
အာတာလွတ်ဥများသည် မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ငဖဲမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကြောင်း၊ နှစ်ရှည်ပင်သီးနှံ များအဖြစ် စိုက်ပျိုးပြီး တစ်နှစ်၊ နှစ်ကြိမ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၈-၁၂)လ အကြာတွင် တူးဖော်ရကြောင်း၊ အာဟာရပြည့်ဝသော အရသာမှာဆိမ့်ဆိမ့်လေးရှိပြီး မုန့်နှင့် အတူ စားသုံးလေ့ရှိကြောင်း၊ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် အစာချေစနစ်ကောင်းမွန်စေပြီး အစာချေစနစ်ကိုကောင်းမွန်စေ၍ သွေးလည်ပတ်မှုနှုန်းမြင့်မားစေသလို နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်းစသောအကျိုးကျေးဇူးများရှိကြောင်း သိရှိရသည်။ သံဓာတ်နှင့် ပရိုတင်းဓာတ် များကြွယ်ဝစွာပါဝင်သောကြောင့် အရိုးများကိုသန်မာစေကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်၍ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်းကိုကာကွယ် ပြီးသကြားဓာတ်အားထိန်းပေးကြောင်း၊ နှလုံးကျန်း မာရေးအတွက် ကောင်းမွန်စေခြင်းဖြင့် ကယ်လိုရီနည်းပြီး ကိုယ်ခံအားကိုမြှင့်တင် ပေးကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလစတုတ္ထပတ်တွင် မြင်းခြံမြို့ အေးမြသီတာ ဈေး၌ ရောင်းချနေသော အာတလွတ်ဥ တစ်ပိဿာလျှင် (၆၅၀၀) ကျပ်ပေါက် ဈေး များဖြင့်ရောင်းချကြောင်း ဆီးချိုရောဂါသမားများအတွက် အထောက်အကူသောကြောင့် ဆေးဖက်ဝင်သော ရာသီပေါ် အာတာလွတ်ဥများကို စားသုံးသင့်ကြောင်းသိရှိရသည်။
DOCA(မန္တလေး)