Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကန်စွန်းဥဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ကျေးရွာများနှင့်ရပ်ကွက်ဈေးငယ်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး စာဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကန်စွန်းဥ ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး ဈေးကွက်အတွင်းရောင်းချနေကြောင်း သိရှိရပါသည်။ ကန်စွန်းဥကို ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ မုန့်မျိုးစုံများကိုလည်း ပြုလုပ်စားကြပါသည်။ ကန်စွန်းဥသည်စားကောင်းရုံသာမကကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုပါသည်။ ကန်စွန်းဥမှာ အာဟာဓာတ်များစွာပါဝင်သည့်အတွက် ကိုယ်ခံအားကောင်းမွန်စေခြင်း၊ အမြင် အာရုံများကိုကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုများကိုကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကိုကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်သည့်အတွက် ကန်စွန်းဥများကို စားသုံးသင့်ပါသည်။

          ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကန်စွန်းဥဈေးနှုန်းမှာ တစ်ပိသာလျှင် (၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ခန့် ရှိကြောင်းသိရှိရပါသည်။ ကန်စွန်းဥအပြုတ် (၃)လုံးလျှင် (၁၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ မျှစ်ချဉ်ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စျေးများတွင် မိုးရာသီတွင် အထွက်များသော မျှစ်ချဥ်သည်  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များပေါများသည့်အပြင် စားဖိုသီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာသီ၌သာ ရရှိသောကြောင့် ကျန်ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံးကြသလို ကြော်ချက်၊ အပြုတ်၊ အတို့အမြုပ်အဖြစ်လည်း စားသုံးကြသည်။ ချဉ်သောအရသာရှိ၍ အနံ့ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့် ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်ဖြစ်ပါသည်။

     ၂၀၂၅ခုနှစ်၊ ယခုသြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော မျှစ်ချဥ် ဈေးနှုန်းမှာ (၁၀၀၀၀)ကျပ်နှင့် (၁၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပူစီနံဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ရာသီအလိုက် စားဖိုဆောင်သီးနှံများကိုစိုက်ပျိုးလျက်ရှိရာမှ ပူစီနံများကို အနည်းငယ်မျှသာ စိုက်ပျိုးကြပြီး ခူးဆွတ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ ပူစီနံများကို မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။ ဆောင်းရာသီများတွင်သာ အထွက်များသောကြောင့် ကျန်ရာသီများမှာ ဈေးကြီးပေးကာဝယ်ယူကြရကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ ယခုသြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပူစီနံ ဈေးနှုန်းမှာ တစ်စည်းလျှင် (၅၀၀)ကျပ်ရှိပြီး နံနံပင်တစ်စည်းလျှင်လည်း (၅၀၀)ကျပ်သာရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ပေါ်ရှိ ဆူးပုတ်ရွက်ဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ဆူးပုတ်ရွက်များကို ‌နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ရွက်များကို အိမ်ခြံဝန်းများတွင် နေထိုင်သူများလည်း တနိုင်တပိုင်  စိုက်ပျိုးကြပြီး တောင်ယာများတွင်နေထိုင်ကြသော တောင်သူများလည်း စီးပွားဖြစ်  စိုက်ပျိုး ကြပါသည်။ သားငါးများထက် ရာသီးမရွေးပေါ်ထွက်နေသောသီးနှံများ၊ ရာသီအလိုက် ထွက် ပေါ်နေသောသီးနှံများ ယခုဈေး ကွက်များအတွင်းသို့ ဆူးပုတ်ရွက်များဝင်ရောက်လာသဖြင့် ဝယ်ယူစားသုံးမှုများ၍ စိုက်ပျိုးသူများအရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် အရောင်း အဝယ် များသွက်နေကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ သြဂုတ်လတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၄၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည် ငွေနှင်းမှို ဈေးကွက်အခြေအနေ

        ပြည်ဈေးကွက်အတွင်း ငွေနှင်းမှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရွာဘဲရပ်၊ နဝဒေးရပ်၊ ခေတ္တရာရပ်ကွက်အစုံနှင့် မြို့နယ်နေရာအချို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချနေကြပါသည်။ ပြည်မြို့ပေါ်လက်လီဈေးများသို့ တစ်ပတ်လျှင် ရက်ခြား (၈)ပိဿာမှ (၁၀)ပိဿာခန့်အဝင်ရှိပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။ ငွေနှင်းမှိုကို ကန်စွန်းရွက်နှင့်ရော၍ ချက်စားခြင်း၊ ငရုတ်သီးစိမ်း၊ မျှင်ငပိတို့နှင့် ငပိချက် ချက်၍ စားသောက်ကြပါသည်။ ပြည်မြို့ပေါ် ဈေးကွက်တွင် ငွေနှင်းမှို (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်ရှောက်ချိုသီးများ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီဖြစ်

