
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ ပေါ်ရှိရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင် သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတောင့်ရှည်ကို ကျေးရွာများတွင် ပိုမိုစိုက်ပျိုးကြ ကြောင်း သိရှိရ ပါသည်။ ပဲတောင့်ရှည်ကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။
ယခု၂၀၂၅ခုနှစ် စက်တင်ဘာလ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော ပဲတောင့်ရှည်ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၇၀၀)ကျပ်ရှိပြီး အစီးကြီးတစ်စီးလျှင်(၃၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)