်လီ/လက္ကား ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပန်းတနော် ဝဲဒေါင့်ကျေးရွာတွင် GW-11 စပါးရိတ်သိမ်းထွက်ရှိ

   ပန်းတနော်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးဧက (၁၄၁၂၄၄) စိုက်ပျိူးပြီးစီးလျက်ရှိပြီး ၂၀၂၅ စက်တင်ဘာလ ၁၃ရက်နေ့တွင် ပန်းတနော်မြို့နယ် ကွင်းအမှတ် ၅၆၆ တွင် GW-11 စပါးရိတ်သိမ်းနေပြီးဖြစ်ကြောင်း နယ်မြေကွင်းဆင်းချက်များအရ သိရသည်။

    ရိတ်သိမ်းထွက်ရှိမှု အခြေအနေမှာ GW-11 စပါး ၁ဧက စိုက်ပျိုးထွက်ရှိမှုမှာ တင်း ၅၀-၆၀ကြား ထွက်ရှိကြောင်း၊ စပါးလက်ကရှိကွင်းဈေး တင်း၁၀၀ အနေဖြင့် (၉၇၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ စပါးရိတ်သိမ်းမှု ကုန်ကျစရိတ်အနေဖြင့် ၆၇၀၀၀၀ကျပ် ကုန်ကျကြောင်း၊ လက်ရှိစပါးများရိတ်သိမ်းပြီး ချွေလှေ့ နေလှန်းအခြောက်ခံကာ မြို့နယ်အတွင်း စက်များသို့ ရောင်းချကြိတ်ခွဲသွားမည်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူထံမှ သိရသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့မှ မန်ကျည်းသီးစိမ်း ဈေးနှုန်းကျဆင်းလျက်ရှိ

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှ ဝင် ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် မန်ကျည်းသီးစိမ်း များကို ဒေသထွက်ဖြစ်သည့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီး နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ကျေးရွာအချို့တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ဈေးများအတွင်း ရောင်းချ နေသည့်  မန်ကျည်းသီးစိမ်း ဈေးနှုန်းမှာ တစ်ပြည်လျှင်(၂၃၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင် (၃၀၀)ကျပ် နှင့် မန်ကျည်းသီးစိမ်း(၁)ပုံလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်ပတ်ထက် မန်ကျည်းသီးစိမ်း ဈေးနှုန်း တစ်ပြည်လျှင်(၂၀၀၀)ကျပ် ကျဆင်းပြီး  အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ရာသီချိန်ကုန်၍ ရှားပါးပြီး ရောင်းအားကောင်းနေသည့် ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် ရိုးရိုးဗမာပြောင်းဖူးပင်များကို မိမိတို့ တောင်ယာများတွင် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော ရိုးရိုးဗမာပြောင်းဖူး ဈေးနှုန်းအနေဖြင့် ရိုးရိုးဗမာပြောင်းဖူး အဖူးကြီး တစ်ဖူးလျှင်(၃၀၀)ကျပ်၊(၂)ဖူးလျှင်(၅၀၀)ကျပ် နှင့် အဖူးသေး တစ်ဖူးလျှင် (၂၅၀/၂၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၄/၅)ဖူး ဈေးနှုန်းတို့ဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ပဲစိမ်းကြော် ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ပဲစိမ်းကြော် ထုတ်များကို ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ပဲစိမ်းကြော်ထုတ် ဈေးနှုန်းအနေဖြင့် ပဲစိမ်းကြော် တစ်ထုတ် လျှင်(၇၀၀)ကျပ်၊ (၃)ထုတ်လျှင်(၂၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၆၈၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပဲစိမ်းကြော်များကို ရေဦးမြို့ နှင့် ပြင်ဦးလွင်မြို့(၂၁)မိုင်တို့မှ မှာယူရောင်းချကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ပင့်ကူသစ်ခွပန်းပျိုးပင် နှင့် ပင့်ကူသစ်ခွပန်းပွင့်များ စိုက်ပျိုးရောင်းချလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် ၊ မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ခွပန်းပင်အမျိုးမျိုးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြီး အပင်ပေါက်နှင့် အပွင့်များကို ရောင်းချလျက်ရှိပြီး ဝင်ငွေရရှိလျက်ရှိကြောင်း သိရပါသည်။

    ပင့်ကူသစ်ခွပန်းများကို မြေဘောင်တင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိပြီး တိုင်ထောင် ပေးရသော သစ်ခွမျိုးဖြစ်ပါသည်။ ပင့်ကူသစ်ခွပန်းသည် အရောင်များမှာ အဝါရောင်၊ ကြက်သွေးရောင် တို့ရှိပြီး အလှူပွဲ၊ မင်္ဂလာပွဲများတွင် ရောင်းရသလို တရားပွဲများ တွင်ပန်းအလှဆင်ရန် ပန်းအိုးထိုးရန် အတွက်လည်း အသုံးပြုကြပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့၏ ပင့်ကူသစ်ခွပန်းပျိုးပင် ဈေးနှုန်းနှင့် ပင့်ကူသစ်ခွပန်းအပွင့် ဈေးနှုန်းအနေဖြင့် ပင့်ကူသစ်ခွပျိုးပင် တစ်ပင်လျှင်(၅၀၀၀)ကျပ်ဈေးနှုန်းရှိပြီး ပင့်ကူသစ်ခွပန်းပွင့် တစ်ပွင့်လျှင်(၁၀၀)ကျပ်၊ ငွေကျပ်(၅၀၀၀)ဖိုးလျှင်(၆)ပွင့် နှင့် ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၂)ပွင့်တို့ဖြင့် ရောင်းချကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းမြင့်တက်လာသော နှမ်းပျစ်ယိုဈေးနှုန်း

   ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင်နှမ်းပျစ်ယို များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နှမ်းပျစ်ယို ဈေးနှုန်းအနေဖြင့် နှမ်းပျစ်ယို တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ (၁၅)ကျပ်သား လျှင်(၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း