                         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးကြီးနှင့်  အခြားဈေး များတွင် သစ်သီးဝလံဈေးကွက်အတွင်းအသီးအနှံမျိုးစုံ အသီးအရွက်မျိုးစုံရောင်းဝယ်လျက်ရှိရာ ရာသီစာ သစ်သီးဝလံတစ်မျိုးဖြစ်သော ရှောက်ချိုသီးများ ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။ ရှောက်ချိုသီးများကို ပြည်မြို့နယ် အနီးအနားရှိ ကျေးရွာများဖြစ်သော ပျဉ်းပြင်ကိုင်းကျေးရွာ အတွင်းရှိကွက်များတွင် စိုက်ပျိုးထားသော ရှောက်ချိုသီးများမှ အသီးများကို ပြည်မြို့နယ် အတွင်းရှိ ဈေးများသို့ ရောင်းချကြောင်းသိရသည်။ရှောက်ချိုသီးကို အချဉ်ပေါင်းသယ်နှင့် ကျောင်းဈေးများတွင် ရောင်းချကြောလည်းသိရသည်။ ရှောက်ချိုပင်တစ်ပင်လျှင် အလုံး (၂၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် (၂၀၀)ကျပ်ခန့်ရောင်းချ ရကြောင်းသိရသည်။ ရှောက်ချိုသီးများကို လှီး၍ အတို့ဖြင့်စားကြသလို ငပိ၊ ငံပြာရည်တို့ဖြင့်လည်း သုတ်၍ စားသုံးကြပါသည်။

DOCA(ပဲခူး)

ပြည်မြို့၊မှော်‌ဇာကျေးရွာရှိရွှေဖရုံသီး စိုက်ပျိုးထွက်ရှိမှုနှင့်အကျိုးအမြတ်ရရှိမှုအခြေအနေ

         ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာရှိ တောင်သူ ဦးခင်မောင်ချင်း ၏ (၀.၂၅)ဧကရှိ စိုက်ဧကပေါ်တွင် ဖရုံသီးများ စိုက်ပျိုးထားကြောင်းသိရသည်။ စတင်စိုက်ပျိုးသည့် လမှာ ဇွန်လတွင် စတင်စိုက်ပျိုးရပါသည်။ မျိုးများအနေဖြင့် မျှားနီ၊ ပစ်တိုင်းထောင်မျိုးများကို စိုက်ပျိုးပါသည်။ မျိုးထုတ်ကြီးတစ်ထုတ်လျှင် မျိုးစေ့ (၁၃၀)ခန့်ပါရှိပြီး မျိုး (၂)ထုတ် စိုက်ပျိုးထား ကြောင်းသိရသည်။ စတင်စိုက်ပျိုးသည့်ကာလမှာ (၂)လအကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်ပါသည်။ ဇွန်လတွင် စတင်စိုက်ပျိုးထားသောကြောင့် ယခုဩဂုတ်လတွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရ သည်။ ဖရုံသီးဒိုင်များသို့ အနုသီး၊ အရင့်သီး သောင်းပြောင်းပေးပို့ရသည်။ သောင်းပြောင်းဈေးမှာ တစ်လုံးလျှင် (၅၀၀)ကျပ်ဖြင့် ပေးပို့ရပြီး လက်လီဈေးမှာ တစ်လုံး (၆၀၀ - ၇၀၀)ကျပ်ဖြင့် ရောင်းချ နေပါသည်။ (၃)ရက် (၄)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသည်။ တစ်ခါခူးလျှင် အလုံး (၁၅၀ - ၂၀၀) လောက် ခူးဆွတ်ရပါသည်။ ခူးဆွတ်ချိန် (၂)လလောက်ရှိကြောင်းလည်း သိရသည်။ ဖရုံသီးတွင် အသီးသာမက အညွန့်များကိခူးဆွတ်ရောင်းချနိုင်ကြောင်းသိရသည်။   ဖရုံသီး စိုက်ပျိုးခြင်းဖြင့် အရင်းအနီးသိပ်မများပဲ အကျိုးအမြတ်များစွာရှိသဖြင့် စိုက်ပျိုးသင့် သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးနှုန်းများကျဆင်းလာ၍ ဝယ်လက်များလာသော ပြည်အာလူးဈေးကွက်

