Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးရှိ စကားဝါပန်းနှင့် စကားဖြူပန်းဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါပန်းနှင့် စကားဖြူပန်းမျိုးမှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါပန်း၊ စကားဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်အဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊  စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါပန်း(၁)ကုံးလျှင်(၄၀၀)ကျပ်၊ စကားဝါပန်း(၂)ကုံးလျှင် (၇၀၀)ကျပ်၊ စကားဖြူပန်းသည် အဝင်နည်းသည့်အတွက် (၁)တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူ ပန်း(၃)ကုံးလျှင် (၁၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ စက်တင်ဘာဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စကားဝါပန်းဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ပန်းမျိုးစုံရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးတွင် ရောင်းချနေသည့် စားတော်ပဲပြုတ်နှင့် ပဲနီရေပွဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများအပြင် စွန်တာနီ(ခေါ်)ပဲနီနှင့် စားတော်ပဲတို့ကိုပြုတ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ စားတော်ပဲပြုတ်ကို လဖက်ရည်ဆိုင်များနှင့် စားသုံးသူများက ဝယ်ယူကြောင်း၊ ပဲနီရေပွနှင့် စားတော် ပဲပြုတ်တို့ကို ရပ်ကွက်နှင့်ကျေးရွာများတွင် စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် လှည့်လည်ရောင်းချသူများကို ဖောက်သည်ပေးရသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးတို့သည် နံနက်စာ ထမင်းဆီဆမ်းပူပူလေးနှင့် စားတော်ပဲပြုတ်ကို တွဲဖက်စားသုံးကြသလို ကောက်ညှင်းပေါင်းနှင့်လည်း တွဲဖက်စားသုံးကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ပဲနီရေပွ(၁)ပြည်လျှင် (၄၅၀၀)ကျပ်၊ နို့ဆီဗူး(၁)ဘူးလျှင် (၆၀၀)ကျပ်နှင့် စားတော်ပဲပြုတ် (၁)ပန်းကန်လျှင်(၃၀၀)ကျပ်၊ (၂)ပန်းကန်လျှင် (၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲပြုတ်ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ဂေါ်ရခါးသီးနှင့် သခွားသီးဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဒေသထွက်သီးနှံများအပြင် ဂေါ်ရခါးသီးများနှင့် သခွားသီးများကို မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းအဝယ်ဖြစ်သည့် ဂေါ်ရခါးသီးဈေးနှုန်းများမှာ  အလုံးကြီး(၁)လုံးလျှင်(၇၀၀)ကျပ်၊  အလတ်(၁)လုံးလျှင်(၆၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်၊ သခွားသီးအကြီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ အသေးတစ်လုံး လျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုတတိယပတ်အတွင်း ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာ ကြောင်း ကုန်စိမ်းသီးနှံမျိုးစုံရောင်းချသည့်  လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။       

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော သီးသီးနှင့် ဩဇာသီး ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ သီးသီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင်နှင့် မာလကာသီးပင်များကိုလည်း စိုက်ပျိုးကြသည့်အနက် သီးသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ သီးသီးဈေးနှုန်းအနေဖြင့် သီးသီး အကြီး တစ်လုံးလျှင်(၁၀၀)ကျပ်၊ အသေး(၅၀)ကျပ်၊ (၂၀၀)ဖိုး (၅)လုံးဈေးနှုန်းတို့ဖြင့် ရောင်းချလက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော သီးသီးဈေးနှုန်းအနေဖြင့် သီးသီး အကြီး တစ်လုံးလျှင်(၁၀၀)ကျပ်၊ (၂၀၀)ဖိုး(၃)လုံး၊ အသေး (၅၀)ကျပ်၊ (၁၀၀)ဖိုးလျှင် (၃)လုံးဈေးနှုန်းတို့ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်ထက် သီးသီးဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ ဩဇာသီး  ဈေးနှုန်းအနေဖြင့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဩဇာသီး အကြီးတစ်လုံးလျှင်(၃၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုး(၃)လုံး၊ အသေး တစ်လုံးလျှင်(၂၅၀/၂၀၀)ကျပ်၊ ငွေကျပ်(၁၀၀၀)ဖိုးလျှင် (၄/၅)လုံး ဈေးနှုန်းတို့ဖြင့် ရောင်းချလက်ရှိပြီး ဩဇာသီးကို လူကြီး/ လူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် သစ်မင်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

    ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် တစ်လမ်းမှ အပိုဝင်ငွေရရှိရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချနေသော သစ်မင်းပျိုးပင် ဈေးနှုန်းများမှာ သစ်မင်းပျိုးပင် နှစ်ပေခွဲ တစ်ပင်လျှင်(၁၀၀၀၀)ကျပ်၊ အသေး တစ်ပေဆိုက် တစ်ပင်လျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုပေါ်ဆန်း ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

      ရွှေဘိုခရိုင်အတွင်း စက်တင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုပေါ်ဆန်း စပါး/ဆန် ဈေးနှုန်းများ တည်ငြိမ်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်စီးထွက်မှုမှာ ရန်ကုန်သို့ (၄၈၉၅၆)အိတ်၊ မန္တလေးသို့ (၇၅၅၈)အိတ်၊ မိတ္ထီလာမြို့သို့ (၆၅၀)အိတ်၊ကျောက်ပန်းတောင်းမြို့သို့ (၁၈၅)အိတ်၊ ရှမ်းပြည်နယ် တောင်ပိုင်းသို့ (၅၃၁၀)အိတ်၊မူဆယ်သို့(၃၆၀)အိတ်၊ နေပြည်တော်သို့ (၁၀၅၀)အိတ်၊ပဲခူးသို့ (၄၂၈၀)အိတ်၊ ပြည်မြို့သို့ (၁၀၈၀)အိတ်၊ တောင်ငူသို့ (၃၇၀)အိတ်၊ ကရင်ပြည်နယ် ဘားအံသို့(၁၁၁၅)အိတ်၊ ကချင် ပြည်နယ်သို့ (၄၃၅၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၉၀၅)အိတ်၊ မကွေးတိုင်းသို့ (၁၃၁၀)အိတ်၊ ကယားပြည်နယ်သို့ (၃၁၅)အိတ်၊ စုစုပေါင်းအိတ်ရေ(၈၄၇၉၄)၊တန်အားဖြင့် (၄၂၄၀)တန် စီးထွက်ခဲ့ပါသည်။

    ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးနှင့် ဂွေးချိုသီးဈေးနှုန်း

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိအမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ် နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။

          စက်တင်ဘာလ ပထမပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၁၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၂၀၀) ကျပ်၊  ဂွေးချိုသီး (၁၅)လုံးပါ တစ်ထုပ်လျှင် (၇၀၀)ကျပ် ရောင်းလျက်ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၉၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၀၀၀) ကျပ်၊  ဂွေးချိုသီး (၁၅)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ် ရောင်းလျလျက်ရှိပြီး ဈေးနှုန်းများအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ကျဆင်းလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြောင်းသိရပါ သည်။ စိုက်ပျိုးလျက်ရှိသော  ရာသီပေါ်သီးနှံများနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် ဩဇာသီး၊ ငှက်ပျောသီး၊ ဂွေးသီး၊ ဇီးဖြူသီး၊ မန်ကျည်းသီး၊ ရုံးပတီသိး၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်သီး၊ ပဲလင်းမြွေသီးနှင့် အုန်းသီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

        ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း()ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး၊  စက်တင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းအနေဖြင့် သင်္ဘောသီးစိမ်း()ပိဿာလျှင်(၁၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် သင်္ဘောသီးစိမ်းဈေးနှုန်း ထက်ဝက်ကျဆင်းလျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော  မလိုင်လုံး နှင့် ကုလားပဲချောင်း ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် မလိုင်လုံး၊ မလိုင်ချောင်းနှင့် ကုလားပဲချောင်းများကို မန္တလေးမြို့တို့မှ တဆင့် မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကုန်မျိုးစုံ ရောင်းချသည့် ဆိုင်များတွင် မလိုင်လုံး နှင့် ကုလားပဲချောင်းများကို ရောင်းချလျက်ရှိရာ မလိုင်လုံး ဈေးနှုန်းမှာ မလိုင်လုံး တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင် (၆၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကုလားပဲချောင်း(၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် ကုလားပဲချောင်း (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချ နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ဈေးနှုန်းကျဆင်းလာသော ဝက်အူချောင်း ဈေးနှုန်း

         ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်အူချောင်းဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

        ကျွန်းလှမြို့ စက်တင်ဘာလ ပထမပတ်၏ ဝက်အူချောင်း တစ်ပိဿာလျှင်(၄၈၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၂၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၂၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၄၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင် ဝက်အူချောင်း တစ်ပိဿာ လျှင်(၄၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၁၅၀၀)ကျပ် နှင့် (၁၀)ကျပ် သားလျှင်(၄၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ကားလမ်းများပွင့်လာသည့်အတွက် ယခင်အပတ်ထက် ဝက်အူချောင်းဈေးနှုန်း တစ်ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဝက်အူချောင်းရောင်းချသူထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း