Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

 ကျွန်းလှမြို့တွင် ရောင်းချနေသော နနွင်းတက်နှင့် နနွင်းမှုန့်အစစ် ဈေးနှုန်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ  ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင် အနေဖြင့် လည်းကောင်း ၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုး ကြပါသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်း မှာ တစ်ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ နနွင်းမှုန့်အစစ် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀) ကျပ်သား လျှင်(၉၀၀၀)ကျပ် အနေဖြင့်လည်ကောင်း၊ (၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် ဈေးသည်ထံမှ  သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

 

အပတ်စဉ် ပြောင်းလဲနေသော စက်သုံးဆီဈေးနှုန်း

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

     စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှိဘဲ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင် (၃၁၀၆) ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၆)ကျပ်၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာ လျှင်(၂၇၅၅)ကျပ် နှင့် ဒီဇယ် (ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၃၅၄)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ်လီတာ လျှင်(၂၀)ကျပ်၊ 95တစ်လီ တာလျှင်(၁၅)ကျပ် ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၁၄)ကျပ်၊ ဒီဇယ်(ပရီမီယမ်) PHSDတစ်လီတာလျှင်(၄)ကျပ် ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော စကားဖြူပန်းနှင့်စကားဝါပန်း ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စက်တင်ဘာလ တတိယပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၄၀၀)ကျပ်၊ စကားဖြူပန်း(၅)ကုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဝါပန်း (၂)ကုံးလျှင်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စကားဝါပန်းသည် စိုက်ပျိုးရောင်းချသူပေါသည့်အတွက် ဈေးအနည်းငယ်ဖြင့်ရောင်းချပြီး စကားဖြူပန်းသည် စိုက်ပျိုးသူ နည်းပြီး ရှားပါးသည့်အတွက် စကားဝါပန်းထက် ဈေးပိုကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော  ဟင်းကြွက်နားတောင်းရွက် နှင့် ငရံ့ပလူရွက် ဈေးနှုန်း

   ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များ အပြင် အခြားဒေသမှ ဝင်ရောက် သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကာ ဟင်းကြွက်နားတောင်းရွက်ပြုတ်နှင့် ငရံ့ပလူရွက်ပြုတ်တို့ကိုလည်း ရောင်းချလျက် ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  ဟင်းကြွက်နားတောင်းရွက်ပြုတ် ဈေးနှုန်းမှာ (၁၀)ကျပ်သားခန့် (၁)လုံးလျှင် (၀၀)ကျပ်ဟင်းကြွက် နားတောင်းရွက်ပြုတ်(၁)ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ငရံ့ပလူရွက် ဈေးနှုန်းမှာ ငရံ့ပလူရွက် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၁၀)ကျပ် သားခန့် တစ်လုံးလျှင်(၄၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး မိုးရွာသွန်းသည့်အတွက် လှိုင်လှိုင်ထွက်ရှိပြီး ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခါကြက်ဥ နှင့် မုန့်ညင်းထုတ် ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ငရုပ်သီးစိမ်း၊ ခဝဲသီး၊ ဗုံလုံသီး သင်္ဘောသီး ကင်မုံသီး၊ ကြက်ဟင်းခါးသီးနှင့်  ခါကြက်ဥ(ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင် ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

     ၂၀၂၅ ခုနှစ်၊ ယခု စက်တင်ဘာလ တတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော  ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(တရုတ်ဥ)တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း  မုံညှင်းထုတ် ဈေးနှုန်းအနေဖြင့် မုံညှင်းထုတ် တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၅၀ကျပ်သား လျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ် ဈေးနှုန်း

    ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ တိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းအနေဖြင့် ကွမ်းသီးစိတ် (ရှယ်စ) တစ်ပိဿာ လျှင်(၃၅၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်စ)တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(ညံ့) တစ်ပိဿာ လျှင်(၂၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်ပတ်ထက် ကွမ်းသီးစိတ် ရှယ်စ နှင့် အလတ်စ တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကျွန်းလှမြို့  ကုန်မျိုးစုံ ရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင်  ရောင်းချနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

    ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အသေးစ တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့်  (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်သွန်နီ ဈေးနှုန်း အနေဖြင့်  ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၅၀၀/၁၃၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ပုသိမ်ဒေသထွက် ဩဇာသီးများ ဈေးကွက်ဝင်ရောက်မှုများပြား၊ စားသုံးသူများအဆင်ပြေ

  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှာ ဒီနှစ်အတွက် ဩဇာသီးအထွက်နှုန်းဟာ ရာသီဥတု ကောင်းမွန်တဲ့အတွက် အရင်နှစ်တွေကထက် ပိုမိုကောင်းမွန်နေတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရှိရပါသည်။  ထို့ကြောင့် ဈေးကွက်ထဲမှာ  ဩဇာသီးတွေပေါပေါများများရရှိနေပြီး  ဈေးနှုန်းလည်းတည်ငြိမ် နေတယ်လို့  သိရှိရပါ သည်။

