Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၏ရာသီစာ ထောပတ်ပဲ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

           ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသော ကျေးရွာများတွင် ထောပတ်ပဲများကို စိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားထောပတ်ပဲအစိုများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ဇန်နဝါရီလဒုတိယပတ်အတွင်း ထောပတ်ပဲ(၁)ပြည်လျှင် ၆၂၀၀ကျပ်၊ ထောပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၈၀၀ ကျပ်နှင့် နို့ဆီဗူး(၂)လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ထောပတ်ပဲ(၁)ပြည်လျှင် ၁၅၀၀ကျပ်နှင့် ထော ပတ်ပဲနို့ဆီဗူး(၁)ဗူးလျှင် ၂၀၀ ကျပ်ကျဆင်းသွားကြောင်း၊ ရာသီစာဖြစ်သည့်အတွက် ထောပတ်ပဲအစိုများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ဇီးချိုသီးဈေးနှုန်း /ဈေးကွက်အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

           ယခင် ဇန်နဝါရီလ ပထမပတ်တွင် ဒေသထွက် ဇီးချိုသီးခြံမှ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ဖောက်သည်ယူ၍ရောင်းချခြင်းနှင့် မန္တလေးမြို့တို့မှ ဇီးချိုသီး ပိဿာချိန်(၁၀)ပိဿာဝင် တစ်ဖာလျှင် (၂၅၀၀၀)ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ဇီးချိုသီဈေးနှုန်း များမှာ မန္တလေးမြို့မှ မှာယူရသော ဇီးချိုသီးမှာ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်နှင့် ၇၅ ကျပ်သားခန့် တစ်ထုတ်လျှင်(၃၅၀၀)ကျပ်၊ ‌ ဒေသထွက်ဇီးချိုသီး တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ၂၅ကျပ် သားလျှင် (၁၅၀၀) ကျပ်ဈေးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော စပျစ်သီးဈေးနှုန်း /ဈေးကွက်အခြေအနေ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ ၁၀ ကျပ်သား လျှင်(၂၅၀၀)ကျပ်ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင် မြေပဲလုံးဆံနှင့်မြေပဲအတောင့်များ ဈေးငြိမ်နေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြောင်း၊ မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲလုံးဆံများကို မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယိုပြုလုပ်ခြင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ကို ပြုလုပ်ကြကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံနှင့် မြေပဲအတောင့်များသည် ဒေသတွင်းမှလည်းထွက်ရှိကြောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့များမှလည်း ပြန်လည်ဝင်ရောက်ကြောင်း သိရသည်။

             ကန့်ဘလူခရိုင်တွင် ဇန်နဝါရီလပထမပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၀၀၀၀ - ၃၃၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ် (၁၂၅၀၀၀- ၁၃၀၀၀၀)ဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ရာ ယခုလဒုတိယပတ်အတွင်း မြေပဲအတောင့်နှင့် မြေပဲလုံးဆံဈေးများမှာ ဈေးငြိမ် လျှက်ရှိကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင်ဖြစ်ပေါ်နေသော ကုလားပဲဈေးနှုန်း၊ ဈေးကွက် အခြေအနေ

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး မိုးသီးနှံ၊ ဆောင်းသီးနှံများအပြင် သီးထပ် သီးညှပ်များလည်း စိုက်ပျိုးကြကြောင်း၊ ပြည်တွင်းစားသုံးမှုရှိသလို ပြည်ပပို့ကုန်လည်းဖြစ်သည့် ကုလားပဲသီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။

           ကန့်ဘလူမြို့နယ်တွင် ကုလားပဲသီးနှံကို ဒီဇင်ဘာလကုန်တွင်စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းရကြောင်း၊ ကုလားပဲသီးနှံမျိုးမှာ ထိုင်ဝမ်မျိုး၊ (929)မျိုးနှင့် (V2)မျိုးဟူ၍ (၃)မျိုးရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလပထမပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် ငွေကျပ်(၈၅၀၀၀)၊ ကုလားပဲ(929)(၁)တင်းလျှင်ငွေကျပ်(၈၈၀၀၀)နှင့် ကုလားပဲ(V2)(၁)တင်းလျှင် ငွေကျပ်(၉၀၀၀၀)ဖြင့် အရောင်းဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုလဒုတိယပတ်တွင် ကုလားပဲထိုင်ဝမ်(၁) တင်းလျှင် ငွေကျပ်(၈၃၀၀၀)၊ ကုလားပဲ(929)(၁)တင်းလျှင်ငွေကျပ်(၈၇၀၀၀)နှင့် ကုလားပဲ(V2) (၁)တင်းလျှင် ငွေကျပ်(၉၀၀၀၀)ဖြင့်ရောင်းဝယ်လျက်ရှိရာ ကုလားပဲ ထိုင်ဝမ်(၁)တင်းလျှင်(၂၀၀၀) ကျပ်နှင့် ကုလားပဲ(V2)(၁)တင်းလျှင် (၁၀၀၀)ကျပ် ကျဆင်းသွားကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်တွင်ဖြစ်ပေါ်နေသော ပဲစဉ်းငုံဈေးနှုန်း၊ ဈေးကွက် အခြေအနေ

          မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့် အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