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းသို့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ပြည်ပွဲရုံများသို့ အာလူးများ ဆက်တိုက်ဝင်ရောက်လျှက်ရှိပါသည်။ အာလူးအိတ်များမှာ အကြီး၊ အလတ်၊ အသေး အလိုက် ဝင်ရောက်ပြီး အလုံးလှကာ အရည်အသွေးကောင်းသောကြောင့် အာလူး အရောင်းအဝယ် သွက်နေကြောင်းသိရှိရပါသည်။ အာလူးနှင့်ပတ်သက်သော အကြော်နှင့် မုန့်လုပ်ငန်း အရောင်းအဝယ်သမားတို့ အများဆုံးဝယ်ယူနေပြီး လက်လီဈေးများတွင်လည်း ဈေးနှုန်း ကျဆင်းလာ၍ ဝယ်လက်များလာကာ အရောင်းအဝယ်ကောင်းလာကြောင်း သိရှိရပါသည်။  ပြည်ဈေးကွက်တွင် ရောင်းချနေသော အာလူးဈေးနှုန်းများမှာ (ပွဲရုံဈေး) တစ်ပိဿာလျှင် (၄၅၀၀ - ၅၅၀၀)ကျပ်ဈေးဖြစ်ပြီး လက်လီဈေးမှာ အာလူး အကြီး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အလတ် တစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် အသေးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်အသီးသီးရှိပြီး အရောင်းအဝယ်ကောင်းကြောင်းသိရှိရပါသည်။ ဈေးနှုန်းလည်းသင့်တင့်ပြီး အမျိုးအစားကောင်း အာလူးများဖြစ်သောကြောင့် ပွဲရုံများတွင် အာလူးအရောင်းအဝယ်ကောင်းကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိနံနံပင်ဈေးနှုန်းများကျဆင်း

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အတွင်းရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြား ဈေးများတွင် နံနံပင်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး (၁၀)ပင်စည်း တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၂၀၀)ကျထတဖြည်းဖြည်း ကျဆင်းလာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့ အတွင်းရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညို၊ ဝက်ထီးကန်၊ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်ယမျာမကားလမ်းဖြင့်လည်းကောင်း၊ ရထားများဖြင့်လည်းကောင်း ရက်ခြားဝင်ရောက် လာရောက် ရောင်းချကြကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ၁၀ ပင်စည်း တစ်စည်းကို (၂၀၀)ကျပ်နှင့် တစ်ပိဿာလျှငကျပ်(၂၀၀၀၀)နှုန်းများဖြင့် အသီးသီးရောင်းချလျက် ရှိကြောင်းသိရ ပါသည်။ ဈေးနှုန်းချိုသာသောကြောင့် စားသုံးသူပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးမှုများကြောင့် ရောင်းအားတက်လာကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်တွေ့ရခဲသောရှားရှားပါးပါး ကိုင်းဥဈေးကွက်

  ပြည်မြို့တွင် တွေ့ရခဲသော ကိုင်းဥကို ပြည်မြို့၊ မြို့မဈေးကြီးတွင် ရောင်းချနေကြောင်း သိရှိရပါသည်။ ကိုင်းဥကို ရန်ကုန်မြို့နှင့် အခြားမြို့များတွင်သာ ထွက်ရှိရောင်းချနေကြပြီး ပြည်မြို့ အနေဖြင့် ရောင်းချခဲသော ရာသီပေါ်အသီးတစ်မျိုးဖြစ်ပါသည်။ ကိုင်းဥ၏ အရသာမှာ နို့အရသာနှင့် စိမ့်သော အရသာရရှိကြောင်း သိရှိရပါသည်။   ပြည်မြို့တွင် ကိုင်းဥကို နို့ဆီဗူးတစ်ဗူးလျှင် အကြီး (၅၀၀၀)ကျပ်၊ အသေး (၃၀၀၀)ကျပ်နှုန်း ရောင်းချကြောင်း သိရှိရပါသည်။                                                             

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း