            ပုသိမ်ခရိုင်အတွင်းမှာ ဩဇာပင်တွေကို အများဆုံးစိုက်ပျိုးတဲ့ဒေသတွေကတော့ ပုသိမ်မြို့နယ် အပြင် ကန်ကြီးထောင့်နဲ့ ကျုံပျော်မြို့နယ်တွေ ဖြစ်ပါတယ်။ အဆိုပါဒေသကထွက်ရှိတဲ့ ဩဇာသီးတွေကို ပုသိမ်မြို့ပေါ်မှာရှိတဲ့ မြို့မဈေး၊  ဈေးလေး၊  ကမ်းနားဈေး၊  ဘူတာဈေးအပါအဝင် လမ်းဘေးဈေးသည်များထံ မှာလည်း ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။  ဒေသတွင်းဈေးကွက်အပြင် ပုသိမ်ကနေ ရန်ကုန်မြို့ကိုလည်း ပုံမှန်တင်ပို့ရောင်းချလေ့ရှိပါသည်။  ရန်ကုန်-ပုသိမ်ကားလမ်းမတစ်လျှောက်မှာရှိတဲ့ လမ်းဘေးဆိုင်တွေမှာ လည်း ဩဇာသီးတွေကိုအများအပြားရောင်းချနေတာကို တွေ့ရှိရပါသည်။ လက်ရှိပုသိမ်မြို့ဈေးတွေမှာ ဩဇာသီးအလုံးကြီးတစ်လုံးကို ကျပ် ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေပါသည်။  ပုံမှန်အားဖြင့် ဩဇာသီးဟာနွေရာသီအကုန် မိုးရာသီအစောပိုင်းမှာ အထွက်များလေ့ရှိပါသည်။ ပုသိမ်မြို့ရဲ့ဩဇာသီး ဈေးကွက်ဟာ ဒေသတွင်းထွက်ရှိမှုပေါ်မှာ အဓိကမူတည်တဲ့အတွက် ရာသီဥတုသာယာပြီး အထွက်နှုန်း ကောင်းမယ်ဆိုရင် ဈေးနှုန်းတွေသာဆက်လက်တည်ငြိမ်နေမယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ကြပါသည်။

 DOCA (ဧရာဝတီ)

 

 

ပုသိမ်မြို့မှာ‌ ရေကြီးရေလျှံမှုကြောင့် ခဝဲသီးအထွက်နှုန်း သိသိသာသာကျဆင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ခဝဲသီးအထွက်နှုန်း သိသိသာသာကျဆင်းသွားတယ်လို့ ခဝဲသီးစိုက် တောင်သူများထံမှ သိရှိရပါသည်။

    ခဝဲသီးစိုက်ပျိုးတဲ့ ဧကအများအပြားမှာ ရေနစ်မြုပ်ခဲ့တဲ့အတွက် အသီးတင်ချိန်မှာပင် အပင်တွေ ပုပ်သိုးပျက်စီးခဲ့တာကြောင့် တောင်သူတွေအတွက် အရှုံးပေါ်ခဲ့ရပါသည်။ ပုံမှန်အားဖြင့် ခဝဲသီးတစ်ဧကကို ပိဿာချိန်ထောင်နဲ့ချီထွက်ရှိလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ရေ‌ဘေးကြောင့် အထွက်နှုန်းဟာထက်ဝက်ကျော် အထိလျော့ကျသွားတယ်လို့ ဒေသခံတောင်သူတွေထံမှသိရှိရပါသည်။ ဒီအခြေအနေကြောင့် ပုသိမ်ဒေသထွက် ခဝဲသီးဈေးနှုန်းဟာလည်း ယခင်နှစ်တွေထက် ပိုမိုမြင့်တက်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ ယခုပုသိမ်မြို့ ဘူတာဈေးတွင် ခဝဲသီးတစ်တောင့်ကို အရွယ်အစားအလိုက် ၈၀၀ကျပ်မှ ၁၀၀၀ကျပ် နှုန်းထိ ရောင်းချလျက်ရှိပါသည်။ ဒေသတွင်းစိုက်ပျိုးရေးဌာနကလည်း တောင်သူတွေရဲ့ဆုံးရှုံးမှုအတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့စီစဉ်နေတယ်လို့သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မုံရွာမြို့၊ အခြေခံစာသောက်ကုန်များဖြစ်သည့် ဆားနှင့် သကြားဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုပေါ်ရှိ ကုန်စုံဆိုင်မျာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆား၊ သကြား ၊ ငပိ၊ ငါးခြောက်နှင့် အခြား စားသောက်ကုန်များရောင်းချလျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ဆားဈေးနှုန်းမှာ လက်ကားဈေး (၅၀) ကျပ်သာလျှင် (၁၀၀၀) ကျပ်ဖြင့်လည်းကောင်း လက်လီဈေး (၅၀)ကျပ်သာလျှင် (၁၂၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်ကား (၁) ပိသာလျှင် (၂၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ လက်ကား (၁)ပိသာလျှင် (၂၂၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိ ကြောင်းသိရပါသည်။ သကြားဈေးနှုန်းမှာ လက်လီ (၅၀) ကျပ်သားလျှင် (၂၇၅၀) ကျပ်ဖြင့်လည်းကောင်း၊ လက်ကား (၅၀) ကျပ်သားလျှင် (၃၂၅၀) ကျပ်ဖြင့်လည်းကောင်း၊ လက်လီ(၁) ပိသာလျှင် (၅၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်ကား (၁)ပိသာလျှင် (၆၀၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း