           ပဲစဉ်းငုံသီးနှံသည် ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံတစ်ခုဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံကို ဇူလိုင်လတွင်စတင်စိုက်ပျိုးပြီး ဇန်နဝါရီလတွင် ရိတ်သိမ်းရကြောင်း၊ မြေအနေအထား နှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း၊ ပဲစဉ်းငုံသီးနှံမျိုးမှာ အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးဟူ၍(၂)မျိုးရှိပြီး ဈေးနှုန်းအနေဖြင့် ဇန်နဝါရီလပထမပတ်အတွင်း ပဲစဉ်းငုံ နီ(၁)တင်းလျှင်ငွေကျပ် ၁၀၀၀၀၀- ၁၀၃၀၀၀နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ် ၉၀၀၀၀ - ၉၃၀၀၀ ရှိခဲ့ရာ ယခုလဒုတိယပတ်တွင် ပဲစဉ်းငုံနီ(၁)တင်းလျှင် ငွေကျပ်၉၀၀၀၀- ၉၅၀၀၀နှင့် ပဲစဉ်းငုံဖြူ(၁)တင်းလျှင် ငွေကျပ် ၈၅၀၀၀ - ၈၇၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခု ပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် ၈၀၀၀ ကျပ်၊ ပဲစဉ်းဖြူ(၁)တင်းလျှင် ၆၀၀၀ ကျပ်  ကျဆင်းသွား ကြောင်း ၊ ဒေသထွက်ပဲစဉ်းငုံများကို ကန့်ဘလူမြို့နှင့်ဇီးကုန်းမြို့တို့ရှိ ပွဲရုံများမှတဆင့် ရွှေဘိုမြို့၊ မန္တလေးမြို့တို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ မြို့မဈေးအတွင်းရှိ ကြက်သားဈေးနှုန်း

          ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာ အသားငါးဈေးနှုန်းများထဲမှ ကြက်သား ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။

          ကြက်သားများသည် မွေးမြူးရေးကြက်နှင့် ဗမာကြက်ဟူ၍ နှစ်မျိုးရောင်းချရာ  မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး ဈေးကွက်အတွင်းသို့ ရောင်းချရာတွင်  ဇန်နဝါရီလ ဒုတိယပတ်၏ ကြက်သားဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှုန်း လက်လီ ဈေး(၃၅၀၀၀)ကျပ် နှင့် ကြက်အရိုးအစုံ ဈေးနှုန်းအနေဖြင့် လက်လီဈေး(၁၅၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော လိမ္မော်သီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥနှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီးဈေးနှုန်းများမှာ ရွှေလိမ္မော်သီး(၁)လုံးလျှင်(၈၅၀)ကျပ်၊ (၅၀၀၀)ဖိုးလျှင်(၇)လုံး၊ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၆၀၀၀)ကျပ်ဈေးဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ထောပတ်သီး ဈေးနှုန်းဈေးကွက်

               စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးနှင့် သံလမ်းဈေးအတွင်းတွင်  ထောပတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

              ဈေးကွက်အတွင်းရောင်းချနေသော ထောပတ်သီးများကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း )  တောင်ကြီး၊ ဟိုပုံ၊ ညောင်‌ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို စသည့်ဒေသများမှ တင်သွင်းကြောင်းသိရသည်။

          ယခုဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသော ထောပတ်သီးဈေးနှုန်းမှာ ထောပတ်သီးအသေး (၁)လုံး လျှင် (၆၀၀) ကျပ်၊ ထောပတ်သီးအလတ်(၁)လုံးလျှင် (၈၀၀) ကျပ်နှင့် ထောပတ်သီးအကြီး (၁)လုံးလျှင် (၁၀၀၀ မှ ၁၂၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ထောပတ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ (ဥစိုက်)ကြက်သွန်နီ ဈေးနှုန်းဈေးကွက်နှင့် ရောင်းဝယ်မှု

            စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

          ယခု ဇန်နဝါရီလ ဒုတိယပတ်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံများ၌ ကြက်သွန်နီအဟောင်းများဝင်ရောက်များ လက်ကျန်နည်းပါး၍ဝင်ရောက်မှုမရှိတောဘဲ  (ဥစိုက်) ကြက်သွန်နီ အသစ် (မိတ်ပြန်)များ  ဒီဇင်ဘာလလယ်ပိုင်း မှစတင်၍ ဝင်ရောက်လျက်ရှိရာ (ဥစိုက်) ကြက်သွန်နီ အသစ်များမှာ မိမိတို့ဒေသတွင်း ကျေးရွာများမှ စိုက်ပျိုးကြသော ကြက်သွန်နီအသစ်များအပြင် မုံရွာမြို့ပွဲရုံများမှ  တစ်ဆင့်မှာယူ၍ ရောင်းချနေရကြောင်း ကြက်သွန်နီ ရောင်းချသော ပွဲရုံတစ်ခုမှ သိရသည်။

             ရွှေဘိုမြို့သို့ (ဥစိုက်)ကြက်သွန်နီသစ်များ  နေ့စဉ် ပိဿာ ၂၀၀၀မှ ၅၀၀၀ကြားခန့် ဝင်ရောက်လျက်ရှိပြီး လက်လီ တစ်ပိဿာလျင် (အကြီး)၃၅၀၀ကျပ်၊ အလတ်(၂၈၀၀) ကျပ် နှင့် အသေး (၂၅၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          အရည်အသွေးအရ တာရှည်အထားမခံ၍ (ဥစိုက်) ကြက်သွန်နီသည် စိုက်ပျိုးမှု နည်းပါးပြီး၊ လှောင်လက်ပွဲရုံများမှ ဝယ်ယူမှုမရှိပဲ နေ့စဉ်အသုံးများသည့် အစားအသောက် ချက်ပြုတ်ရောင်းချသည့် စားသောက်ဆိုင်များနှင့် စားသုံးသူ အိမ်ရှင်မများမှ လက်လီ ဝယ်ယူလျက်ရှိသည့်အပြင် ကြက်သွန်နီ စိုက်ပျိုးမှုမရှိသော မြစ်ကြီးနား ၊ဝန်းသို၊ မိုးညှင်း ၊မိုးကောင်း  စသည့် မြို့များသို့လည်း  တင်ပို့ရောင်းချလျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအတွင်းရှိ ပွဲရုံတစ်ခုမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း